Spots news

နောက်ထပ် ရီးရဲလ်မက်ဒရစ်ကစားသမား တစ်ဦးကို ခေါ်ယူဖို့ ပြင်ဆင်လာတဲ့ အာဆင်နယ်

Unicode Version

ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းဟာ အခုနွေရာသီမှာ အသင်းကို ပြိုင်ဘက်တွေနဲ့ အပြိုင် အင်အားဖြည့်တင်းနေပြီး ကွင်းလယ်လူတစ်ဦးကို ထပ်မံခေါ်ယူဖို့ ချိတ်ဆက်နေတယ်လို့ သိရပါတယ်။ အာဆင်နယ်ဟာ ရီးရဲလ်မက်ဒရစ်က အိုဒီဂတ်ကို ခေါ်ယူထားပြီး သူ့ရဲ့ အသင်းဖော်ကိုလည်း  ထပ်မံချိတ်ဆက်နေတာ ဖြစ်ပါတယ်။

အဆန်စီယိုဟာ နည်းပြသစ် အန်ဆယ်လော့တီလက်‌အောက်မှာ အနာဂတ်သေချာရေရာမှုမရှိပဲ နည်းပြ အန််ဆယ်‌လော့တီကလဲ ကစားသမားကိုရောင်းချချင်နေကာ အာဆင်နယ်ကလည်း စိတ်ဝင်စားနေပါတယ်။ ဒါ့အပြင် စပါး နဲ့ လီဗာပူးတို့ကလည်း အဆန်စီရိုကို စိတ်ဝင်စားနေကြပါတယ်။

အာဆင်နယ်အနေနဲ့ ပေါင် ၃၅ သန်းလောက်နဲ့ အဆန်စီယို ကိုခေါ်ယူနိုင်ဖွယ်ရှိနေတယ်လို့ စပိန်သတင်းစာတွေက‌ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ချန်ပီယံလိဂ် ဝင်ခွင့် နဲ့ လွဲချော်ထားခဲ့တဲ့ အာဆင်နယ်ဟာ အခုအပြောင်းအရွှေ့မှာ လူအင်အားဖြည့်တင်းမှုတွေ ဆက်တိုက် လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

အိုဒီဂတ် နဲ့ ရမ်စ်ဒေးလ်တို့ကို ခေါ်ယူထားနိုင်ခဲ့ပေမယ့်လည်း အာဆင်နယ်ဟာ နောက်ထပ် ကစားသမားသစ်တွေခေါ်ယူဖို့ ကြိုးပမ်းနေဆဲ ဖြစ်ပါတယ်။ အီဒူဟာ ရီးရဲလ်အသင်းနဲ့ ဆက်ဆံရေးကောင်းတွေ ရှိနေတာကြောင့် အဆန်စီရိုကို ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

Zawgyi Version

ပရီးမီးယားလိဂ္ကလပ္ အာဆင္နယ္အသင္းဟာ အခုေႏြရာသီမွာ အသင္းကို ၿပိဳင္ဘက္ေတြနဲ႕ အၿပိဳင္ အင္အားျဖည့္တင္းေနၿပီး ကြင္းလယ္လူတစ္ဦးကို ထပ္မံေခၚယူဖို႔ ခ်ိတ္ဆက္ေနတယ္လို႔ သိရပါတယ္။ အာဆင္နယ္ဟာ ရီးရဲလ္မက္ဒရစ္က အိုဒီဂတ္ကို ေခၚယူထားၿပီး သူ႕ရဲ႕ အသင္းေဖာ္ကိုလည္း  ထပ္မံခ်ိတ္ဆက္ေနတာ ျဖစ္ပါတယ္။

အဆန္စီယိုဟာ နည္းျပသစ္ အန္ဆယ္ေလာ့တီလက္‌ေအာက္မွာ အနာဂတ္ေသခ်ာေရရာမႈမရွိပဲ နည္းျပ အန္္ဆယ္‌ေလာ့တီကလဲ ကစားသမားကိုေရာင္းခ်ခ်င္ေနကာ အာဆင္နယ္ကလည္း စိတ္ဝင္စားေနပါတယ္။ ဒါ့အျပင္ စပါး နဲ႕ လီဗာပူးတို႔ကလည္း အဆန္စီရိုကို စိတ္ဝင္စားေနၾကပါတယ္။

အာဆင္နယ္အေနနဲ႕ ေပါင္ ၃၅ သန္းေလာက္နဲ႕ အဆန္စီယို ကိုေခၚယူနိုင္ဖြယ္ရွိေနတယ္လို႔ စပိန္သတင္းစာေတြက‌ ေဖာ္ျပထားပါတယ္။ ၿပီးခဲ့တဲ့ရာသီတုန္းက ခ်န္ပီယံလိဂ္ ဝင္ခြင့္ နဲ႕ လြဲေခ်ာ္ထားခဲ့တဲ့ အာဆင္နယ္ဟာ အခုအေျပာင္းအေ႐ႊ႕မွာ လူအင္အားျဖည့္တင္းမႈေတြ ဆက္တိုက္ လုပ္ေဆာင္လာတာ ျဖစ္ပါတယ္။

အိုဒီဂတ္ နဲ႕ ရမ္စ္ေဒးလ္တို႔ကို ေခၚယူထားနိုင္ခဲ့ေပမယ့္လည္း အာဆင္နယ္ဟာ ေနာက္ထပ္ ကစားသမားသစ္ေတြေခၚယူဖို႔ ႀကိဳးပမ္းေနဆဲ ျဖစ္ပါတယ္။ အီဒူဟာ ရီးရဲလ္အသင္းနဲ႕ ဆက္ဆံေရးေကာင္းေတြ ရွိေနတာေၾကာင့္ အဆန္စီရိုကို ေခၚယူနိုင္လိမ့္မယ္လို႔ ယုံၾကည္ေနပါတယ္။