Spots news

လင်ဂတ်ကိုခေါ်ယူချင်ရင် ဒီကလန်ရိုက်စ်ကို ပြန်လည်တောင်းဆိုမယ့် မန်ယူ

Unicode Version

ယခုနွေရာသီ အပြောင်းအရွေ့ မကုန်ခင်မှာ ဝက်စ်ဟမ်းအသင်းဟာ ယူနိုက်တက် ကွင်းလယ်လူ လင်ဂတ်ကိုခေါ်ယူဖို့ ချိတ်ဆက်မှုများ ပြုလုပ်နေတဲ့အတွက် ယူနိုက်တက်က လင်ဂတ်ကို ခေါ်ယူလိုပါ ဒီကလန်ရိုက်စ်ကို လင်ဂတ် + ပြောင်းရွေ့ကြေးနဲ့ ပြန်လည်တောင်းဆိုမှာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ အသက်ရွယ်ရလာတဲ့ ကွင်းလယ်လူ မာတစ်နေရာအတွက် ကွင်းလယ်ခံစစ်မှူးတစ်ဦး အလိုရှိနေဆဲဖြစ်ကာ ညာတောင်ပံခံစစ်နဲ့ ကွင်းလယ် ကစားသမားများကို ခေါ်ယူဖို့ ပြင်ဆင်နေပြီး ဆန်ချိုနဲ့ ဗာရန်းတို့ကိုလဲ ခေါ်ယူထား နိုင်ပါတယ်။

ကွင်းလယ်အတွက် ယူနိုက်တက်ရဲ့ ပစ်မှတ်ထဲမှာ ဒီကလန်ရိုက်စ်က ပါဝင်နေကာ လင်ဂတ်နဲ့ ဒီကလန်ရိုက်စ်ကို အလဲအထပ် သဘောမျိုးပြုလုပ်ဖို့ တောင်းဆိုဖွယ်ရှိနေပါတယ်။ လင်ဂတ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဝက်စ်ဟမ်းမှာ အငှားကစားပြီး ခြေစွမ်းပြနိုင်ခဲ့ကာ မိုယက်ချ်ကလည်း ပြန်လည် ခေါ်ယူချင်နေတာပါ။

ဝက်စ်ဟမ်းက လင်ဂတ်ကို ခေါ်ယူဖို့ ချိတ်ဆက်မှုများ ပြုလုပ်နေတဲ့အတွက် ယူနိုက်တက်ကလည်း အသင်းရဲ့ ပစ်မှတ် ဒီကလန်ရိုက်စ်ကို ပြန်လည် ခေါ်ယူဖို့ အခွင့်အရေးရှိနေပါတယ်။ ဝက်စ်ဟမ်းက ဒီကလန်ရိုက်စ်ကို ပေါင်သန်း ၁၀၀ ကြေငြာထားပြီး ယူနိုက်တက်အနေနဲ့ လင်ဂတ + ငွေသားပါအလိုက်ပေးပြီး ကမ်းလှမ်းပါက ဖြစ်နိုင်ချေရှိနေပါတယ်။

Zawgyi Version



ကွင်းလယ်အတွက် ယူနိုက်တက်ရဲ့ ပစ်မှတ်ထဲမှာ ဒီကလန်ရိုက်စ်က ပါဝင်နေကာ လင်ဂတ်နဲ့ ဒီကလန်ရိုက်စ်ကို အလဲအထပ်သေ ဘာမျိုးပြုလုပ်ဖို့ တောင်းဆိုဖွယ်ရှိနေပါတယ်။ လင်ဂတ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဝက်စ်ဟမ်းမှာ အငှားကစားပြီး ခြေစွမ်းပြနိုင်ခဲ့ကာ မိုယက်ခ်ျကလည်း ပြန်လည် ခေါ်ယူချင်နေတာပါ။
