Spots news

နည်းပြမော်ရင်ဟိုလက်အောက်မှာ ရိုးမားအတွက်ခြေစွမ်းတွေပြနေတဲ့ အေဘရာဟမ်

Unicode Version

အီတလီ စီးရီးအေအဖွင့်ပွဲစဉ်မှာ နည်းပြ မော်ရင်ဟိုရဲ့ ရိုးမားအသင်းကတော့ ဖီအိုရင်တီးနားကို ၃-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ရိုးမား အတွက် ဂိုးတွေကို ၂၆ မိနစ်မှာ မစ်ခီတာရီယန် ၊ ၆၄ နဲ့ ၇၉ မိနစှ်ာ ဗယ်ရီတူ တို့က သွင်းယူခဲ့ပြီး ဖီအိုရင်တီးနား အတွက် ဂိုးကိုတော့ မီလန်ကိုဗစ်က သွင်းယူခဲ့တာပါ။

နည်းပြ မော်ရင်ဟိုဟာ ယခုနွေရာသီ အပြောင်းအရွေ့ကမှ ချဲလ်ဆီးကနေ ခေါ်ယူထားခဲ့တဲ့ လူငယ်တိုက်စစ် ကစားသမား အေဘရာဟမ်ကို ပွဲထွက် စေခဲ့ပြီး အေဘရာဟမ်ကလဲ ခြေစွမ်းပြသ နိုင်ခဲ့ပါတယ်။ အေဘရာဟမ်ဟာ မစ်ခီတာရီယန် နဲ့ ဗယ်ရီတူ တို့ရဲ့ သွင်းဂိုး တွေကို ဖန်တီးပေးခဲ့ပြီး ပရိတိသတ်တွေရဲ့ ယုံကြည်မှုကို ရယူခဲ့ပါတယ်။

သို့ပေမယ့် ပွဲချိန် ၆၉ မိနစ်မှာတော့ အေဘရာဟမ်ဟာ ဒဏ်ရာရရှိခဲ့တာကြောင့် လူစားလဲခဲ့ရပြီး တစ်ဖက်မှာတော့ ဖီအိုရင်တီးနား ဂိုးသမား ဒရာဂိုစကီးက ၁၇ မိနစ်မှည တိုက်ရိုက်အနီနှင့် ရိုးမားကွင်းလယ် တိုက်စစ်ကစားသမား ဇာနီယိုလိုက ၅၂ မိနစ်မှာ နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံရပါတယ်။

နည်းပြမော်ရင်ဟိုဟာ အင်တာမီလန်အသင်းကို ပြောင်းရွေ့သွားတဲ့ ဒီဇီကိုရဲ့ နေရာကို အစားထိုးဖို့ မကြာသေးမီ ရက်ပိုင်းကမှ အသင်းဟောင်း ချဲလ်ဆီးရဲ့ အင်္ဂလန်တိုက်စစ်မှူး အေဘရာဟမ်ကို ပေါင် ၃၄ သန်းဖြင့် ခေါ်ယူကာ ၅ နှစ်စာချုပ် ချုပ်ဆိုထားခဲ့ပါတယ်။

Zawgyi Version

အီတလီ စီးရီးေအအဖြင့္ပြဲစဥ္မွာ နည္းျပ ေမာ္ရင္ဟိုရဲ႕ ရိုးမားအသင္းကေတာ့ ဖီအိုရင္တီးနားကို ၃-၁ ဆိုတဲ့ ရလဒ္နဲ႕ အနိုင္ရရွိခဲ့ပါတယ္။ ရိုးမား အတြက္ ဂိုးေတြကို ၂၆ မိနစ္မွာ မစ္ခီတာရီယန္ ၊ ၆၄ နဲ႕ ၇၉ မိနစွ္ာ ဗယ္ရီတူ တို႔က သြင္းယူခဲ့ၿပီး ဖီအိုရင္တီးနား အတြက္ ဂိုးကိုေတာ့ မီလန္ကိုဗစ္က သြင္းယူခဲ့တာပါ။

နည္းျပ ေမာ္ရင္ဟိုဟာ ယခုေႏြရာသီ အေျပာင္းအေ႐ြ႕ကမွ ခ်ဲလ္ဆီးကေန ေခၚယူထားခဲ့တဲ့ လူငယ္တိုက္စစ္ ကစားသမား ေအဘရာဟမ္ကို ပြဲထြက္ ေစခဲ့ၿပီး ေအဘရာဟမ္ကလဲ ေျခစြမ္းျပသ နိုင္ခဲ့ပါတယ္။ ေအဘရာဟမ္ဟာ မစ္ခီတာရီယန္ နဲ႕ ဗယ္ရီတူ တို႔ရဲ႕ သြင္းဂိုး ေတြကို ဖန္တီးေပးခဲ့ၿပီး ပရိတိသတ္ေတြရဲ႕ ယုံၾကည္မႈကို ရယူခဲ့ပါတယ္။

သို႔ေပမယ့္ ပြဲခ်ိန္ ၆၉ မိနစ္မွာေတာ့ ေအဘရာဟမ္ဟာ ဒဏ္ရာရရွိခဲ့တာေၾကာင့္ လူစားလဲခဲ့ရၿပီး တစ္ဖက္မွာေတာ့ ဖီအိုရင္တီးနား ဂိုးသမား ဒရာဂိုစကီးက ၁၇ မိနစ္မွည တိုက္ရိုက္အနီႏွင့္ ရိုးမားကြင္းလယ္ တိုက္စစ္ကစားသမား ဇာနီယိုလိုက ၅၂ မိနစ္မွာ ႏွစ္ဝါတစ္နီျဖင့္ ထုတ္ပယ္ခံရပါတယ္။

နည္းျပေမာ္ရင္ဟိုဟာ အင္တာမီလန္အသင္းကို ေျပာင္းေ႐ြ႕သြားတဲ့ ဒီဇီကိုရဲ႕ ေနရာကို အစားထိုးဖို႔ မၾကာေသးမီ ရက္ပိုင္းကမွ အသင္းေဟာင္း ခ်ဲလ္ဆီးရဲ႕ အဂၤလန္တိုက္စစ္မႉး ေအဘရာဟမ္ကို ေပါင္ ၃၄ သန္းျဖင့္ ေခၚယူကာ ၅ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုထားခဲ့ပါတယ္။