Spots news

ရော်နယ်ဒိုက သူ့ရဲ့ဂိုးသွင်းစံချိန်ကိုချိုးပြီးနောက် အင်စတာဂရမ်မှာ ကလေးကွက်တွေနင်းနေတဲ့ လူလည်ကြီး ပီလီ

ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ပီလီရဲ့ ဂိုးသွင်းစံချိန်ကို ချိုးပြီး သမိုင်းတစ်လျှောက်ဂိုးသွင်းအများဆုံးစာရင်းမှာ ဒုတိယနေရာရောက်လာခဲ့ပါတယ်။

ဘရာဇီးလ်ဂန္နဝင် ကစားသမားကြီး ပီလီကတော့ ရော်နယ်ဒိုရဲ့ စံချိန်ချိုးခံရအပြီးမှာ သူ့ရဲ့အင်စတာဂရမ်က အချက်အလက်တွေကို ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။

အသက် (၃၅)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ အူဒီးနိစ်အသင်းကို (၄-၁)နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ နှစ်ဂိုးသွင်းယူခဲ့ပြီး သမိုင်းတစ်လျှောက်ဂိုးသွင်းအများဆုံးကစားသမားစာရင်းမှာ

ပီလီ(၇၅၇)ဂိုးကိုကျော်ဖြတ်ပြီး (၇၅၈)ဂိုးနဲ့ ဒုတိယနေရာရောက်လာခဲ့ပါတယ်။ ပထမနေရာမှာရှိနေတာကတော့ ဂျိုးဆက်ဘီကန်ဖြစ်ပြီး (၇၅၉) ဂိုးသွင်းယူထားပါတယ်။

ဒါပေမယ့်လည်း ကမ္ဘာ့ဖလားသုံးကြိမ်ပိုင်ရှင်ကြီး ပီလီကတော့ ဒါကို လက်ခံချင်ပုံမရဘဲ သူ့ရဲ့ အင်စတာဂရမ်ကိုယ်ရေးအချက်အလက်မှာ သူဟာ သမိုင်းတစ်လျှောက်ဂိုးအများဆုံးသွင်းသူဖြစ်ကြောင်း

သက်သေပြတဲ့အနေနဲ့ သူ့ရဲ့သွင်းဂိုးအရေအတွက်ကို (၁၂၈၃)ဂိုးလို့ ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။ အဆိုပါပမာဏဟာ Officialတွက်ချက်ထားတဲ့ (၇၅၇)ဂိုးထက် အတော်ကိုများပြားသွားခဲ့တာပါ။

တကယ်တမ်းမှာလည်း ခြေစမ်းပွဲအပါအ၀င် ကန်ခဲ့သမျှပွဲတွေရဲ့ဂိုးအရေအတွက်တွေကိုထည့်တွက်လိုက်မယ်ဆိုရင် ပီလီရဲ့ဂိုးအရေအတွက်က သူပြောင်းလဲခဲ့သလိုဖြစ်နိုင်ပါတယ်။

ဒါပေမယ့်လည်း ဒါက တရား၀င်ရေတွက်မှူမဟုတ်တဲ့အတွက် ပီလီရဲ့လုပ်ရပ်ကို ပရိတ်သတ်တွေက လှောင်ပြောင်မှုတွေပြုလုပ်နေကြပြီး ရော်နယ်ဒိုကို မနာလိုနေတာဖြစ်ကြောင်း ဝေဖန်မှုတွေရှိနေပါတယ်။