Spots news
မန်ယူအသင်းရဲ့ ခံစစ်တံတိုင်းသစ် ဗာရန်းရဲ့ သင်မသိသေးတဲ့ ထူးခြားချက် ၇ ချက်
Unicode Version
ရာဖေးလ်ဗာရန်းဟာ ရီးရဲမက်ဒရစ် ကနေ ယူနိုက်တက်အသင်းထံ တရားဝင်ရောက်ရှိကြောင်း ယူနိုက်တက် နဲ့ လိဒ်ပွဲမတိုင်မီ ကွင်းအတွင်း ဝင်ရောက်စေကာ မိတ်ဆက်ပေးသွားခဲ့ပါတယ်။
ပေါင်သန်း ၄၀ နီးနီးနဲ့ ရောက်လာခဲ့သူအတွက် သူ့ရဲ့ ကစားပုံတွေ ၊ သူအောင်မြင်ခဲ့တဲ့ ဆုဖလားတွေ ၊ ယူနိုက်တက်အသင်းကို ဘယ်သို့ဘယ်ပုံ အကျိုးပြုနိုင်ကြောင်းတွေ မီဒီယာအသီးသီးက ဘာသာစကား မျိုးစုံနဲ့ ရေးသားဖော်ပြခဲ့ပါတယ်။
ဒါပေမယ့် ခု ဖော်ပြပေးမယ့် အချက် ၇ချက်ကတော့ မီဒီယာဖော်ပြမှု နည်းခဲ့သလို လူသိလည်း အတော်နည်းနေပါသေးတယ်။ ဒါကြောင့် ခုပဲ ဒီ အချက် ၇ ချက်ကို အားလုံးသိအောင် ဖော်ပြပေးလိုက်ပါတယ် ။
၁။ ယူနိုက်တက်အသင်းဟာ ဗာရန်းအတွက် စတာလင်ပေါင် ၄၁သန်း ပေးချေလိုက်ရပါတယ် ။ ဒီပြောင်းရွှေ့ကြေးဟာ စျေးအကြီးဆုံး ခံစစ်မှူးစာရင်းရဲ့ Top 10 ဝင်ဖြစ်ခဲ့ပါတယ်။
၂။ သူ လန်းစ်အသင်းမှာ ကစားစဥ် ၂၀၁၁ ခုနှစ်တုန်းက ဘိုင်ယန်မြူးနစ်အသင်းဟာ ပေါင် ၅သန်းနဲ့ ခေါ်ယူနိုင်မယ့် အခွင့်အရေးရရှိခဲ့ပါတယ်။ ဒါပေမယ့် ဘိုင်ယန်တာဝန်ရှိသူတွေက အဆိုပါ အသက် ၁၈နှစ်အရွယ် ဗာရန်းအတွက် ဒီစျေးနှုန်းဟာ များပြားနေတယ်လို့ ယူဆတာကြောင့် အပြောင်းအရွှေ့ ပျက်ပျယ်သွားခဲ့ဖူးပါတယ်။
၃။ သူဟာ ပြင်သစ်လက်ရွေးစင်အသင်းရဲ့ အသက်အငယ်ဆုံး အသင်းခေါင်းဆောင် ဖြစ်ခဲ့ဖူးပါတယ်။ ၂၀၁၄ တုန်းက အာမေးနီးယားနဲ့ ကစားခဲ့တဲ့ပွဲမှာ ဗာရန်းဟာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပြီး အဲ့တုန်းက သူ့ရဲ့အသက်ဟာ ၂၁နှစ်သာ ရှိပါသေးတယ်။
၄။ သူဟာ ဂုဏ်ပြုတံဆိပ်ရရှိထားတဲ့ ပြင်သစ် တပ်ဖွဲ့ဝင် တစ်ဦး ဖြစ်နေပါတယ်။ ၅။ El Clasico မှာ ဂိုးသွင်းယူနိုင်တဲ့ ဒုတိယမြောက် (စပိန်ပြင်ပ) အသက်အငယ်ဆုံးကစားသမားဟာလည်း ဗာရန်းပဲ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်က သွင်းယူခဲ့တာပါ။
၆။ သူ ရီးရဲလ်ကို စရောက်တဲ့နှစ်မှာ ကစားခဲ့တဲ့ ဗယ်လက်ကာနိုအသင်းနဲ့ပွဲမှာ သွင်းယူခဲ့တဲ့ဂိုးကြောင့်လည်း သူဟာ ရီးရဲလ်မက်ဒရစ်ရဲ့ အသက်အငယ်ဆုံး ဂိုးသွင်းသူ(စပိန်ပြင်ပ) အဖြစ် မှတ်တမ်းဝင်ထားပါသေးတယ်။
၇။ ရီးရဲလ်အရောက် ၂ နှစ်အကြာ ၂၀၁၃ မှာ မာကာသတင်းစာက ဖော်ပြတဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ထာဝရ အကောင်းဆုံးအသင်းမှာ ဗာရိန်းဟာ ခံစစ်မှူးနေရာကနေ ရွေးချယ်ခံခဲ့ရသူ ဖြစ်ပါတယ်။
Zawgyi Version