Spots news

ဆောက်သမ်နဲ့ ပွဲအတွက် ဒိုင်တွေကိုဝေဖန်ခဲ့ပြီး ဖရတ်ဒ်ကို ဆူငေါက်ခဲ့တဲ့ ဆိုးလ်ရှား

Unicode Version

ပရီးမီးယားလိဂ်ပွဲဦးထွက်မှာ ဂိုးပြတ်နိုင်ပြီး အဖွင့်လှခဲ့ပေမယ့် နည်းပြဆိုးရှားရဲ့ နည်းစနစ်ဆိုင်ရာမှားယွင်းမှု ဆိုးရွားတဲ့ ခြေစွမ်းနဲ့အတူ အဝေးကွင်းမှာ သရေတစ်မှတ်နဲ့ ကျေနပ်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ လိဒ်နဲ့ပွဲတုန်းက ၅ ဂိုးအထိ သွင်းပြပြခဲ့တဲ့ ယူနိုက်တက်ဟာ ဆောက်သမ်ကို အဝေးကွင်းမှာ တစ်ဂိုးစီ သရေကျခဲ့ပါတယ်။

ပထမပိုင်း မိနစ်၃၀မှာ ဆောက်သမ်တန်က ဦးဆောင်ဂိုးသွင်းခဲ့ပါတယ်။ ချီအဒမ်ရဲ့ ကန်သွင်းရာမှာ မန်ယူနိုက်တက် ကွင်းလယ်ကစားသမား ဖရတ်ရဲ့ ခြေထောက်နဲ့ထိပြီး ဂိုးဝင်သွားတာ ကြောင့် own goal လို့ သတ်မှတ်ခဲ့ပြီး ယူနိုက်တက်တို့ နောက်က လိုက်ကစားခဲ့ရပါတယ်။

ထိုဂိုးမရမီမှာ ဘရူနိုဖာနန်ဒက်စ်ကို ဆောက်သမ်တန်ဘက်က ပြစ်ဒဏ်ကျူးလွန်ခဲ့ပေမယ့် ပြစ်ဒဏ်ဘောမပေးတဲ့ အပြင် ဂိုးပါပေးလိုက်ရပါတယ်။ သို့ပေမယ့် ဂရင်းဝုဒ်ရဲ့ ဂိုးဖြင့် ယူနိုက်တက်အတွက် သရေ တစ်မှတ်ရခဲ့ပါတယ်။နည်းပြဆိုးလ်ရှားက ဆောက်သမ်တန်ဂိုးက မပေးသင့်ဘူးလို့ဆိုပြီး ဖရက်ဒ်ကိုလည်း ဝေဖန်ခဲ့ပါတယ်။

“ပြစ်ဒဏ်ဘောက ၁၀၀% ဖြစ်ခဲ့ပါတယ် ဒါပေမဲ့ ဖရက်ဒ်က သူရဲ့ ခြေထောက်ကို တွဲလောင်းချသလို မလုပ်သင့်ပါဘူး  သူအနေနဲ့ ပိုပြီးကောင်းတဲ့ တားဆီးမှု လုပ်ရမှာပါ။ ကျွန်တော်တို့ကစားတိုင်းမှာ ပြစ်ဒဏ်ဘောများစွာ ကျူးလွန်ခံရပါတယ်။

သူတို့ဘယ်လိုကစားမလဲဆိုတာ သိတယ် ကျွန်တော်တို့လူတွေကို ချတယ် သူတို့ဘက်က ပြစ်ဒဏ်ဘောများစွာကိုလည်း ဒိုင်လူကြီးက လွတ်ပေးခဲ့ပါတယ်။ သူတို့ဒီအတိုင်းသာ ခွင့်ပြုနေမယ်ဆိုရင် ကျွန်တော်တို့ဒဏ်ရာတွေ ရသွားဖို့ရှိပါတယ်”ဟု ပြောကြားခဲ့သည်။

