Spots news

ဇန်နဝါရီမှာ မန်ချက်စတာမြို့ကို ရောက်ဖွယ်ရှိနေတဲ့ ‌တိုက်စစ်မှူး ဟာလန်း

Unicode Version

ဒေါ့မွန်အသင်းရဲ့ လူငယ်ကြာ်ပွင့် တိုက်စစ်မှူး အာလင်း ဟာလန်းဟာ ဒေါ့မွန်ရဲ့ ကြုံတွေ့နေရတဲ့ ရလဒ်ဆိုးတွေကြောင့် အသင်းနဲ့အတူ ဆုဖလားအောင်မြင်မှုတွေ ရယူဖို့ကို သံသယ ဝင်လာပြီး လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ အသင်းပြောင်းဖို့ စဉ်းစားနေကြောင်း သိရပါတယ်။

ဒေါ့မွန်အသင်းဟာ လတ်တလော ယှဉ်ပြိုင်ထားတဲ့ ဂျာမန်စူပါဖလားပွဲမှာ အစဉ်အလာပြိုင်ဘက် ဘိုင်ယန်မြူးနစ်အသင်းကို ၃-၁ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့သလို ယမန်နေ့မှာ ကစားခဲ့တဲ့ ဘွန်ဒက်လီဂါ ပွဲစဉ် ၂ မှာလည်း ဖရိုင်းဘက်အသင်းကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီး ရလဒ်ဆိုးတွေ ရရှိနေတာ ဖြစ်ပါတယ်။

ထို့ကြောင့် ဟာလန်းဟာ ဒေါ့မွန်အသင်းရဲ့ ဆုဖလား ရယူနိုင်စွမ်းအပေါ် အပေါ် သံသယဝင်လာပြီး ကလပ်အသင်းနဲ့ ဆုဖလားတွေ ရယူဖို့ ဒေါ့မွန် အသင်းမှ ထွက်ခွာဖွယ်ရှိပြီး သူ ဇန်နဝါရီလ အပြောင်းအရွှေ့မှာပဲ အသင်းကနေ ထွက်ခွာဖို့ စဉ်းစားနေကြောင်း Daily Mail သတင်းဌာနက ဖော်ပြသွားပါတယ်။

စာချုပ်အရ ဟာလန်းကို ခေါ်ယူချင်တဲ့ အသင်းတွေဟာ ၂၀၂၂ခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ စာချုပ်ဖျက်သိမ်းကြေး အတွက် ယူရို ၇၅သန်း ပေးချေရုံနဲ့ ဟာလန်းကို ခေါ်ယူနိုင်မှာ ဖြစ်ပါတယ် ။ သို့ပေမယ့် ယခု ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူချင်ပါက ယူရို ၉၀သန်းနဲ့ ယူရို ၁၀၀သန်းကြား အထိ ပေးချေရနိုင်ပါတယ်။

လက်ရှိအချိန်မှာ ဟာလန်းလို ကြယ်ပွင့် တိုက်စစ်မှူး တဦး အတွက် ပြောင်းရွှေ့ကြေး ယူရို ၁၀၀သန်း သုံးစွဲဖို့ အတွက် ဥရောပ အသင်းကြီးတွေဟာ ချက်ချင်း ငွေသုံးစွဲကြမှာ သေချာနေပြီး ဟာလန်းကို ခေါ်ယူနိုင်ဖို့ ပရီးမီးယားလိဂ်က မန်ချက်စတာ မြို့ခံနှစ်သင်းဖြစ်တဲ့ မန်ယူနဲ့ မန်စီးတီးတို့က အခြေအနေ အကောင်းဆုံး ဖြစ်နေပါတယ်။

မန်စီးတီးအသင်းဟာ ယခု နွေရာသီမှာ ဟယ်ရီကိန်းကဲ့သို့ ထိပ်တန်း တိုက်စစ်မှူး တဦးကို ခေါ်ယူနိုင်ခြင်း မရှိပါက ဇန်နဝါရီလမှာ ဟာလန်းကို ပြောင်းရွှေ့ကြေး ယူရို ၁၂၀သန်း အထိ ပေးချေကာ ခေါ်ယူဖို့ အသင့် ရှိနေသလို ယူနိုက်တက်ကလည်း ဆိုးလ်ရှားနဲ့ ဟာလန်းတို့ရဲ့ ဆက်ဆံရေးကို အသုံးချပြီး ဟာလန်းကို ခေါ်ယူချင်နေတာပါ။

