Spots news

အလွတ်နဲ့ ဆုံးရှုံးရဖွယ်ရှိလို့ ဘာပေကို ယခုနွေမှာ ရောင်းချတော့မယ့် ပီအက်စ်ဂျီ

Unicode Version

စာချုပ်သစ် သက်တမ်းမတိုးနိုင်ခဲ့ပါက ပီအက်စ်ဂျီအသင်းဟာ တိုက်စစ်မှူး ဘာပေကို အသင်းမှ အလွတ်ထွက်ခွာခွင့် ပေးရမယ့် အခြေအနေမျိုး ရှိနေပါတယ် ။ ဘာပေဟာ စာချုပ်သက်တမ်း ‌၁ နှစ်သာ ကျန်ရှိပြီး စာချုပ်သစ် ကမ်းလှမ်းမှု တွေဟာလဲ တိုးတက်မှုမရှိ ဖြစ်နေပါတယ်။

ဘာပေဟာ စိန်ခေါ်မှု အသစ်တွေ ‌ရင်ဆိုင်ဖို့ အသင်းက ထွက်ခွာချင်နေသလို စာချုပ်သစ်မှာ ၅နှစ် စာချုပ်နဲ့ လုပ်ခလစာကိုလည်း မက်ဆီနဲ့ နေမာ ပြီးရင် အမြင့်ဆုံးအဖြစ် ပေးချေဖို့ ပီအက်စ်ဂျီက ကမ်းလှမ်းထားပေမယ့် အမ်ဘာ‌ပေက ငြင်းဆန်ထားကြောင်း သတင်းများအရ သိရပါတယ်။

ဘာပေကို ခေါ်ယူဖို့ စပိန်ကလပ် ရီးရဲလ်မက်ဒရစ်၊ ပရီးမီးယားလိဂ် ကလပ် မန်ယူနိုက်တက် နဲ့ လီဗာပူးလ်တို့က စိတ်ဝင်စားနေကြပြီး စာချုပ်သက်တမ်းကလဲ ၁ နှစ်သာ ကျန်ရှိတော့ပေမယ့်လည်း ပီအက်စ်ဂျီဟာ ဘာ‌ပေကို ပေါင်သန်း ၁၈၀ ခန့်အထိ အသုံးပြု၍ ခေါ်ယူခဲ့ရတာကြောင့် ဈေးပေါပေါနဲ့ ရောင်းချဖွယ် မရှိပါဘူး။

လက်ရှိ အချိန်မှာ ရီးရဲလ်မက်ဒရစ်ဟာ ဘဏ္ဍာရေး အခြေအနေကြောင့် ဘာ‌ပေကိုခေါ်ယူဖို့ကို ‌အလွတ်နဲ့ ရရှိတဲ့ အထိစောင့်ဆိုင်းပြီး အကြိုသဘောတူညီမှု ရယူဖို့ ပြင်ဆင်နေပါတယ်။ မန်ချက်စတာ ယူနိုက်တက် နဲ့ လီဗာပူးတို့ကလည်း ဘာပေကို ရီးရဲလ်မက်ဒရစ် နဲ့အပြိုင်ကြိုးစား လာဖွယ် ရှိနေပါတယ်

Zawgyi Version

စာခ်ဳပ္သစ္ သက္တမ္းမတိုးနိုင္ခဲ့ပါက ပီအက္စ္ဂ်ီအသင္းဟာ တိုက္စစ္မႉး ဘာေပကို အသင္းမွ အလြတ္ထြက္ခြာခြင့္ ေပးရမယ့္ အေျခအေနမ်ိဳး ရွိေနပါတယ္ ။ ဘာေပဟာ စာခ်ဳပ္သက္တမ္း ‌၁ ႏွစ္သာ က်န္ရွိၿပီး စာခ်ဳပ္သစ္ ကမ္းလွမ္းမႈ ေတြဟာလဲ တိုးတက္မႈမရွိ ျဖစ္ေနပါတယ္။

ဘာေပဟာ စိန္ေခၚမႈ အသစ္ေတြ ‌ရင္ဆိုင္ဖို႔ အသင္းက ထြက္ခြာခ်င္ေနသလို စာခ်ဳပ္သစ္မွာ ၅ႏွစ္ စာခ်ဳပ္နဲ႕ လုပ္ခလစာကိုလည္း မက္ဆီနဲ႕ ေနမာ ၿပီးရင္ အျမင့္ဆုံးအျဖစ္ ေပးေခ်ဖိဳ႕ ပီအက္စ္ဂ်ီက ကမ္းလွမ္းထားေပမယ့္ အမ္ဘာ‌ေပက ျငင္းဆန္ထားေၾကာင္း သတင္းမ်ားအရ သိရပါတယ္။

ဘာေပကို ေခၚယူဖို႔ စပိန္ကလပ္ ရီးရဲလ္မက္ဒရစ္၊ ပရီးမီးယားလိဂ္ ကလပ္ မန္ယူနိုက္တက္ နဲ႕ လီဗာပူးလ္တို႔က စိတ္ဝင္စားေနၾကၿပီး စာခ်ဳပ္သက္တမ္းကလဲ ၁ ႏွစ္သာ က်န္ရွိေတာ့ေပမယ့္လည္း ပီအက္စ္ဂ်ီဟာ ဘာ‌ေပကို ေပါင္သန္း ၁၈၀ ခန႔္အထိ အသုံးျပဳ၍ ေခၚယူခဲ့ရတာေၾကာင့္ ေဈးေပါေပါနဲ႕ ေရာင္းခ်ဖြယ္ မရွိပါဘူး။

လက္ရွိ အခ်ိန္မွာ ရီးရဲလ္မက္ဒရစ္ဟာ ဘ႑ာေရး အေျခအေနေၾကာင့္ ဘာ‌ေပကိုေခၚယူဖို႔ကို ‌အလြတ္နဲ႕ ရရွိတဲ့ အထိေစာင့္ဆိုင္းၿပီး အႀကိဳသေဘာတူညီမႈ ရယူဖို႔ ျပင္ဆင္ေနပါတယ္။ မန္ခ်က္စတာ ယူနိုက္တက္ နဲ႕ လီဗာပူးတို႔ကလည္း  ရီးရဲလ္မက္ဒရစ္ နဲ႕အၿပိဳင္ႀကိဳးစား လာဖြယ္ ရွိေနပါတယ္