Unicode Version
မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်း ဂယ်ရီနေဗီးလ်က ယူနိုက်တက်အနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ရေးအတွက် ဗာရန်းနှင့် ဆန်ချိုတို့ကို ခေါ်ယူရုံဖြင့် မလုံလောက်ပဲ ထိပ်တန်း တိုက်စစ်မှူး တစ်ယောက်ခေါ်ယူရန် လိုအပ်နေပြီး ဟယ်ရီကိန်းကို ထပ်မံခေါ်ယူရန် တိုက်တွန်း လိုက်ပါတယ်။
နည်းပြဆိုးရှားဟာ ယခုနွေရာသီ အပြောင်းအရွေ့မှာ ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ ကျော်သုံးပြီး တောင်ပံကစားသမား ဆန်ချိုနှင့် နောက်ခံလူ ဗာရန်းတို့ကို ခေါ်ယူခဲ့ပါတယ် ။ ယူနိုက်တက်ဟာ ပီးခဲ့တဲ့ ရာသီက အဆင့် ၂ နေရာဖြင့်သာ ကျေနပ်ခဲ့ရတဲ့အတွက် ဒီရာသိမှာ ပြိုင်ဘက်မန်စီးတီး အသင်းထံမှ ဆုလားကို ပြန်လည်ရယူဖို့ ပြင်ဆင်နေတာပါ။
ယူနိုက်တက်ဟာ ဟယ်ရီကိန်းကို ခေါ်ယူနိုင်ပါက ပရီးမီးယားလိဂ် ချန်ပီယံဆုကို အမှန်တကယ် စိန်ခေါ်နိုင်ပြီဟု နေဗီးလ်က ယုံကြည်နေပါတယ်။ “ဗာရန်းနဲ့ ဆန်ချိုကို ခေါ်ယူထားရုံနဲ့ မလုံလောက်သေးဘူး။ ချဲလ်ဆီးက လူကာကူ၊ မန်စီးတီးကလည်း ဂရီးလစ်ရှ်ကို ခေါ်ထားတယ်။ မန်စီးတီးကသာ ကိန်းကို ရသွားရင် ကြီးမားတဲ့ အန္တရာယ်ဖြစ်လာနိုင်တယ်”
“ သမိုင်းမှာ အကောင်းဆုံး ကစားသမားတွေကို ယူနိုက်တက်က လိုက်လေ့ရှိတယ်။ မာရှယ်၊ ဂျိမ်းစ်၊ လင်ဂတ်တို့ကို ရောင်းထုတ်ပြီး ဟယ်ရီကိန်းကို ခေါ်ယူဖို့ ဘာဖြစ်လို့ မကြိုးစားသလဲ မသိပါဘူး။ ဟယ်ရီကိန်းကိုခေါ်ယူဖို့ ဘာဖြစ်လို့ မန်ယူ မကြိုးစားသလဲမသိပါဘူး။ ဟယ်ရီကိန်းကိုရရင် မယူနိုက်တက်ဟာ ရာသီအကုန်မှာ ရမှတ် ၉၄၊ ၉၅ မှတ်လောက်အထိ မှန်းနိုင်မယ်
ယူနိုက်တက်မှာ ကာဗာနီနဲ့ မာရှယ်တို့ကို အစားထိုးဖို့လဲ လိုနေပါတယ်။ မာရှယ်က ကောင်းမွန်တဲ့ ခြေစွမ်းမရှိပါဘူး။ ဒီအချိန်မှာ ဘာလို့ ကိန်းကို ရအောင်ခေါ်ဖို့ မကြိုးစားတာလဲ။ ဆန်ချို၊ ဗာရန်းတို့ကိုခေါ်ပြီး ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်တယ် ထင်သလားမသိပါဘူး” ဟု ဂယ်ရီနေဗီးလ်က ပြောကြားခဲ့ပါတယ်။
Zawgyi Version