မန်ချက်စတာဒါဘီပွဲစဉ် နဲ့ပတ်သတ်ပြီး ကျွန်တော့်တို့ ဘယ်လို အကောင်းဆုံး ကစားမလဲဆိုတာ စဉ်းစားစရာရှိတဲ့အရာတွေကို စဉ်စားထားရမယ်။ မတ်လတုန်းက ကျွန်တော်တို့ ကစားခဲ့တဲ့ ယူနိုက်တက် (2-0) မန်စီးတီး မန်ချက်စတာဒါဘီပွဲစဉ်ဟာ ကျွန်တော့် အတွက် အကောင်းဆုံး မန်ချက်စတာဒါဘီပွဲစဉ် ဖြစ်ခဲ့ဘာတယ် ။
အရိုးသားဆုံးဝန်ခံရရင် အဲ့ပွဲကို ကစားရတာ ကျွန်တော် အင်မတန်မှပျော်ခဲ့ပါတယ်။ပြိုင်ဘက်တွေ ထိန်းရခက်တဲ့ စတာလင်ဆိုတဲ့ ကစားသမားကိုလည်း ကျွန်တော့်ဘက်က ထိန်းသိမ်းမှုရှိစွာနဲ့ ကစားနိုင်ခဲ့ပါတယ်။ ဘောလုံးလုယူပြီးအချိန်တိုင်း ကျွန်တော်ဟာပြန် ပြီး ချက်ချင်းထဆော့ ချင်တယ်။
ဒါမျိုးဆော့နိုင်မှ အသင်းကို ပိုပြီးတော့ကူညီရာလည်း ရောက်ပါတယ်။ မန်စီးတီးနဲ့ ကစားမယ့်ပွဲစဉ်အတွက် ကျွန်တော့်ဘက်က အသင့်ဖြစ်နေပါပြီး။ ကျွန်တော့်အလုပ်တွေ အကောင်းဆုံးဖြစ်နေဖို့ကျွန်တော် ကြိုးစားပါမယ်။ အသင်းဝန်ထမ်းတွေလည်း လေ့ကျင့် ခန်းအစီအစဉ်မှာကျွန်တော့်ကို အချိန်တိုင်းကူညီပေးပါ တယ်။ ကျွန်တော့်ဘက်က တက်နိုင်သလောက်တိုက်စစ် ဘက်ခြမ်းကူကစားပေးတာကို သူတို့က ဖြစ်စေ ချင်ကြ တယ်။
နယူကာဆယ်နဲ့ ပွဲတုန်းက ဂိုးသွင်းနိုင်တဲ့အပေါ်ကျွန် တော်အရမ်းပဲပျော်မိပါတယ်။ ကျွန်တော်ဂိုးသွင်းတဲ့အချိန် ပရိသတ်တွေက မရှိတော့ အောင်ပွဲခံရတာ အောင့်သက်သက်ဖြစ်မိပါတယ်။ ခင်ဗျာက ဂိုးသွင်းယူပြီးတဲ့ အချိန် အောင်ပွဲကတော့ ခံဖြစ်မှာပဲ။ ပရိသတ်တွေက ကွင်းထဲမှာ မရှိခဲ့ပေမယ့်လို့ ကျွန်တော်ဂိုးသွင်းလိုက်တဲ့ အခိုက်အတန့်ကိုတော့နှစ်သက်မိပါတယ်။ ဖာနန်ဒက်က တော့ အသင်းသားတိုင်းကို အကူအညီတွေပေးပါတယ်။ ပွဲမတိုင်ခင်ကျွန်တော့်အနေနဲ့လုပ်သင့်တဲ့အရာတွေသူစဉ်းစားမိတာတွေကို ပြောပြပါတယ်။ သူဘောလုံး ရတဲ့ အချိန် ကျွန်တော့်အနေနဲ့ သူ့အနားမှာရှိစေ ချင်တယ်လို့ လည်းပြောပြ ခဲ့သေးတယ်။
တစ်ခြားကစားသမားတွေနဲ့ လည်းသူဒီလို ကစားပါတယ်။ ဒါကြောင့် သူကစားတဲ့ပုံစံ မျိုးနဲ့ အသင်းကိုအကျိုးပြုအောင် ကျွန်တော် ကြိုးစားမှာ ပါ။
ကျွန်တော် ဂိုးသွင်းပြီးတဲ့အချိန်တုန်းက သူ့က ကျွန်တော် ဂိုးသွင်းတာကို မယုံနိုင်ဘူးလို့ပြော ခဲ့ပါတယ်။
ကျွန်တော် လည်း ဂိုးသွင်းနိုင်တယ်ဆိုတဲ့အကြောင်းကို အဲ့ပွဲမှာပြသ ခဲ့ပါတယ်။ အမှတ်ပေးဇယားမှာ ကျွန်တော်တို့တက်နိုင် သလောက် အမြင့်ဆုံးနေရာမှာရှိအောင်လို့တော့ ကြိုးစား သွားပါမယ်။ အသင်းအတွက် ဆုဖလားတစ်ချို့ရအောင် ယူနိုင်ဖို့လည်းမျှော်လင့်မိပါတယ်။ မန်စီးတီးနဲ့ ပွဲ ပြီးရင် ဝက်ဖို့ဒ်အသင်းနဲ့ FA Cup ပွဲစဉ်ကစားရပါဦးမယ်။ ရှေ့ ဆက်လာမယ့် ပွဲစဉ်တွေမှာ ကျွန်တော်တို့အနေနဲ့ရလဒ် ကောင်းတွေရယူနိုင်ဖို့မျှော်လင့် မိပါတယ်။ ”