Spots news

ရက်ပိုင်းအတွင်း အောင်မြင်ဖွယ်ရှိနေတဲ့ ကာမာဗင်ဂါနဲ့ ယူနိုက်တက်ရဲ့ အပြောင်းအရွေ့

Unicode Version

ရန်းနက်စ်အသင်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်ရဲ့ လူငယ်ကြယ်ပွင့် ပြင်သစ်ကွင်းလယ်လူ ကာမာဗင်ဂါကို ယခုနွေရာသီ အပြောင်းအရွေ့ ကာလအတွင်းမှာပဲ ရောင်းချဖို့ ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။ ကာမာဗင်ဂါဟာ ရန်းနက်စ်အသင်းနဲ့ စာချုပ် တစ်နှစ်သာ ကျန်ရှိတော့တာပါ။

ကာမာဗင်ဂါဟာ လက်ရှိအချိန်မှာ အသက် ၁၈ နှစ် အရွယ်သာရှိသေးပြီး ဥရောပမှာ ထွန်းတောက်လာမယ့် လူငယ် ကြယ်ပွင့်ကွင်းလယ် ကစားသမားဖြစ်ပြီး သူ့ကိုခေါ်ယူဖို့ ဥရောပထိပ်သီး ကလပ် အသင်းတွေ ရှိနေပေမယ့် မန်ချက်စတာ ယူနိုက်တက်နဲ့ ပီအက်စ်ဂျီ အသင်းတို့ကိုသာ အပြောင်းအရွေ့ ဖြစ်မြောက်ဖို့ ရာခိုင်နှုန်းများနေပါတယ်။

သို့ပေမယ့် ပီအက်စ်ဂျီအသင်းဟာ မက်ဆီ ၊ ရာမို့စ် တို့လို ကစားသမားတွေကို ခေါ်ယူထားတာကြောင့် အသင်းရဲ့ လုပ်ခလစာ ပေးချေရမှု အပြင် ဘဏ္ဌာရေး စည်းမျဉ်းနဲ့ ကိုက်ညီစေဖို့ အသင်းရဲ့ ကစားသမားတွေကို ရောင်းထုတ်ရမှာ ဖြစ်တာကြောင့်ယူနိုက်တက်အသင်း တသင်းထဲကသာ ကာမာဗင်ဂါကို အနောက်အယှက်ကင်းစွာ ခေါ်ယူနိုင်မှာပါ။

ကာမာဗင်ဂါရဲ့ အေးဂျင့်ဖြစ်သူ ဘားနက်ကလည်း သူ့ရဲ့ ကစားသမားကို အိုးထရက်ဖို့ဒ်ဆီ ပို့ဆောင်ဖို့ စိတ်အားထက်သန်နေသလို ယူနိုက်တက်အသင်းကလဲ အပြောင်းအရွေ့ မပိတ်ခင် ကွင်းလယ်လူ တဦးကို ခေါ်ယူဖို့ ကြိုးစားနေတာကြောင့် မကြာမီ ရက်ပိုင်းအတွင်း အပြောင်းအရွေ့ ဖြစ်ပေါ်ဖွယ်ရှိပါတယ်။

ဖာဘရီဇီယို ရိုမာနိုရဲ့ အဆိုအရ ကာမာဗင်ဂါဟာ လက်ကျန် နွေဈေးကွက် အတွင်းမှာ ရန်းနက်စ်အသင်း ကနေ ထွက်ခွာဖို့ အခွင့်အလမ်း များနေပြီး ရန်းနက်စ်အသင်း ကတော့ ကာမာဗင်ဂါကို ပြောင်းရွှေ့ကြေး ယူရို ၃၅သန်း ရရှိရုံနဲ့ ရောင်းချဖို့ ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။

