Spots news

ဖာသည်အပြုံးနဲ့ မာရှယ်ဂတုံးတို့ ဂျင်းထည့်လို့ သုံးမှတ်အပြည့်မရခဲ့တဲ့ မန်ယူ

Unicode Version

ပရီးမီးယားလိဂ်ပွဲဦးထွက်မှာ ဂိုးပြတ်နိုင်ပြီး အဖွင့်လှခဲ့ပေမယ့် ယနေ့မှာတော့ နည်းပြဆိုးရှားရဲ့ နည်းစနစ်ဆိုင်ရာမှားယွင်းမှု ဆိုးရွားတဲ့ ခြေစွမ်းနဲ့အတူ သရေတစ်မှတ်နဲ့ အဝေးကွင်းမှာ ကျေနပ်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ လိဒ်နဲ့ပွဲတုန်းက ၅ ဂိုးအထိ သွင်းပြပြခဲ့တဲ့ ယူနိုက်တက်ဟာ ဆောက်သမ်ကို အဝေးကွင်းမှာ တစ်ဂိုးစီ သရေကျခဲ့ပါတယ်။

မာတစ်နဲ့ ဖရက်ဒ်ကို ကွင်းလယ်အထိုင်ထားပြီး ပွဲထွက်ခဲ့တာဟာ ယူနိုက်တက်ရဲ့ ကွင်းလယ်ဟာ အတော်လေးပုံပျက်ခဲ့ပြီး ဆောက်သမ်ရဲ့ အတင်းဖိအားပေးမှုအောက်မှာ ကစားကွက်တည်မရခဲ့ပါဘူး။ ပထမပိုင်းမှာ ဖရက်ဒ်ရဲ့ own goal နဲ့ ဆောက်သမ်တို့ ဦးဆောင်ခွင့်ရထားခဲ့ပါတယ်။

တိုက်စစ်မှူး မာရှယ်ရဲ့ ခြေစွမ်းဟာ အတော်လေးဆိုးရွားပြီး ဘောလုံးချပေးတဲ့ အသင်းဖော်တွေကို အတော် အားနာစရာကောင်းပါတယ်။ ဒုတိယပိုင်းမှာတော့ ယူနိုက်တက်ဟာ ဂရင်းဝုဒ်ရဲ့ သွင်းဂိုးကလွဲလို့ မယ်မယ်ရရ ကန်သွင်းမှုမရှိပဲ သာမန်ပေးပို့မှုတွေကိုတောင် မလုပ်နိုင်တဲ့ အထိ ‌ဆိုးရွားခဲ့ပါတယ်။

ဆောက်သမ်တန် တိုက်စစ်က အမ်းစထရောင်း ဂိုးဖြုန်းတာ နဲ့ ဒီဂီယာ လက်စွမ်းပြတာရယ်ကြောင့် ကံကောင်းပြီး မရှုံးနိမ့်ခဲ့ရတာပါ။ မာရှယ်ကို ထုတ်ပြီး ကစားသမားသစ် ဆန်ချိုကို ထည့်ခဲ့ပေမယ့် စုတ်ပြတ်နေတဲ့ ကစားပုံနဲ့ အတူ ဆန်ချိုလဲ မတတ်နိုင်ပဲ ဆောက်သမ်ကတော့ သရေတစ်မှတ်အတွက် အချိန်ဆွဲ လူချကစားသွားပါတယ်။

နည်းပြဆိုးရှားရဲ့ ယူနိုက်တက်ဟာ ဒီလိုခြေစွမ်းမျိူးနဲ့ သာဆိုရင် ပရီးမီးယားလိဂ်ဖလား စိန်ခေါ်နိုင်ဖို့ အတော်လေး ဝေးကွာနေဦးမှာပါ။ မာတစ်ကို အသုံးပြုတာမမှားပေမယ့် ဖရက်ဒ်နဲ့ တွဲပြီး ပွဲထွက်တာကတော့ နည်းပြဆိုးရှားရဲ့ အမှားတစ်ခုပါပဲ။

