Spots news
အပြောင်းအရွေ့ မပိတ်ခင် အမ်ဘာပေကို စံချိန်တင်ဈေးနဲ့ ခေါ်ဖို့ ရီးရဲလ်စီစဉ်နေ
Unicode Version
ရီးရဲမက်ဒရစ်အသင်းဟာ ဆယ်စုနှစ်အတွင်း အသင်းရဲ့ အကောင်းဆုံးခေါ်ယူမှုအဖြစ် ပီအက်စ်ဂျီမှ ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေကို ခေါ်ယူရန်အတွက် အပြောင်းအရွှေ့ကာလ မပြီးဆုံးမီ နောက်ဆုံး ၄၈ နာရီအတွင်း လှုပ်ရှားသွားမည်ဟု ဗြိတိန်မီဒီယာများက ဖော်ပြထားပါတယ်။
အမ်ဘာပေဟာ ပီအက်စ်ဂျီမှ ပြောင်းရွှေ့လို‌ေနပြီး ၂၀၂၂ ခုနှစ် နွေရာသီမှာ ပီအက်စ်ဂျီအသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီ အနေနဲ့ ဘာပေကို ယခုနှစ်အတွင်း ရောင်းမထုတ်ပါက လာမည့်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ဆုံးရှုံးရဖွယ် ရှိပါတယ်။
ပီအက်စ်ဂျီအနေနဲ့ အမ်ဘာပေကို အသင်းမှာ ဆက်ထိန်းသွားနိုင်မည်ဟု ကြေငြာပေမယ့် တိုက်စစ်မှူး မက်ဆီကို ခေါ်ယူပြီးနောက် ဘာပေရဲ့ အနာဂတ်မှာ ပို၍မရေမရာ ဖြစ်လာပါတယ်။ ရီးရဲမက်ဒရစ်ဟာ
အမ်ဘာပေကို ခေါ်ယူရေးအတွက် ပေါင် ၁၁၁ သန်းမှ ၁၄၅ သန်းကြား အသုံးပြုသွားမှာ ဖြစ်ပြီး ဩဂုတ်လ ၃၀ ရက်နေ့တွင် စတင်လှုပ်ရှားမှာ ဖြစ်ကြောင်း အေအက်စ်သတင်းစာက ဖော်ပြထားပါတယ်။
ရီးရဲတိုက်စစ်မှူး ဘန်ဇီမာကလဲ ပြင်သစ် လက်ရွေးစင် အသင်းဖော် အမ်ဘာပေကို ရီးရဲမက်ဒရစ်သို့ ပြောင်းရွေ့ကစားဖို့ စည်းရုံးမှုများ ပြုလုပ်နေကြောင်း သတင်းများက ဖော်ပြထားပါတယ်။ ပီအက်စ်ဂျီ ဥက္ကဌ အယ်ခီလိုင်ဖီက‌တော့အမ်ဘာပေကို ရောင်းရန်မှာ မဟုတ်ကြောင်း ပြောဆိုထားပါတယ်။
Zawgyi Version