Zawgyi Version

ရန္းနက္စ္အသင္းဟာ မန္ခ်က္စတာ ယူနိုက္တက္အသင္းက ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့ အသင္ရဲ႕ လူငယ္ၾကယ္ပြင့္ ျပင္သစ္ကြင္းလယ္လူ ကာမာဗင္ဂါကို ယခုေႏြရာသီ အေျပာင္းအေ႐ြ႕ ကာလအတြင္းမွာပဲ ေရာင္းခ်ဖိဳ႕ ဆုံးျဖတ္ခဲ့ေၾကာင္း သိရပါတယ္။ ကာမာဗင္ဂါဟာ ရန္းနက္စ္အသင္းနဲ႕ စာခ်ဳပ္ တစ္ႏွစ္သာ က်န္ရွိေတာ့တာပါ။

ကာမာဗင္ဂါဟာ လက္ရွိအခ်ိန္မွာ အသက္ ၁၈ ႏွစ္ အ႐ြယ္သာရွိေသးၿပီး ဥေရာပမွာ ထြန္းေတာက္လာမယ့္ လူငယ္ ၾကယ္ပြင့္ကြင္းလယ္ ကစားသမားျဖစ္ၿပီး သူ႕ကိုေခၚယူဖို႔ ဥေရာပထိပ္သီး ကလပ္ အသင္းေတြ ရွိေနေပမယ့္ မန္ခ်က္စတာ ယူနိုက္တက္နဲ႕ ပီအက္စ္ဂ်ီ အသင္းတို႔ကိုသာ အေျပာင္းအေ႐ြ႕ ျဖစ္ေျမာက္ဖို႔ ရာခိုင္ႏႈန္းမ်ားေနပါတယ္။

သို႔ေပမယ့္ ပီအက္စ္ဂ်ီအသင္းဟာ မက္ဆီ ၊ ရာမို႔စ္ တို႔လို ကစားသမားေတြကို ေခၚယူထားတာေၾကာင့္ အသင္းရဲ႕ လုပ္ခလစာ ေပးေခ်ရမႈ အျပင္ ဘဏၭာေရး စည္းမ်ဥ္းနဲ႕ ကိုက္ညီေစဖို႔ အသင္းရဲ႕ ကစားသမားေတြကို ေရာင္းထုတ္ရမွာ ျဖစ္တာေၾကာင့္ယူနိုက္တက္အသင္း တသင္းထဲကသာ ကာမာဗင္ဂါကို အေနာက္အယွက္ကင္းစြာ ေခၚယူနိုင္မွာပါ။

ကာမာဗင္ဂါရဲ႕ ေအးဂ်င့္ျဖစ္သူ ဘားနက္ကလည္း သူ႕ရဲ႕ ကစားသမားကို အိုးထရက္ဖို႔ဒ္ဆီ ပို႔ေဆာင္ဖို႔ စိတ္အားထက္သန္ေနသလို ယူနိုက္တက္အသင္းကလဲ အေျပာင္းအေ႐ြ႕ မပိတ္ခင္ ကြင္းလယ္လူ တဦးကို ေခၚယူဖို႔ ႀကိဳးစားေနတာေၾကာင့္ မၾကာမီ ရက္ပိုင္းအတြင္း အေျပာင္းအေ႐ြ႕ ျဖစ္ေပၚဖြယ္ရွိပါတယ္။

ဖာဘရီဇီယို ရိုမာနိုရဲ႕ အဆိုအရ ကာမာဗင္ဂါဟာ လက္က်န္ ေႏြေဈးကြက္ အတြင္းမွာ ရန္းနက္စ္အသင္း ကေန ထြက္ခြာဖို႔ အခြင့္အလမ္း မ်ားေနၿပီး ရန္းနက္စ္အသင္း ကေတာ့ ကာမာဗင္ဂါကို ေျပာင္းေ႐ႊ႕ေၾကး ယူရို ၃၅သန္း ရရွိ႐ုံနဲ႕ ေရာင္းခ်ဖိဳ႕ ဆုံးျဖတ္ခဲ့ေၾကာင္း သိရပါတယ္။