Spots news

ဂရင်းဝုဒ်ဟာ ယူနိုက်တက်အတွက် ဝိန်းရွန်းနီလက်သစ်ဖြစ်ကြောင်း ဖာဒီနန်ချီးကျူး

Unicode Version

မန်ယူနိုက်တက် အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှုး ဂရင်းဝုဒ်ဟာ နည်းပြ ဆိုးရှား လက်ထက်မှာ အသင်းရဲ့ အဓိက ကစားသမားတစ်ဦးအဖြစ် ပွဲထွက်ခွင့်ရရှိထားပြီး အနာဂတ်မှာ ယူနိုက်တက်အတွက် တိုက်စစ်မှူး ရွန်းနီလိုမျိုး ကစားသမား ဖြစ်လာမယ်လို့ နောက်ခံလူဟောင်းဖာဒီနန် က ပြောကြားခဲ့ပါတယ်။

ဘက်စုံ ကစားနိုင်တဲ့ ဂရင်းဝုဒ်ဟာ အထောင်တိုက်စစ် ကစားသမား ၊ ကွင်းလယ် တောင်ပံ ကစားသမား အဖြစ် ကစားကွက်မှာ အသင်းနဲ့ အံဝင်အောင် ကစားနိုင်သူဖြစ်ပြီး ရာသီအဖွင့် လိဒ် အသင်းနဲ့ ပွဲစဉ်မှာလည်း အဆင့်တန်းမြင့်တဲ့ သွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဖာဒီနန်က “ ဂရင်းဝုဒ်က တိုက်စစ် ကစားသမား ဖြစ်ပေမယ့် သူက ပွဲကစားနေရင် ကွင်းတစ်ဝက်လောက်အထိ ပြန်ဆင်းပြီး မခိုမကပ် ပြေးလွှားတတ်တဲ့ ကစားသမားမျိုးလို့ ပြောလို့ရတယ်။ သူအဲ့ဒီလို ကစားဖို့ ကျွန်တော် အရင်က အကြံပေးခဲ့ဖူးပြီး သူတကယ် လိုက်နာခဲ့ပါတယ်။ ရွန်းနီကလဖြ အရင်တုန်းက အသင်းမှာ ဒီလိုမျိုး ကစားခဲ့တဲ့ တိုက်စစ်မှူး တစ်ယောက်ပါပဲ

မတူတာတစ်ခုက ရွန်းနီက ငယ်စဉ်ကတည်းက အခုလက်ရှိ ဂရင်းဝုဒ်ထက် ပိုပြီးသန်မာရင့်ကျက်တဲ့ ကစားသမား ဖြစ်နှင့် နေပြီးပါပြီ။ ဂရင်းဝုဒ်ကလည်း တ ဂိုးဘယ်လို သွင်းရမလဲဆိုတာကို ကောင်းကောင်းသိတယ်။ ပြီးခဲ့တဲ့ လိဒ် နဲ့ ပွဲတုန်းက ကွင်းတစ်ဝက်နီးပါးလောက် ပြေးလွှားပြီး ကောင်းကောင်း အဆုံးသတ် ပြခဲ့ပါတယ် ” လို့ ချီးကျူး ခဲ့ပါတယ်။

Unicode Version

မန္ယူနိုက္တက္ အသင္းရဲ႕ ၾကယ္ပြင့္ တိုက္စစ္မႈး ဂရင္းဝုဒ္ဟာ နည္းျပ ဆိုးရွား လက္ထက္မွာ အသင္းရဲ႕ အဓိက ကစားသမားတစ္ဦးအျဖစ္ ပြဲထြက္ခြင့္ရရွိထားၿပီး အနာဂတ္မွာ ယူနိုက္တက္အတြက္ တိုက္စစ္မႉး ႐ြန္းနီလိုမ်ိဳး ကစားသမား ျဖစ္လာမယ္လို႔ ေနာက္ခံလူေဟာင္းဖာဒီနန္ က ေျပာၾကားခဲ့ပါတယ္။

ဘက္စုံ ကစားနိုင္တဲ့ ဂရင္းဝုဒ္ဟာ အေထာင္တိုက္စစ္ ကစားသမား ၊ ကြင္းလယ္ ေတာင္ပံ ကစားသမား အျဖစ္ ကစားကြက္မွာ အသင္းနဲ႕ အံဝင္ေအာင္ ကစားနိုင္သူျဖစ္ၿပီး ရာသီအဖြင့္ လိဒ္ အသင္းနဲ႕ ပြဲစဥ္မွာလည္း အဆင့္တန္းျမင့္တဲ့ သြင္းဂိုးကို သြင္းယူေပးနိုင္ခဲ့တာ ျဖစ္ပါတယ္။

ဖာဒီနန္က “ ဂရင္းဝုဒ္က တိုက္စစ္ ကစားသမား ျဖစ္ေပမယ့္ သူက ပြဲကစားေနရင္ ကြင္းတစ္ဝက္ေလာက္အထိ ျပန္ဆင္းၿပီး မခိုမကပ္ ေျပးလႊားတတ္တဲ့ ကစားသမားမ်ိဳးလို႔ ေျပာလို႔ရတယ္။ သူအဲ့ဒီလို ကစားဖို႔ ကြၽန္ေတာ္ အရင္က အႀကံေပးခဲ့ဖူးၿပီး သူတကယ္ လိုက္နာခဲ့ပါတယ္။ ႐ြန္းနီကလျဖ အရင္တုန္းက အသင္းမွာ ဒီလိုမ်ိဳး ကစားခဲ့တဲ့ တိုက္စစ္မႉး တစ္ေယာက္ပါပဲ

မတူတာတစ္ခုက ႐ြန္းနီက ငယ္စဥ္ကတည္းက အခုလက္ရွိ ဂရင္းဝုဒ္ထက္ ပိုၿပီးသန္မာရင့္က်က္တဲ့ ကစားသမား ျဖစ္ႏွင့္ ေနၿပီးပါၿပီ။ ဂရင္းဝုဒ္ကလည္း တ ဂိုးဘယ္လို သြင္းရမလဲဆိုတာကို ေကာင္းေကာင္းသိတယ္။ ၿပီးခဲ့တဲ့ လိဒ္ နဲ႕ ပြဲတုန္းက ကြင္းတစ္ဝက္နီးပါးေလာက္ ေျပးလႊားၿပီး ေကာင္းေကာင္း အဆုံးသတ္ ျပခဲ့ပါတယ္ ” လို႔ ခ်ီးက်ဴး ခဲ့ပါတယ္။