Spots news

အသင်းကစုတ်ပြတ်နေချိန်မှာ တစ်ယောက်တည်း ရုန်းပြရင်း စံချိန်သစ် ယူခဲ့တဲ့ ‌ပေ့ါဘာ

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ဆောက်သမ်တန်အသင်းနဲ့ အဝေးကွင်းပွဲမှာ  ရုန်းကန်သွားခဲ့ရပြီး အဝေးကွင်းမှာ သရေတစ်မှတ်ကို အတော်လေးကြိုးစား ယူခဲ့ရပါတယ်။

မာရှယ်ပါဝင်လာတဲ့ တိုက်စစ်ပိုင်းဟာ ဘာမှကို မလုပ်ပြနိုင်ခဲ့ဘဲ ကွင်းလယ်ကလဲ အပျက်များခဲ့ပါတယ်။ ‌ဖရက်ဒ်ရဲဲ့ Own Goal ကို ပေါ့ဘာရဲ့ ဖန်တီးပေးမှု နဲ့ ဂရင်းဝုဒ်က ပြန်လည် ချေဖျက်ခဲ့ရင်း သရေတစ်မှတ် ရယူခဲ့ရပါတယ်။

သို့ပေမယ့် ယူနိုက်တက်အသင်း ကွင်းလယ်လူ ပေါလ်ပေါ့ဘာဟာ မနေ့ညက တဖက် တဂိုးစီ သရေကျခဲ့တဲ့ ပွဲမှာ ဂရင်းဝုဒ်ကို ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်နိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ရဲ့ သမိုင်းမှာ ပွဲစဉ်(၂)မှာတင် ဂိုးဖန်တီးမှု ၅ကြိမ် ပြည့်ခဲ့တဲ့ ပထမဦးဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ပေါ့ဘာဟာ ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀နဲ့ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီတို့မှာ မန်ချက်စတာ ယူနိုက်တက်အသင်း အတွက် ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှု ၆ကြိမ်သာ ပြုလုပ်နိုင်ပြီး ယခုနှစ်မှာတော့ အဆိုပါနှစ်ရာသီပေါင်း ဂိုးဖန်တီးမှု အရေအတွက်ကို လိုက်မှီဖို့ တကြိမ်သာ လိုအပ်ပါတော့တယ်။

မန်ချက်စတာ ယူနိုက်တက်အသင်း ကတော့ သူတို့အသင်းရဲ့ အဓိက ကွင်းလယ်လူ ပေါလ်ပေါ့ဘာကို အသင်းမှာ ဆက်ထိန်းနိုင်ဖို့ အတွက် စာချုပ်သစ် ဆွေးနွေးမှုတွေကို ပေါ့ဘာရဲ့ အေးဂျင့်ဖြစ်သူ ရိုင်းအိုလာနဲ့ စတင် ပြုလုပ်နေပြီ ဖြစ်ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ မေန႕ညက ကစားခဲ့တဲ့ ေဆာက္သမ္တန္အသင္းနဲ႕ အေဝးကြင္းပြဲမွာ  ႐ုန္းကန္သြားခဲ့ရၿပီး အေဝးကြင္းမွာ သေရတစ္မွတ္ကို အေတာ္ေလးႀကိဳးစား ယူခဲ့ရပါတယ္။

မာရွယ္ပါဝင္လာတဲ့ တိုက္စစ္ပိုင္းဟာ ဘာမွကို မလုပ္ျပနိုင္ခဲ့ဘဲ ကြင္းလယ္ကလဲ အပ်က္မ်ားခဲ့ပါတယ္။ ‌ဖရက္ဒ္ရဲဲ့ Own Goal ကို ေပါ့ဘာရဲ႕ ဖန္တီးေပးမႈ နဲ႕ ဂရင္းဝုဒ္က ျပန္လည္ ေခ်ဖ်က္ခဲ့ရင္း သေရတစ္မွတ္ ရယူခဲ့ရပါတယ္။

သို႔ေပမယ့္ ယူနိုက္တက္အသင္း ကြင္းလယ္လူ ေပါလ္ေပါ့ဘာဟာ မေန႕ညက တဖက္ တဂိုးစီ သေရက်ခဲ့တဲ့ ပြဲမွာ ဂရင္းဝုဒ္ကို ဂိုးဖန္တီးမႈ ၁ႀကိမ္ ျပဳလုပ္နိုင္ခဲ့တာေၾကာင့္ ပရီးမီးယားလိဂ္ရဲ႕ သမိုင္းမွာ ပြဲစဥ္(၂)မွာတင္ ဂိုးဖန္တီးမႈ ၅ႀကိမ္ ျပည့္ခဲ့တဲ့ ပထမဦးဆုံး ကစားသမား အျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။

ေပါ့ဘာဟာ ၿပီးခဲ့တဲ့ ၂၀၁၉-၂၀၂၀နဲ႕ ၂၀၂၀-၂၀၂၁ ေဘာလုံးရာသီတို႔မွာ မန္ခ်က္စတာ ယူနိုက္တက္အသင္း အတြက္ ပရီးမီးယားလိဂ္မွာ ဂိုးဖန္တီးမႈ ၆ႀကိမ္သာ ျပဳလုပ္နိုင္ၿပီး ယခုႏွစ္မွာေတာ့ အဆိုပါႏွစ္ရာသီေပါင္း ဂိုးဖန္တီးမႈ အေရအတြက္ကို လိုက္မွီဖို႔ တႀကိမ္သာ လိုအပ္ပါေတာ့တယ္။

မန္ခ်က္စတာ ယူနိုက္တက္အသင္း ကေတာ့ သူတို႔အသင္းရဲ႕ အဓိက ကြင္းလယ္လူ ေပါလ္ေပါ့ဘာကို အသင္းမွာ ဆက္ထိန္းနိုင္ဖို႔ အတြက္ စာခ်ဳပ္သစ္ ေဆြးေႏြးမႈေတြကို ေပါ့ဘာရဲ႕ ေအးဂ်င့္ျဖစ္သူ ရိုင္းအိုလာနဲ႕ စတင္ ျပဳလုပ္ေနၿပီ ျဖစ္ပါတယ္။