Unicode Version
ဝက်စ်ဟမ်းကွင်းလယ်လူ ဒီကလန်ရိုက်စ်ဟာ ယခုနွေရာသီ အပြောင်းအရွေ့ ကာလအတွင်း ထိပ်သီးကလပ်တွေဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်၊ ချဲလ်ဆီး တို့ထဲက တစ်သင်းသင်းဆီ ပြောင်းခွင့်မရဖို့ တားဆီးထားတဲ့ အသင်းဘက်က ပြောင်းရွေ့ကြေး သတ်မှတ်ထားမှုအပေါ် မပျော်မရွှင်ဖြစ်နေတယ်လို့ သိရပါတယ်။
ဝက်စ်ဟမ်းဟာ ပရီးမီးယားလိဂ် ထိပ်သီးကလပ်တွေရဲ့ စိတ်ဝင်စားခြင်း ခံနေရတဲ့ ကွင်းလယ်လူ ဒီကလန်ရိုက်စ်ကို ဆက်ထိန်းထားဖို့အတွက် ကစားသမားရဲ့ အသားတင် ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၁၀၀ မှ လက်သင့်ခံမယ်လို့ အသိပေး ကြေငြာ ထားတာဖြစ်ပါတယ်။
တယ်လီဂရပ်ဖ် သတင်းစာရဲ့ ဖော်ပြချက်အရ အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ ဒီကလန်ရိုက်စ်ဟာ သူ့ရဲ့ ပြောင်းရွေ့ကြေးကို တန်ဖိုးမြင့်မားစွာ သတ်မှတ်ထားမှုအပေါ် စိတ်ပျက်နေပြီး အသင်းဘက်က လစာတိုးပေးကာ စာချုပ်သစ်ချုပ်ဆိုဖို့ ကြိုးစားလာရင် ငြင်းဆန်သွားမယ်လို့ သိရပါတယ်။
ဝက်စ်ဟမ်းဟာ ဒီကလန်ရိုက်စ်အတွက် ကမ်းလှမ်းမှုတွေကို လက်မခံပဲ လစာမြင့်မားစွာနဲ့ ကာလရှည် စာချုပ်သစ်ချုပ်ဆိုဖို့ ပြင်ဆင်နေ တာပါ။ အသက် ၂၂ နှစ်အရွယ်ရှိ ဒီကလန်ရိုက်စ်ရဲ့ လက်ရှိစာချုပ်က ၂၀၂၄ ရောက်မှ ကုန်ဆုံးမှာဖြစ်ပေမယ့် ဝက်စ်ဟမ်းကတော့ ၂၀၂၅ အထိ တစ်နှစ် ထပ်တိုးချင်နေပါတယ်။
ဒီကလန်ရိုက်စ်ဟာ ကစားသမားဘဝ ဆုဖလားတွေရယူနိုင်ဖို့ ရည်မှန်းထားပြီး ချန်ပီယံလိဂ်မှာ ပုံမှန်ပါဝင်ခွင့် ရအသင်းတစ်သင်းကို ပြောင်းရွှေ့လိုနေပြီး လမ်းပတ်လက်ထက်တုန်းက
ဒီကလန်ရိုက်စ်ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် လက်ရှိ တူချယ်ကတော့ စိတ်ဝင်စားဖွယ်မရှိပဲ ရိုက်စ်ကို ယူနိုက်တက် အသင်းက လင်ဂတ်နဲ့ အလိုက်ပေး ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။
Zawgyi Version
ဝက္စ္ဟမ္းကြင္းလယ္လူ ဒီကလန္ရိုက္စ္ဟာ ယခုေႏြရာသီ အေျပာင္းအေ႐ြ႕ ကာလအတြင္း ထိပ္သီးကလပ္ေတြျဖစ္တဲ့ မန္ခ်က္စတာ ယူနိုက္တက္၊ ခ်ဲလ္ဆီး တို႔ထဲက တစ္သင္းသင္းဆီ ေျပာင္းခြင့္မရဖို႔ တားဆီးထားတဲ့ အသင္းဘက္က ေျပာင္းေ႐ြ႕ေၾကး သတ္မွတ္ထားမႈအေပၚ မေပ်ာ္မ႐ႊင္ျဖစ္ေနတယ္လို႔ သိရပါတယ္။
ဝက္စ္ဟမ္းဟာ ပရီးမီးယားလိဂ္ ထိပ္သီးကလပ္ေတြရဲ႕ စိတ္ဝင္စားျခင္း ခံေနရတဲ့ ကြင္းလယ္လူ ဒီကလန္ရိုက္စ္ကို ဆက္ထိန္းထားဖို႔အတြက္ ကစားသမားရဲ႕ အသားတင္ ေျပာင္းေ႐ႊ႕ေၾကးကို ေပါင္သန္း ၁၀၀ မွ လက္သင့္ခံမယ္လို႔ အသိေပး ေၾကျငာ ထားတာျဖစ္ပါတယ္။
တယ္လီဂရပ္ဖ္ သတင္းစာရဲ႕ ေဖာ္ျပခ်က္အရ အဂၤလန္ လက္ေ႐ြးစင္ ကြင္းလယ္လူ ဒီကလန္ရိုက္စ္ဟာ သူ႕ရဲ႕ ေျပာင္းေ႐ြ႕ေၾကးကို တန္ဖိုးျမင့္မားစြာ သတ္မွတ္ထားမႈအေပၚ စိတ္ပ်က္ေနၿပီး အသင္းဘက္က လစာတိုးေပးကာ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ ႀကိဳးစားလာရင္ ျငင္းဆန္သြားမယ္လို႔ သိရပါတယ္။
ဝက္စ္ဟမ္းဟာ ဒီကလန္ရိုက္စ္အတြက္ ကမ္းလွမ္းမႈေတြကို လက္မခံပဲ လစာျမင့္မားစြာနဲ႕ ကာလရွည္ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ ျပင္ဆင္ေန တာပါ။ အသက္ ၂၂ ႏွစ္အ႐ြယ္ရွိ ဒီကလန္ရိုက္စ္ရဲ႕ လက္ရွိစာခ်ဳပ္က ၂၀၂၄ ေရာက္မွ ကုန္ဆုံးမွာျဖစ္ေပမယ့္ ဝက္စ္ဟမ္းကေတာ့ ၂၀၂၅ အထိ တစ္ႏွစ္ ထပ္တိုးခ်င္ေနပါတယ္။
ဒီကလန္ရိုက္စ္ဟာ ကစားသမားဘဝ ဆုဖလားေတြရယူနိုင္ဖို႔ ရည္မွန္းထားၿပီး ခ်န္ပီယံလိဂ္မွာ ပုံမွန္ပါဝင္ခြင့္ ရအသင္းတစ္သင္းကို ေျပာင္းေ႐ႊ႕လိုေနၿပီး လမ္းပတ္လက္ထက္တုန္းက
ဒီကလန္ရိုက္စ္ကို ေခၚယူဖို႔ ႀကိဳးစားခဲ့ေပမယ့္ လက္ရွိ တူခ်ယ္ကေတာ့ စိတ္ဝင္စားဖြယ္မရွိပဲ ရိုက္စ္ကို ယူနိုက္တက္ အသင္းက လင္ဂတ္နဲ႕ အလိုက္ေပး ကမ္းလွမ္းဖို႔ ျပင္ဆင္ေနပါတယ္။