Spots news

ဂျူဗင်တပ်ကို စွန့်ခွာဖွယ်ရှိတဲ့ ရော်နယ်ဒိုဟာ မန်ယူ သို့ မန်စီးတီးကို ရောက်နိုင်ကြောင်း သတင်းများက ဖော်ပြ

Unicode Version

မနေ့ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ အူဒီးနိစ်နဲ့ ဂျူဗင်တပ်တို့ရဲ့ ပွဲစဉ်မှာ ဂျူဗင်တပ်အသင်းရဲ့ အဓိက တိုက်စစ်မှူး ရော်နယ်ဒို တယောက် ပွဲထွက် လူစာရင်းမှာ မပါဝင်နိုင်တာဟာ ရော်နယ်ဒိုရဲ့ တောင်းဆိုမှုကြောင့် ဖြစ်ကြောင်း သိရပါတယ်။

ရော်နယ်ဒိုဟာ လာမယ့် ရက်ပိုင်းအတွင်း အပြောင်းအရွှေ့ တခု ပြုလုပ်နိုင်မယ့် အနေအထားမှာ ရှိတာကြောင့် ယခုလို တောင်းဆိုခဲ့တာ ဖြစ်ပြီး သူ့ရဲ့ ကြံ့ခိုင်မှု အနေအထားကို အကောင်းဆုံး ဖြစ်နေအောင် ပြင်ဆင်နေကြောင်း သိရပါတယ်။

လက်ရှိအချိန်အထိတော့ ဂျူဗင်တပ်အသင်းဟာ ရော်နယ်ဒို အတွက် ကမ်းလှမ်းမှုတွေကို မရသေးပေမယ့် ဥရောပ ထိပ်သီး ကလပ်အသင်း တစ်သင်းက ရော်နယ်ဒို အတွက် ကမ်းလှမ်းမှု တခု ကျိန်းသေ ရောက်လာဖို့ ရှိနေပါတယ်။

ရော်နယ်ဒိုကို ဘယ်အသင်းက ခေါ်ယူဖို့ ကမ်းလှမ်းလာမလဲ ဆိုတာ မသိရသေးပေမယ့် မန်ချက်စတာ စီးတီးအသင်းနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်း နှစ်သင်းထဲက တသင်း ဖြစ်နိုင်ကြောင်း သတင်းထောက်တွေက သုံးသပ်နေကြပါတယ်။

ဂျူဗင်တပ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ အူဒီးနီးစ်နဲ့ ၂-၂ ဂိုးသရေကျခဲ့တဲ့ပွဲမှာ လူစားဝင်ရောက် ခဲ့ပြီး နောက်ဆုံးမိနစ်အရောက် အနိုင်ဂိုးသွင်းလိုက်နိုင်ပြီဆိုပြီး အင်္ကျီချွတ်အောင်ပွဲခံခဲ့ပေမယ့် သူ့ရဲ့သွင်းဂိုးက ပယ်ဖျက်ခြင်း ခံခဲ့ရပါတယ်။

Zawgyi Version

မေန႕ညက ယွဥ္ၿပိဳင္ ကစားခဲ့တဲ့ အူဒီးနိစ္နဲ႕ ဂ်ဴဗင္တပ္တို႔ရဲ႕ ပြဲစဥ္မွာ ဂ်ဴဗင္တပ္အသင္းရဲ႕ အဓိက တိုက္စစ္မႉး ေရာ္နယ္ဒို တေယာက္ ပြဲထြက္ လူစာရင္းမွာ မပါဝင္နိုင္တာဟာ ေရာ္နယ္ဒိုရဲ႕ ေတာင္းဆိုမႈေၾကာင့္ ျဖစ္ေၾကာင္း သိရပါတယ္။

ေရာ္နယ္ဒိုဟာ လာမယ့္ ရက္ပိုင္းအတြင္း အေျပာင္းအေ႐ႊ႕ တခု ျပဳလုပ္နိုင္မယ့္ အေနအထားမွာ ရွိတာေၾကာင့္ ယခုလို ေတာင္းဆိုခဲ့တာ ျဖစ္ၿပီး သူ႕ရဲ႕ ႀကံ့ခိုင္မႈ အေနအထားကို အေကာင္းဆုံး ျဖစ္ေနေအာင္ ျပင္ဆင္ေနေၾကာင္း သိရပါတယ္။

လက္ရွိအခ်ိန္အထိေတာ့ ဂ်ဴဗင္တပ္အသင္းဟာ ေရာ္နယ္ဒို အတြက္ ကမ္းလွမ္းမႈေတြကို မရေသးေပမယ့္ ဥေရာပ ထိပ္သီး ကလပ္အသင္း တစ္သင္းက ေရာ္နယ္ဒို အတြက္ ကမ္းလွမ္းမႈ တခု က်ိန္းေသ ေရာက္လာဖို႔ ရွိေနပါတယ္။

ေရာ္နယ္ဒိုကို ဘယ္အသင္းက ေခၚယူဖို႔ ကမ္းလွမ္းလာမလဲ ဆိုတာ မသိရေသးေပမယ့္ မန္ခ်က္စတာ စီးတီးအသင္းနဲ႕ မန္ခ်က္စတာ ယူနိုက္တက္အသင္း ႏွစ္သင္းထဲက တသင္း ျဖစ္နိုင္ေၾကာင္း သတင္းေထာက္ေတြက သုံးသပ္ေနၾကပါတယ္။

ဂ်ဴဗင္တပ္တိုက္စစ္မႉး ေရာ္နယ္ဒိုဟာ အူဒီးနီးစ္နဲ႕ ၂-၂ ဂိုးသေရက်ခဲ့တဲ့ပြဲမွာ လူစားဝင္ေရာက္ ခဲ့ၿပီး ေနာက္ဆုံးမိနစ္အေရာက္ အနိုင္ဂိုးသြင္းလိုက္နိုင္ၿပီဆိုၿပီး အကၤ်ီခြၽတ္ေအာင္ပြဲခံခဲ့ေပမယ့္ သူ႕ရဲ႕သြင္းဂိုးက ပယ္ဖ်က္ျခင္း ခံခဲ့ရပါတယ္။