Unicode Version
ဝက်စ်ဟမ်းအသင်းရဲ့ တိုက်စစ်မှူး အန်တိုနီယိုဟာ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လက်စတာအသင်းနဲ့ပွဲမှာ သွင်းဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် သူ့ရဲ့ ဝက်စ်ဟမ်း ကစားသမားဘဝ
ပရီးမီးယားလိဂ် သွင်းဂိုးဟာ ၄၈ဂိုးအထိ ရှိလာခဲ့ပြီး ဝက်စ်ဟမ်းအသင်းရဲ့ သမိုင်းတလျှောက် ပရီးမီးယားလိဂ် သွင်းဂိုး အများဆုံး သွင်းယူပေးနိုင်တဲ့ ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ယခင်က ဝက်စ်ဟမ်းအသင်းရဲ့ သမိုင်းတလျှောက် ပရီးမီးယားလိဂ် သွင်းဂိုး အများဆုံး သွင်းယူပေးထားနိုင်တဲ့ ကစားသမားကတော့ ဂန္တဝင် တိုက်စစ်မှူးကြီး ဒီကာနီယို (၄၆ဂိုး)ပဲ ဖြစ်ပါတယ်။
အန်တိုနီယိုဟာ ယခင်က နောက်ခံလူ တဦး ဖြစ်ခဲ့ပေမယ့် ဝက်စ်ဟမ်းအသင်းရဲ့ တိုက်စစ်ပိုင်း လိုအပ်ချက်အရ ရှေ့တက် ကစားပေးရင်း တိုက်စစ်မှူး တဦး ဖြစ်လာတာကြောင့် ပရီးမီးယားလိဂ်သွင်းဂိုး ၄၈ဂိုး အထိ သွင်းယူနိုင်ခဲ့တာဟာ မဖြစ်နိုင်တဲ့ အောင်မြင်မှု တခုကို ရယူပြခဲ့တာပါပဲ။
လက်ရှိအချိန်မှာတော့ အန်တိုနီယိုဟာ ပရီးမီးယားလိဂ် သွင်းဂိုး ၃ဂိုး အထိ ရရှိထားတာကြောင့် ဂိုးသွင်းအများဆုံး ကစားသမား စာရင်းရဲ့ ပထမနေရာမှာ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ဖာနန်ဒက်နဲ့ ပူးတွဲ ရပ်တည်နေပါတယ်။
Zawgyi Version
စာချုပ်သစ် သက်တမ်းမတိုးနိုင်ခဲ့ပါက ပီအက်စ်ဂျီအသင်းဟာ တိုက်စစ်မှူး ဘာပေကို အသင်းမှ အလွတ်ထွက်ခွာခွင့် ပေးရမယ့် အခြေအနေမျိုး ရှိနေပါတယ် ။ ဘာပေဟာ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိပြီး စာချုပ်သစ် ကမ်းလှမ်းမှု တွေဟာလဲ တိုးတက်မှုမရှိ ဖြစ်နေပါတယ်။
ဘာပေဟာ စိန်ခေါ်မှု အသစ်တွေ ရင်ဆိုင်ဖို့ အသင်းက ထွက်ခွာချင်နေသလို စာချုပ်သစ်မှာ ၅နှစ် စာချုပ်နဲ့ လုပ်ခလစာကိုလည်း မက်ဆီနဲ့ နေမာ ပြီးရင် အမြင့်ဆုံးအဖြစ် ပေးချေဖို့ ပီအက်စ်ဂျီက ကမ်းလှမ်းထားပေမယ့် အမ်ဘာပေက ငြင်းဆန်ထားကြောင်း သတင်းများအရ သိရပါတယ်။
ဘာပေကို ခေါ်ယူဖို့ စပိန်ကလပ် ရီးရဲလ်မက်ဒရစ်၊ ပရီးမီးယားလိဂ် ကလပ် မန်ယူနိုက်တက် နဲ့ လီဗာပူးလ်တို့က စိတ်ဝင်စားနေကြပြီး စာချုပ်သက်တမ်းကလဲ ၁ နှစ်သာ ကျန်ရှိတော့ပေမယ့်လည်း ပီအက်စ်ဂျီဟာ ဘာပေကို ပေါင်သန်း ၁၈၀ ခန့်အထိ အသုံးပြု၍ ခေါ်ယူခဲ့ရတာကြောင့် ဈေးပေါပေါနဲ့ ရောင်းချဖွယ် မရှိပါဘူး။
လက်ရှိ အချိန်မှာ ရီးရဲလ်မက်ဒရစ်ဟာ ဘဏ္ဍာရေး အခြေအနေကြောင့် ဘာပေကိုခေါ်ယူဖို့ကို အလွတ်နဲ့ ရရှိတဲ့ အထိစောင့်ဆိုင်းပြီး အကြိုသဘောတူညီမှု ရယူဖို့ ပြင်ဆင်နေပါတယ်။ မန်ချက်စတာ ယူနိုက်တက် နဲ့ လီဗာပူးတို့ကလည်း ဘတ်ပီကို ရီးရဲလ်မက်ဒရစ် နဲ့အပြိုင်ကြိုးစား လာဖွယ် ရှိနေပါတယ်