Zawgyi Version

ပရီးမီးယားလိဂ္ပြဲဦးထြက္မွာ ဂိုးျပတ္နိုင္ၿပီး အဖြင့္လွခဲ့ေပမယ့္ နည္းျပဆိုးရွားရဲ႕ နည္းစနစ္ဆိုင္ရာမွားယြင္းမႈ ဆိုး႐ြားတဲ့ ေျခစြမ္းနဲ႕အတူ အေဝးကြင္းမွာ သေရတစ္မွတ္နဲ႕ ေက်နပ္ခဲ့ရပါတယ္။ ၿပီးခဲ့တဲ့ လိဒ္နဲ႕ပြဲတုန္းက ၅ ဂိုးအထိ သြင္းျပျပခဲ့တဲ့ ယူနိုက္တက္ဟာ ေဆာက္သမ္ကို အေဝးကြင္းမွာ တစ္ဂိုးစီ သေရက်ခဲ့ပါတယ္။

ပထမပိုင္း မိနစ္၃၀မွာ ေဆာက္သမ္တန္က ဦးေဆာင္ဂိုးသြင္းခဲ့ပါတယ္။ ခ်ီအဒမ္ရဲ႕ ကန္သြင္းရာမွာ မန္ယူနိုက္တက္ ကြင္းလယ္ကစားသမား ဖရတ္ရဲ႕ ေျခေထာက္နဲ႕ထိၿပီး ဂိုးဝင္သြားတာ ေၾကာင့္ own goal လို႔ သတ္မွတ္ခဲ့ၿပီး ယူနိုက္တက္တို႔ ေနာက္က လိုက္ကစားခဲ့ရပါတယ္။

ထိုဂိုးမရမီမွာ ဘ႐ူနိုဖာနန္ဒက္စ္ကို ေဆာက္သမ္တန္ဘက္က ျပစ္ဒဏ္က်ဴးလြန္ခဲ့ေပမယ့္ ျပစ္ဒဏ္ေဘာမေပးတဲ့ အျပင္ ဂိုးပါေပးလိုက္ရပါတယ္။ သို႔ေပမယ့္ ဂရင္းဝုဒ္ရဲ႕ ဂိုးျဖင့္ ယူနိုက္တက္အတြက္ သေရ တစ္မွတ္ရခဲ့ပါတယ္။နည္းျပဆိုးလ္ရွားက ေဆာက္သမ္တန္ဂိုးက မေပးသင့္ဘူးလို႔ဆိုၿပီး ဖရက္ဒ္ကိုလည္း ေဝဖန္ခဲ့ပါတယ္။

“ျပစ္ဒဏ္ေဘာက ၁၀၀% ျဖစ္ခဲ့ပါတယ္ ဒါေပမဲ့ ဖရက္ဒ္က သူရဲ႕ ေျခေထာက္ကို တြဲေလာင္းခ်သလို မလုပ္သင့္ပါဘူး  သူအေနနဲ႕ ပိုၿပီးေကာင္းတဲ့ တားဆီးမႈ လုပ္ရမွာပါ။ ကြၽန္ေတာ္တို႔ကစားတိုင္းမွာ ျပစ္ဒဏ္ေဘာမ်ားစြာ က်ဴးလြန္ခံရပါတယ္။

သူတို႔ဘယ္လိုကစားမလဲဆိုတာ သိတယ္ ကြၽန္ေတာ္တို႔လူေတြကို ခ်တယ္ သူတို႔ဘက္က ျပစ္ဒဏ္ေဘာမ်ားစြာကိုလည္း ဒိုင္လူႀကီးက လြတ္ေပးခဲ့ပါတယ္။ သူတို႔ဒီအတိုင္းသာ ခြင့္ျပဳေနမယ္ဆိုရင္ ကြၽန္ေတာ္တို႔ဒဏ္ရာေတြ ရသြားဖို႔ရွိပါတယ္”ဟု ေျပာၾကားခဲ့သည္။