Spots news

ရေဘေးသင့် ပြည်သူတွေအတွက် အာဆင်နယ်နဲ့ပွဲမှ ဖိနပ်ကို လေလံတင်မယ့် ဟာဗက်စ်

Unicode Version

ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်ကစားသမား ဟာဗက်ဇ်ဟာ မွေးရပ်မြေ ဂျာမနီနိုင်ငံရှိ ရေဘေး ပြန်လည် ထူထောင်ရေးလုပ်ငန်းအတွက် လှူဒါန်းဖိ့ ယနေ့ ကစားမည့် အာဆင်နယ်နဲ့ ချယ်လ်ဆီးအသင်းမှာ ပွဲကန် ဖိနပ်ကို လေလံတင်ရောင်းချမည်ဖြစ်ကြောင်း သိရပါတယ်။

ဇူလိုင်လလယ်ပိုင်းက ဂျာမနီနိုင်ငံ အနောက်ပိုင်းဒေသများမှာ ရေလွှမ်းမိုးမှုကြောင့် လူ ၁၈၉ ဦး သေဆုံးခဲ့ရပြီး အိုးမဲ့အိမ်မဲ့ ဖြစ်ပွားမှုများလည်း ရင်ဆိုင် နေရပါတယ်။ ထို့ကြောင့် ဂျာမနီလက်ရွေးစင် ကစားသမား ဟာဗက်ဇ်က

အာဆင်နယ်အသင်းနှင့် ပွဲတွင်ဝတ်ဆင်မည့် ဘောကန် ဖိနပ်နှင့် လက်မှတ်ရေးထိုးထားတဲ့ အကျီကို လေလံတင်ရောင်းချပြီး ရရှိသည့်ငွေကြေးအားလုံးကို ဂျာမနီနိုင်ငံရှိ ကြက်ခြေနီအဖွဲ့ထံ ပြန်လည် လှူဒါန်းရန် စီစဉ်ထားခြင်းဖြစ်ပါတယ်။

“ဓာတ်ပုံတွေကို ပထမဆုံး မြင်လိုက်ရတဲ့အချိန်မှာ ကျွန်တော်ရှော့ခ်ရသွားပါတယ်။ အခုအချိန်မှာ သူတို့တွေဘာလုပ်ရမလဲဆိုတာ နားလည်နိုင်ဖို့ မလွယ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တစ်ခုခု လုပ်ရမယ်ဆိုတာတော့ သိပါတယ်။

ကျွန်တော် က အထူးအခြေအနေတစ်ရပ်မှာ ရှိနေတာပါ။ ဂျာမနီကြက်ခြေနီအဖွဲ့ကို ထောက်ခံတဲ့လှုပ် ရှားမှု စတင်ခြင်းအားဖြင့် တခြားသူတွေဆီကလည်း အကူအညီရရှိဖို့ လှုံ့ဆော်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဟာဗက်ဇ်က ပြောကြားခဲ့ပါတယ်။

Zawgyi Version




