Spots news

မန်စီးတီး၊လီပါဗူး နဲ့ ချယ်ဆီးတို့ကို တော်ကီအလန်းနဲ့ ပြန်လည်တိုက်ခိုက်လိုက်တဲ့ ဆိုးရှား

Unicode Version

မန်ယူနိုက်တက်နည်းပြ အိုလေဂန်နာဆိုးရှားဟာ ပြိုင်ဘက် လီပါဗူး နည်းပြ ယာဂန်ကလော့ကို ကိုယ့်အလုပ်ကိုယ်လုပ်ဖို့နဲ့ ခေတ်နောက်ကျကျန်မနေခဲ့ဖို့ ပြန်လည် သတိပေးလိုက်ပါတယ်။

ဂျေဒန်ဆန်ချိုနဲ့ ရာဖယ်ဗာရန်းတို့ကို ပေါင် ၁၁၉.၇ သန်း အသုံးပြုပြီး ခေါ်ယူခဲ့မှုအပေါ် မေးခွန်းထုတ်ခဲ့တဲ့ ယာဂန်ကလော့ကို ဆိုးရှားဘက်က ပြန်လည် တုံ့ပြန်ခဲ့တာပါ။

ယခုရာသီမှာ ဗဟိုနောက်ခံလူ ကိုနာတေးအတွက် ပေါင် ၃၆ သန်း အသုံးပြုခဲ့တာကလွဲလို့ ငွေထပ်မံ သုံးစွဲနိုင်ခြင်းမရှိသေးတဲ့ လီပါဗူးနည်းပြ ကလော့ဟာ မန်ယူနိုက်တက် အပါအဝင် အသင်းကြီးတွေရဲ့ ငွေသုံးစွဲမှုတွေဟာ အထိန်းအကွပ်မရှိဘူးလို့ ဝေဖန်နေခဲ့ပါတယ်။

ကလော့ရဲ့ ဝေဖန်မှုနဲ့ ပတ်သက်ပြီး ဆိုးရှားက
” ကျွန်တော်တို့အသင်းက ကောင်းမွန်စွာ လည်ပတ်နေတဲ့ အသင်းတစ်သင်းပါ။ ပရိသတ်တွေလည်း အများအပြားရှိသလို စပွန်ဆာထောက်ပံ့မှုတွေကိုလည်း

အများအပြား လက်ခံရရှိထားပါတယ်။ ငွေကြေး ဘယ်ကနေ ဘယ်လိုပဲရရ မန်နေဂျာတစ်ယောက်အနေနဲ့ကတော့ ကစားသမားသစ်တွေ အမြဲ လိုချင်နေတာပဲဗျ ”

” အသင်းတွေက တသင်းနဲ့ တသင်း တည်ဆောက်ပုံချင်း၊ လည်ပတ်ပုံချင်း ကွာခြားမှု ရှိတယ်ဗျ။ ကျနော်ဆို ခုကစပြီးတော့ လျှပ်စစ်ကားတွေပဲ စီးဖြစ်တော့တယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီး ကျွန်တော်ပြောချင်တာ ဒါ အကုန်ပါပဲ ” လို့ပြောကြားခဲ့ပါတယ်။

လျှပ်စစ်ကားစီးမယ် ဆိုတဲ့ ဆိုးရှားရဲ့ ‌ဝေဖန်မှုဟာ ချယ်လ်ဆီးနဲ့ စီးတီးတို့ရဲ့ ရေနံမှ တဆင့် ရတဲ့ ပြောင်းရွှေ့ကြေးအပေါ် လည်း ဆိုးရှားက ထပ်မံခနဲ့ခဲ့ခြင်း ဖြစ်ပါတယ်။ ဆာအဲလက်စ်ဖာဂူဆန်ရဲ့ တပည့်ကတော့ တော်ကီမညံ့ပါဘူး။