Zawgyi Version

ပရီးမီးယားလိဂ္ပြဲဦးထြက္မွာ ဂိုးျပတ္နိုင္ၿပီး အဖြင့္လွခဲ့ေပမယ့္ ယေန႕မွာေတာ့ နည္းျပဆိုးရွားရဲ႕ နည္းစနစ္ဆိုင္ရာမွားယြင္းမႈ ဆိုး႐ြားတဲ့ ေျခစြမ္းနဲ႕အတူ သေရတစ္မွတ္နဲ႕ အေဝးကြင္းမွာ ေက်နပ္ခဲ့ရပါတယ္။ ၿပီးခဲ့တဲ့ လိဒ္နဲ႕ပြဲတုန္းက ၅ ဂိုးအထိ သြင္းျပျပခဲ့တဲ့ ယူနိုက္တက္ဟာ ေဆာက္သမ္ကို အေဝးကြင္းမွာ တစ္ဂိုးစီ သေရက်ခဲ့ပါတယ္။

မာတစ္နဲ႕ ဖရက္ဒ္ကို ကြင္းလယ္အထိုင္ထားၿပီး ပြဲထြက္ခဲ့တာဟာ ယူနိုက္တက္ရဲ႕ ကြင္းလယ္ဟာ အေတာ္ေလးပုံပ်က္ခဲ့ၿပီး ေဆာက္သမ္ရဲ႕ အတင္းဖိအားေပးမႈေအာက္မွာ ကစားကြက္တည္မရခဲ့ပါဘူး။ ပထမပိုင္းမွာ ဖရက္ဒ္ရဲ႕ own goal နဲ႕ ေဆာက္သမ္တို႔ ဦးေဆာင္ခြင့္ရထားခဲ့ပါတယ္။

တိုက္စစ္မႉး မာရွယ္ရဲ႕ ေျခစြမ္းဟာ အေတာ္ေလးဆိုး႐ြားၿပီး ေဘာလုံးခ်ေပးတဲ့ အသင္းေဖာ္ေတြကို အေတာ္ အားနာစရာေကာင္းပါတယ္။ ဒုတိယပိုင္းမွာေတာ့ ယူနိုက္တက္ဟာ ဂရင္းဝုဒ္ရဲ႕ သြင္းဂိုးကလြဲလို႔ မယ္မယ္ရရ ကန္သြင္းမႈမရွိပဲ သာမန္ေပးပို႔မႈေတြကိုေတာင္ မလုပ္နိုင္တဲ့ အထိ ‌ဆိုး႐ြားခဲ့ပါတယ္။

ေဆာက္သမ္တန္ တိုက္စစ္က အမ္းစထေရာင္း ဂိုးျဖဳန္းတာ နဲ႕ ဒီဂီယာ လက္စြမ္းျပတာရယ္ေၾကာင့္ ကံေကာင္းၿပီး မရႈံးနိမ့္ခဲ့ရတာပါ။ မာရွယ္ကို ထုတ္ၿပီး ကစားသမားသစ္ ဆန္ခ်ိဳကို ထည့္ခဲ့ေပမယ့္ စုတ္ျပတ္ေနတဲ့ ကစားပုံနဲ႕ အတူ ဆန္ခ်ိဳလဲ မတတ္နိုင္ပဲ ေဆာက္သမ္ကေတာ့ သေရတစ္မွတ္အတြက္ အခ်ိန္ဆြဲ လူခ်ကစားသြားပါတယ္။

နည္းျပဆိုးရွားရဲ႕ ယူနိုက္တက္ဟာ ဒီလိုေျခစြမ္းမ်ိဴးနဲ႕ သာဆိုရင္ ပရီးမီးယားလိဂ္ဖလား စိန္ေခၚနိုင္ဖို႔ အေတာ္ေလး ေဝးကြာေနဦးမွာပါ။ မာတစ္ကို အသုံးျပဳတာမမွားေပမယ့္ ဖရက္ဒ္နဲ႕ တြဲၿပီး ပြဲထြက္တာကေတာ့ နည္းျပဆိုးရွားရဲ႕ အမွားတစ္ခုပါပဲ။