Spots news

ကစားသမားဘဝကို ရော်နယ်ဒိုနဲ့အတူ အင်တာမိုင်ယာမီမှာ အနားယူဖွယ်ရှိနေတဲ့ မက်ဆီ

Unicode Version

ဒေးဗစ် ဘက်ခမ်းဟာ ပီအက်စ်ဂျီ တိုက်စစ်မှူး လီယွန်နယ် မက်ဆီရဲ့ ကစားသမားဘ၀ကို သူ့ရဲ့ကလပ်အသင်းဖြစ်တဲ့ အင်တာမိုင်ယာမီအသင်းမှာ အနားယူဖို့ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ မက်ဆီဟာ မိုင်ယာမီမှာ ပေါင် ၅သန်းတန် တိုက်ခန်းလာဝယ်စဉ် ဒေးဗစ်ဘက်ခမ်းနဲ့ တွေ့ဆုံကာ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

အင်တာမိုင်ယာမီ အသင်းပိုင်ရှင်ဟာ အသင်းထံ ဥရောပထိပ်သီး ကစားသမား ခေါ်ယူမယ်လို့ ကတိပေးထားခဲ့ပြီး မက်ဆီအပြင် ရော်နယ်ဒိုလည်း ပစ်မှတ်ထဲမှာ ပါဝင်နေခဲ့ပါတယ်။ မက်ဆီကလည်း အနားမယူခင် မေဂျာလိဂ်မှာ ကစားချင်ကြောင်း ပြောထားခဲ့ဖူးပါတယ်။

အင်တာမိုင်ယာမီ တွဲဖက် ပိုင်ရှင် ဂျော်ဂီ မက်စ်က “ကျွန်တော်ကတော့ မက်ဆီ အင်တာမိုင်ယာမီအတွက် ကစားမယ့် အခြေအနေက အကောင်းဘက်မှာ ရှိတယ်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒါမှ

ကျွန်တော်တို့မျိုးဆက်က အကြီးအကျယ်ဆုံး ကစားသမား၁ဦးရဲ့ အမွေအနှစ်ပြည့်စုံမှာ ဖြစ်သလို အသင်းပိုင်ရှင်တွေရဲ့ ကမ္ဘာ့အဆင့် အသင်းကြီး တည်ဆောက်လိုတဲ့ ဆန္ဒလည်း ပြည့်၀မှာ ဖြစ်ပါတယ်”

“ဒေးဗစ်နဲ့ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားနေပါတယ်။ ကျွန်တော်တို့၂ယောက်လုံး ဒီကို ကစားသမားကောင်းတွေ ခေါ်ယူလိုစိတ်ရှိပြီး မက်ဆီက အကောင်းဆုံး မျိုးဆက် ကစားသမားဖြစ်သလို သမိုင်းတစ်လျောက် အကောင်းဆုံး ကစားသမားလည်း ဖြစ်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

မက်ဆီဟာ ပီအက်စ်ဂျီကို ရောက်လာခဲ့ပြီးနောက် ပွဲဦးထွက် ပွဲစဉ် မကစားရသေးဘဲ ဘရက်စ်နဲ့ပွဲမှာလည်း မပါဝင်ခဲ့ပါဘူး။ ဘော်လွန်းဒီအော် ၆ကြိမ်ရ ကစားသမားဟာ ဘာစီလိုနာကနေ အံ့အားသင့်ဖွယ် ထွက်ခွာလာခဲ့ပြီးနောက် ပီအက်စ်ဂျီနဲ့ ပူးပေါင်းခဲ့ပါတယ်။

Zawgyi Version

ေဒးဗစ္ ဘက္ခမ္းဟာ ပီအက္စ္ဂ်ီ တိုက္စစ္မႉး လီယြန္နယ္ မက္ဆီရဲ႕ ကစားသမားဘ၀ကို သူ႕ရဲ႕ကလပ္အသင္းျဖစ္တဲ့ အင္တာမိုင္ယာမီအသင္းမွာ အနားယူဖို႔ ေဆြးေႏြးခဲ့ေၾကာင္း သိရပါတယ္။ မက္ဆီဟာ မိုင္ယာမီမွာ ေပါင္ ၅သန္းတန္ တိုက္ခန္းလာဝယ္စဥ္ ေဒးဗစ္ဘက္ခမ္းနဲ႕ ေတြ႕ဆုံကာ ေဆြးေႏြးခဲ့တာ ျဖစ္ပါတယ္။

အင္တာမိုင္ယာမီ အသင္းပိုင္ရွင္ဟာ အသင္းထံ ဥေရာပထိပ္သီး ကစားသမား ေခၚယူမယ္လို႔ ကတိေပးထားခဲ့ၿပီး မက္ဆီအျပင္ ေရာ္နယ္ဒိုလည္း ပစ္မွတ္ထဲမွာ ပါဝင္ေနခဲ့ပါတယ္။ မက္ဆီကလည္း အနားမယူခင္ ေမဂ်ာလိဂ္မွာ ကစားခ်င္ေၾကာင္း ေျပာထားခဲ့ဖူးပါတယ္။

အင္တာမိုင္ယာမီ တြဲဖက္ ပိုင္ရွင္ ေဂ်ာ္ဂီ မက္စ္က “ကြၽန္ေတာ္ကေတာ့ မက္ဆီ အင္တာမိုင္ယာမီအတြက္ ကစားမယ့္ အေျခအေနက အေကာင္းဘက္မွာ ရွိတယ္ထင္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ဒါမွ

ကြၽန္ေတာ္တို႔မ်ိဳးဆက္က အႀကီးအက်ယ္ဆုံး ကစားသမား၁ဦးရဲ႕ အေမြအႏွစ္ျပည့္စုံမွာ ျဖစ္သလို အသင္းပိုင္ရွင္ေတြရဲ႕ ကမာၻ႔အဆင့္ အသင္းႀကီး တည္ေဆာက္လိုတဲ့ ဆႏၵလည္း ျပည့္၀မွာ ျဖစ္ပါတယ္”

“ေဒးဗစ္နဲ႕ ကြၽန္ေတာ္တို႔ အစြမ္းကုန္ ႀကိဳးစားေနပါတယ္။ ကြၽန္ေတာ္တို႔၂ေယာက္လုံး ဒီကို ကစားသမားေကာင္းေတြ ေခၚယူလိုစိတ္ရွိၿပီး မက္ဆီက အေကာင္းဆုံး မ်ိဳးဆက္ ကစားသမားျဖစ္သလို သမိုင္းတစ္ေလ်ာက္ အေကာင္းဆုံး ကစားသမားလည္း ျဖစ္ပါတယ္”လို႔ ဆိုခဲ့ပါတယ္။

မက္ဆီဟာ ပီအက္စ္ဂ်ီကို ေရာက္လာခဲ့ၿပီးေနာက္ ပြဲဦးထြက္ ပြဲစဥ္ မကစားရေသးဘဲ ဘရက္စ္နဲ႕ပြဲမွာလည္း မပါဝင္ခဲ့ပါဘူး။ ေဘာ္လြန္းဒီေအာ္ ၆ႀကိမ္ရ ကစားသမားဟာ ဘာစီလိုနာကေန အံ့အားသင့္ဖြယ္ ထြက္ခြာလာခဲ့ၿပီးေနာက္ ပီအက္စ္ဂ်ီနဲ႕ ပူးေပါင္းခဲ့ပါတယ္။