Spots news

အကောင်းဆုံးဖြစ်နေတဲ့ ချဲလ်ဆီးက တီကိုကွင်းလယ်လူ ဆာအူးလ်ကို အငှားခေါ်ဖို့ ပြင်ဆင်နေ

Unicode Version

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးအသင်းဟာ အသင်းမှာ ပွဲထွက်ခွင့် ပုံမှန်မရရှိတဲ့ အက်သလက်တီကို ကွင်းလယ်လူ ဆာအူးလ်ကို ယခုနွေ အပြောင်းအရွေ့ကာလ မပိတ်ခင်မှာ တစ်ရာသီ အငှားနဲ့ ခေါ်ယူဖို့ ကြိုးစားနေကြောင်း စပိန်သတင်းမီဒိယာ များကဖော်ပြသွားပါတယ်။

မန်စီးတီးရဲ့ ပရီးမီးယားလိဂ် ဖလားကို စိန်ခေါ်ဖို့ အကောင်းဆုံး အနေအထားမှာ ရှိနေတဲ့ ချဲလ်ဆီးဟာ အင်တာတိုက်စစ်မှူး လူကာကူကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၉၈သန်းနဲ့ ပြန်လည်ခေါ်ယူခဲ့ပြီးနောက် ရာသီအစပွဲစဉ်တွေမှာ ခြေစွမ်းကောင်းတွေ ပြသထားသလို ထပ်မံအင်အား ဖြည့်တင်းမှုများလဲ ပြလုပ်ဖို့ ပြင်ဆင်နေပါတယ်။

ဆာအူးလ်ဟာ အက်သလက်တီကိုမှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးခဲ့ရပြီးနောက် အသင်းပြောင်းရွှေ့ဖို့ ပြင်ဆင်နေသူ ဖြစ်ပြီး ချဲလ်ဆီးအပြင် မန်ချက်စတာ ယူနိုက်တက် အသင်းကလဲ ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။

အက်သလက်တီကို အသင်းက ဆာအူးလ်အတွက် ပေါင် ၃၈ သန်း ကြေငြာထားတာ ဖြစ်ပြီး ချဲလ်ဆီးဟာ အသင်းရှိလူအင်အားကို အရင်ဆုံးလျှော့ချဖို့ လိုအပ်နေတာကြောင့် တစ်ရာသီ အငှား + အပြီးသတ်ခေါ်ယူခွင့်နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်လာတာ ဖြစ်ပါတယ်။

ချဲလ်ဆီး အသင်းဟာ လက်ရှိနွေရာသီမှာ ဇာပါကော်စတာကို ပေါင် ၈သန်းတန် အပြီးသတ်ခေါ်ယူခွင့်အပါအဝင် အငှားစာချုပ်နဲ့ အတ္တလန္တာကို ပြောင်းရွှေ့သွားပြီး တိုက်စစ်မှူး အော့ဘိုကလည်း ဘယ်လ်ဂျီယံကလပ် ဂျန့်ကို ပေါင် ၅သန်းနဲ့ ပြောင်းရွှေ့သွားပါတယ်။

ချဲလ်ဆီးအသင်းဟာ ယခုနွေမှာ တိုက်စစ်မှူး အေဘရာဟမ်ကလဲ ရိုးမားကို ပြောင်းရွေ့သွားပြီ ဖြစ်သလို ကွင်းလယ် ကစားသမားတွေဖြစ်ကြတဲ့ ဘာကာယိုကို၊ ဒရင့်ဝါးတားနဲ့ ဘာကလေတို့ကိုလည်း ယခုနွေဈေးကွက်အတွင်း ရောင်းထုတ်ဖို့ ကြိုးစားနေပါတယ်။

