Spots news

အူဘာမီယန်းကို ရောင်းထုတ်ဖို့ ဆုံးဖြတ်လိုက်တဲ့ အာဆင်နယ်

Unicode Version

အာဆင်နယ်အသင်းဟာ တိုက်စစ်မှူး အူဘာမီယန်းကို သင့်တော်သည့် ပြောင်းရွှေ့ကြေးရရှိပါက ယခုနွေရာသီ အပြောင်းအရွှေ့ ကာလအတွင်း ရောင်းထုတ်ရန် စီစဉ်နေပြီး ကမ်းလှမ်းမှုများကို စောင့်မျှော်နေကြောင်း သိရပါတယ်။

အာဆင်နယ်အသင်းဟာ အသင်းကို ပြောင်းလဲပြင်ဆင်မှုများ ပြုလုပ်ရန် ရည်ရွယ်ထားသော်လည်း ဘဏ္ဍာရေး ကန့်သတ်ချက်ကြောင့် အသင်းမှ ကစားသမားများကို ရောင်းထုတ်ပြီးမှသာ ကစားသမားသစ် ထပ်မံခေါ်ယူနိုင်မည့် အခြေအနေ ဖြစ်နေပါတယ်။

အာဆင်နယ် အသင်းဟာ ကစားသမားအချို့ကို ရောင်းထုတ်ရန် စီစဉ်နေပြီး တိုက်စစ်မှူး အူဘာမီယန်းလည်း ပါဝင်လာပါတယ်။အူဘာမီယန်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကမှ အာဆင်နယ်အသင်းနှင့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့သူဖြစ်ပြီး တစ်ပတ်ပေါင် ၃၅၀၀၀၀ အထိ ရရှိနေသူပါ။

သို့ပေမယ့် စာချုပ်သက်တမ်းတိုးပြီး နောက်ပိုင်း ခြေစွမ်းကျဆင်းလာသည့်အတွက် အာဆင်နယ်အသင်းက ရောင်းထုတ်ရန် လိုလားနေခြင်းဖြစ်ပြီး တိုက်စစ်ပိုင်း အပြောင်းအလဲပြုလုပ်ရန် စီစဉ်နေသည့် ဘာစီလိုနာအသင်းက ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရပါတယ်။

သို့ပေမယ့် ဘာစီလိုနာအသင်းဟာ ငွေကြေးသုံးစွဲနိုင်စွမ်းမရှိသည့် အခြေအနေ ဖြစ်နေသောကြောင့် အသင်းမှ ကစားသမားများနှင့် အလဲအထပ်လုပ်ကမ်းလှမ်းရန်သာ ဆန္ဒရှိနေပြီး အာဆင်နယ်အသင်းကမူ ငွေသားဖြင့် ကမ်းလှမ်းမှုကို ပိုမိုလိုလားနေကြောင်း သိရပါတယ်။

Zawgyi Version

အာဆင္နယ္အသင္းဟာ တိုက္စစ္မႉး အူဘာမီယန္းကို သင့္ေတာ္သည့္ ေျပာင္းေ႐ႊ႕ေၾကးရရွိပါက ယခုေႏြရာသီ အေျပာင္းအေ႐ႊ႕ ကာလအတြင္း ေရာင္းထုတ္ရန္ စီစဥ္ေနၿပီး ကမ္းလွမ္းမႈမ်ားကို ေစာင့္ေမွ်ာ္ေနေၾကာင္း သိရပါတယ္။

အာဆင္နယ္အသင္းဟာ အသင္းကို ေျပာင္းလဲျပင္ဆင္မႈမ်ား ျပဳလုပ္ရန္ ရည္႐ြယ္ထားေသာ္လည္း ဘ႑ာေရး ကန႔္သတ္ခ်က္ေၾကာင့္ အသင္းမွ ကစားသမားမ်ားကို ေရာင္းထုတ္ၿပီးမွသာ ကစားသမားသစ္ ထပ္မံေခၚယူနိုင္မည့္ အေျခအေန ျဖစ္ေနပါတယ္။

အာဆင္နယ္ အသင္းဟာ ကစားသမားအခ်ိဳ႕ကို ေရာင္းထုတ္ရန္ စီစဥ္ေနၿပီး တိုက္စစ္မႉး အူဘာမီယန္းလည္း ပါဝင္လာပါတယ္။အူဘာမီယန္းဟာ ၿပီးခဲ့တဲ့ စက္တင္ဘာလကမွ အာဆင္နယ္အသင္းႏွင့္ သက္တမ္းတိုးစာခ်ဳပ္ ခ်ဳပ္ဆိုခဲ့သူျဖစ္ၿပီး တစ္ပတ္ေပါင္ ၃၅၀၀၀၀ အထိ ရရွိေနသူပါ။

သို႔ေပမယ့္ စာခ်ဳပ္သက္တမ္းတိုးၿပီး ေနာက္ပိုင္း ေျခစြမ္းက်ဆင္းလာသည့္အတြက္ အာဆင္နယ္အသင္းက ေရာင္းထုတ္ရန္ လိုလားေနျခင္းျဖစ္ၿပီး တိုက္စစ္ပိုင္း အေျပာင္းအလဲျပဳလုပ္ရန္ စီစဥ္ေနသည့္ ဘာစီလိုနာအသင္းက ေခၚယူရန္ စိတ္ဝင္စားေနေၾကာင္း သိရပါတယ္။

သို႔ေပမယ့္ ဘာစီလိုနာအသင္းဟာ ေငြေၾကးသုံးစြဲနိုင္စြမ္းမရွိသည့္ အေျခအေန ျဖစ္ေနေသာေၾကာင့္ အသင္းမွ ကစားသမားမ်ားႏွင့္ အလဲအထပ္လုပ္ကမ္းလွမ္းရန္သာ ဆႏၵရွိေနၿပီး အာဆင္နယ္အသင္းကမူ ေငြသားျဖင့္ ကမ္းလွမ္းမႈကို ပိုမိုလိုလားေနေၾကာင္း သိရပါတယ္။