Spots news

မျှော်မှန်းထားသည်ထက် ရပ်ရှ်ဖို့ဒ် လျှင်မြန်စွာသက်သာ‌လာကြောင်း ဆိုးလ်ရှား အတည်ပြု

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်း နည်းပြ ဆိုးလ်ရှားက အသင်းရဲ့တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်ရဲ့ ယူရိုပြိုင်ပွဲအပြီး ခွဲစိတ်ထားတဲ့ ပခုံးဒဏ်ရာမှာ အလွန်တိုးတက်ကောင်းမွန်လာခဲ့ပြီး ယခုအချိန်တွင် ကိုယ်ပိုင်လေ့ကျင့်ခန်းများ စလုပ်နေပြီဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။

ရပ်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ နိုဝင်ဘာလကတည်းက ပခုံးဒဏ်ရာရရှိနေပြီး ယူနိုက်တက်ရဲ့ ပွဲစဉ်တွေနဲ့ ယူရိုပြိုင်ပွဲတွေကို ဒဏ်ရာရှိလျက်နှင့် ကစားခဲ့တာ ဖြစ်ပါတယ်။ ဇူလိုင်လအတွင်းက ခွဲစိတ်ကုသမှုခံယူရန် ဆုံးဖြတ်လိုက်ပြီး အနားယူနေခဲ့ပါတယ်။

ယူနိုက်တက်နည်ူပြ ဆိုးလ်ရှားက ”ခွဲစိတ်ထားတဲ့ ဒဏ်ရာနဲ့ ပတ်သက်ပြီး သူ့ကို ကြည့်ရတာ အရမ်းကျေနပ်နေပုံရတယ်။ ပျော်ပျော်ရွှင်ရွှင်လည်း ရှိပါတယ်။ Gym ခန်းမှာ လေ့ကျင့်ခန်းတွေ ကြိုးစားလုပ်နေတာကိုလည်း ကျွန်တော် နေ့တိုင်းမြင်နေရပါတယ်။

ဒါကြောင့်လည်း သူ့ရဲ့ အနားယူချိန်ကာလက သတ်မှတ်ထားတဲ့ အချိန်ထက် ပိုပြီးမြန်မြန်ဆန်ဆန် ကစားနိုင်တာဖြစ်ပါလိမ့်မယ်။ အခုတော့ တစ်ဦးတည်း လေ့ကျင့်နေပြီး ဆောင်းဦးကာလလောက်ဆိုရင် အသင်းအတွက် သူပြန်ကစားပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်”ဟု ဆိုခဲ့ပါတယ်။

နည်းပြဆိုးလ်ရှားက အင်္ဂလန်အသင်းရဲ့ ယူရိုဗိုလ်လုပွဲမှာ ပင်နယ်တီ လွဲချော်၍ ဝေဖန်မှုများနှင့် ရင်ဆိုင်‌နေရတဲ့ ရပ်ရှ်ဖို့ဒ်နှင့် ဆန်ချိုတို့ဟာ ဒေးဗစ်ဘက်ခမ်နှင့် ရော်နယ်လ်ဒိုတို့ကဲ့သို့ ဝေဖန်မှုများကို ကျော်လွှားကာ အကောင်းဆုံးပုံစံ ပြသလိမ့်မည်ဟု ဆိုခဲ့ပါတယ်။

Zawgyi Version