Zawgyi Version

မန္ယူနိုက္တက္နည္းျပ အိုေလဂန္နာဆိုးရွားဟာ ၿပိဳင္ဘက္ လီပါဗူး နည္းျပ ယာဂန္ကေလာ့ကို ကိုယ့္အလုပ္ကိုယ္လုပ္ဖို႔နဲ႕ ေခတ္ေနာက္က်က်န္မေနခဲ့ဖို႔ ျပန္လည္ သတိေပးလိုက္ပါတယ္။

ေဂ်ဒန္ဆန္ခ်ိဳနဲ႕ ရာဖယ္ဗာရန္းတို႔ကို ေပါင္ ၁၁၉.၇ သန္း အသုံးျပဳၿပီး ေခၚယူခဲ့မႈအေပၚ ေမးခြန္းထုတ္ခဲ့တဲ့ ယာဂန္ကေလာ့ကို ဆိုးရွားဘက္က ျပန္လည္ တုံ႕ျပန္ခဲ့တာပါ။

ယခုရာသီမွာ ဗဟိုေနာက္ခံလူ ကိုနာေတးအတြက္ ေပါင္ ၃၆ သန္း အသုံးျပဳခဲ့တာကလြဲလို႔ ေငြထပ္မံ သုံးစြဲနိုင္ျခင္းမရွိေသးတဲ့ လီပါဗူးနည္းျပ ကေလာ့ဟာ မန္ယူနိုက္တက္ အပါအဝင္ အသင္းႀကီးေတြရဲ႕ ေငြသုံးစြဲမႈေတြဟာ အထိန္းအကြပ္မရွိဘူးလို႔ ေဝဖန္ေနခဲ့ပါတယ္။

ကေလာ့ရဲ႕ ေဝဖန္မႈနဲ႕ ပတ္သက္ၿပီး ဆိုးရွားက
” ကြၽန္ေတာ္တို႔အသင္းက ေကာင္းမြန္စြာ လည္ပတ္ေနတဲ့ အသင္းတစ္သင္းပါ။ ပရိသတ္ေတြလည္း အမ်ားအျပားရွိသလို စပြန္ဆာေထာက္ပံ့မႈေတြကိုလည္း အမ်ားအျပား လက္ခံရရွိထားပါတယ္။ ေငြေၾကး ဘယ္ကေန ဘယ္လိုပဲရရ မန္ေနဂ်ာတစ္ေယာက္အေနနဲ႕ကေတာ့ ကစားသမားသစ္ေတြ အၿမဲ လိုခ်င္ေနတာပဲဗ် ”

” အသင္းေတြက တသင္းနဲ႕ တသင္း တည္ေဆာက္ပုံခ်င္း၊ လည္ပတ္ပုံခ်င္း ကြာျခားမႈ ရွိတယ္ဗ်။ က်ေနာ္ဆို ခုကစၿပီးေတာ့ လွ်ပ္စစ္ကားေတြပဲ စီးျဖစ္ေတာ့တယ္။ ဒီအေျခအေနနဲ႕ပတ္သက္ၿပီး ကြၽန္ေတာ္ေျပာခ်င္တာ ဒါ အကုန္ပါပဲ ” လို႔ေျပာၾကားခဲ့ပါတယ္။

လွ်ပ္စစ္ကားစီးမယ္ ဆိုတဲ့ ဆိုးရွားရဲ႕ ‌ေဝဖန္မႈဟာ ခ်ယ္လ္ဆီးနဲ႕ စီးတီးတို႔ရဲ႕ ေရနံမွ တဆင့္ ရတဲ့ ေျပာင္းေ႐ႊ႕ေၾကးအေပၚ လည္း ဆိုးရွားက ထပ္မံခနဲ႕ခဲ့ျခင္း ျဖစ္ပါတယ္။ ဆာအဲလက္စ္ဖာဂူဆန္ရဲ႕ တပည့္ကေတာ့ ေတာ္ကီမညံ့ပါဘူး။