Zawgyi Version

ပရီးမီးယားလိဂ္ ကလပ္ ခ်ဲလ္ဆီးအသင္းဟာ အသင္းမွာ ပြဲထြက္ခြင့္ ပုံမွန္မရရွိတဲ့ အက္သလက္တီကို ကြင္းလယ္လူ ဆာအူးလ္ကို ယခုေႏြ အေျပာင္းအေ႐ြ႕ကာလ မပိတ္ခင္မွာ တစ္ရာသီ အငွားနဲ႕ ေခၚယူဖို႔ ႀကိဳးစားေနေၾကာင္း စပိန္သတင္းမီဒိယာ မ်ားကေဖာ္ျပသြားပါတယ္။

မန္စီးတီးရဲ႕ ပရီးမီးယားလိဂ္ ဖလားကို စိန္ေခၚဖို႔ အေကာင္းဆုံး အေနအထားမွာ ရွိေနတဲ့ ခ်ဲလ္ဆီးဟာ အင္တာတိုက္စစ္မႉး လူကာကူကို ကလပ္စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၉၈သန္းနဲ႕ ျပန္လည္ေခၚယူခဲ့ၿပီးေနာက္ ရာသီအစပြဲစဥ္ေတြမွာ ေျခစြမ္းေကာင္းေတြ ျပသထားသလို ထပ္မံအင္အား ျဖည့္တင္းမႈမ်ားလဲ ျပလုပ္ဖို႔ ျပင္ဆင္ေနပါတယ္။

ဆာအူးလ္ဟာ အက္သလက္တီကိုမွာ ပုံမွန္ပြဲထြက္ခြင့္ ေပ်ာက္ဆုံးခဲ့ရၿပီးေနာက္ အသင္းေျပာင္းေ႐ႊ႕ဖို႔ ျပင္ဆင္ေနသူ ျဖစ္ၿပီး ခ်ဲလ္ဆီးအျပင္ မန္ခ်က္စတာ ယူနိုက္တက္ အသင္းကလဲ ေခၚယူဖို႔ ေစာင့္ၾကည့္ေနပါတယ္။

အက္သလက္တီကို အသင္းက ဆာအူးလ္အတြက္ ေပါင္ ၃၈ သန္း ေၾကျငာထားတာ ျဖစ္ၿပီး ခ်ဲလ္ဆီးဟာ အသင္းရွိလူအင္အားကို အရင္ဆုံးေလွ်ာ့ခ်ဖိဳ႕ လိုအပ္ေနတာေၾကာင့္ တစ္ရာသီ အငွား + အၿပီးသတ္ေခၚယူခြင့္နဲ႕ ကမ္းလွမ္းဖို႔ ျပင္ဆင္လာတာ ျဖစ္ပါတယ္။

ခ်ဲလ္ဆီး အသင္းဟာ လက္ရွိေႏြရာသီမွာ ဇာပါေကာ္စတာကို ေပါင္ ၈သန္းတန္ အၿပီးသတ္ေခၚယူခြင့္အပါအဝင္ အငွားစာခ်ဳပ္နဲ႕ အတၱလႏၲာကို ေျပာင္းေ႐ႊ႕သြားၿပီး တိုက္စစ္မႉး ေအာ့ဘိုကလည္း ဘယ္လ္ဂ်ီယံကလပ္ ဂ်န႔္ကို ေပါင္ ၅သန္းနဲ႕ ေျပာင္းေ႐ႊ႕သြားပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ယခုေႏြမွာ တိုက္စစ္မႉး ေအဘရာဟမ္ကလဲ ရိုးမားကို ေျပာင္းေ႐ြ႕သြားၿပီ ျဖစ္သလို ကြင္းလယ္ ကစားသမားေတြျဖစ္ၾကတဲ့ ဘာကာယိုကို၊ ဒရင့္ဝါးတားနဲ႕ ဘာကေလတို႔ကိုလည္း ယခုေႏြေဈးကြက္အတြင္း ေရာင္းထုတ္ဖို႔ ႀကိဳးစားေနပါတယ္။