Zawgyi Version

ေဒါ့မြန္အသင္းရဲ႕ လူငယ္ၾကာ္ပြင့္ တိုက္စစ္မႉး အာလင္း ဟာလန္းဟာ ေဒါ့မြန္ရဲ႕ ႀကဳံေတြ႕ေနရတဲ့ ရလဒ္ဆိုးေတြေၾကာင့္ အသင္းနဲ႕အတူ ဆုဖလားေအာင္ျမင္မႈေတြ ရယူဖို႔ကို သံသယ ဝင္လာၿပီး လာမယ့္ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕မွာ အသင္းေျပာင္းဖို႔ စဥ္းစားေနေၾကာင္း သိရပါတယ္။

ေဒါ့မြန္အသင္းဟာ လတ္တေလာ ယွဥ္ၿပိဳင္ထားတဲ့ ဂ်ာမန္စူပါဖလားပြဲမွာ အစဥ္အလာၿပိဳင္ဘက္ ဘိုင္ယန္ျမဴးနစ္အသင္းကို ၃-၁ ဆိုတဲ့ ရလဒ္နဲ႕ ရႈံးနိမ့္ခဲ့သလို ယမန္ေန႕မွာ ကစားခဲ့တဲ့ ဘြန္ဒက္လီဂါ ပြဲစဥ္ ၂ မွာလည္း ဖရိုင္းဘက္အသင္းကို ၂-၁ နဲ႕ ရႈံးနိမ့္ခဲ့ၿပီး ရလဒ္ဆိုးေတြ ရရွိေနတာ ျဖစ္ပါတယ္။

ထို႔ေၾကာင့္ ဟာလန္းဟာ ေဒါ့မြန္အသင္းရဲ႕ ဆုဖလား ရယူနိုင္စြမ္းအေပၚ အေပၚ သံသယဝင္လာၿပီး ကလပ္အသင္းနဲ႕ ဆုဖလားေတြ ရယူဖို႔ ေဒါ့မြန္ အသင္းမွ ထြက္ခြာဖြယ္ရွိၿပီး သူ ဇန္နဝါရီလ အေျပာင္းအေ႐ႊ႕မွာပဲ အသင္းကေန ထြက္ခြာဖို႔ စဥ္းစားေနေၾကာင္း Daily Mail သတင္းဌာနက ေဖာ္ျပသြားပါတယ္။

စာခ်ဳပ္အရ ဟာလန္းကို ေခၚယူခ်င္တဲ့ အသင္းေတြဟာ ၂၀၂၂ခုႏွစ္ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ စာခ်ဳပ္ဖ်က္သိမ္းေၾကး အတြက္ ယူရို ၇၅သန္း ေပးေခ်႐ုံနဲ႕ ဟာလန္းကို ေခၚယူနိုင္မွာ ျဖစ္ပါတယ္ ။ သို႔ေပမယ့္ ယခု ဇန္နဝါရီ အေျပာင္းအေ႐ႊ႕မွာ ေခၚယူခ်င္ပါက ယူရို ၉၀သန္းနဲ႕ ယူရို ၁၀၀သန္းၾကား အထိ ေပးေခ်ရနိုင္ပါတယ္။

လက္ရွိအခ်ိန္မွာ ဟာလန္းလို ၾကယ္ပြင့္ တိုက္စစ္မႉး တဦး အတြက္ ေျပာင္းေ႐ႊ႕ေၾကး ယူရို ၁၀၀သန္း သုံးစြဲဖို႔ အတြက္ ဥေရာပ အသင္းႀကီးေတြဟာ ခ်က္ခ်င္း ေငြသုံးစြဲၾကမွာ ေသခ်ာေနၿပီး ဟာလန္းကို ေခၚယူနိုင္ဖို႔ ပရီးမီးယားလိဂ္က မန္ခ်က္စတာ ၿမိဳ႕ခံႏွစ္သင္းျဖစ္တဲ့ မန္ယူနဲ႕ မန္စီးတီးတို႔က အေျခအေန အေကာင္းဆုံး ျဖစ္ေနပါတယ္။

မန္စီးတီးအသင္းဟာ ယခု ေႏြရာသီမွာ ဟယ္ရီကိန္းကဲ့သို႔ ထိပ္တန္း တိုက္စစ္မႉး တဦးကို ေခၚယူနိုင္ျခင္း မရွိပါက ဇန္နဝါရီလမွာ ဟာလန္းကို ေျပာင္းေ႐ႊ႕ေၾကး ယူရို ၁၂၀သန္း အထိ ေပးေခ်ကာ ေခၚယူဖို႔ အသင့္ ရွိေနသလို ယူနိုက္တက္ကလည္း ဆိုးလ္ရွားနဲ႕ ဟာလန္းတို႔ရဲ႕ ဆက္ဆံေရးကို အသုံးခ်ၿပီး ဟာလန္းကို ေခၚယူခ်င္ေနတာပါ။