Unicode Version
စပါးအသင်းရဲ့အဓိကတိုက်စစ်မှူး ဟယ်ရီကိန်းဟာ လတ်တလော အနာဂတ်နဲ့ ပတ်သက်ပြီး မသေမချာ ဖြစ်နေပေမယ့် နည်းပြနူနိုဆန်တိုကတော့ ပရိသတ်တွေအနေနဲ့ ဟယ်ရီကိန်းကို အရင်အတိုင်း ဆက်လက်အားပေးကြဖို့ တောင်းဆိုလိုက်ပါတယ်။
ဟယ်ရီကိန်းဟာ ကြံ့ခိုင်မှုရှိအောင် အနားယူနေတာကြောင့် မန်စီးတီးနဲ့ ပရီးမီးယားလိဂ်ပွဲ၊ ပါကို့စ်ဒီဖာရဲရားနဲ့ ကစားခဲ့တဲ့ UEFA Europa Conference League
ပွဲတွေကို လွဲချော်ခဲ့ပြီး မနေ့က ဝုလ်ဗ်အသင်းကို ၁-၀ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာတော့ ပွဲပြီးခါနီး ၁၈ မိနစ်အလိုမှာ ပါဝင် ကစားခဲ့ပါတယ်။
ဟယ်ရီကိန်း အနေနဲ့ အခုနွေရာသီမှာ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့ဖို့ ဆန္ဒပြင်းပြ နေပေမယ့် သူ လူစားဝင်လာချိန်နဲ့ ပွဲအပြီးမှာ
စပါးအသင်းပရိသတ်တွေက လက်ခုပ်တီးပြီး အားပေးခဲ့ကြသလို ဟယ်ရီကိန်းကလည်း ပရိသတ်တွေကို ကျေးဇူးတင်တဲ့ အနေနဲ့ ပြန်လည် နှုတ်ဆက်ခဲ့ပါတယ်။
ဝုလ်ဗ်အသင်းနဲ့ ပွဲအပြီးမှာ နူနိုဆန်တိုက “ စပါးအသင်းမှာ ပရိသတ်တွေ သာမက ကစားသမားတစ်ယောက်ချင်းဟာ အကောင်းဆုံး ဖြစ်စေချင်တဲ့ ဆန္ဒရှိပြီးသားပါ ။
ဟယ်ရီကိန်းကို ပရိသတ်တွေရဲ့ အားပေးမှုအတွက် ကျွန်တော် ဝမ်းမြောက်ကျေနပ်မိပြီး အဲဒီအတွက်လည်း သူတို့ကို ကျေးဇူးတင် ပါတယ်”လို့ ပြောကြား ခဲ့ပါတယ်။
စပါးအသင်းဟာ ဝုလ်ဗ်အသင်းကို အလီရဲ့ပယ်နယ်တီဂိုးနဲ့ အနိုင်ယူခဲ့သလို ဒါက အလီအတွက် ၁၇ လအကြာမှာ
ပထမဆုံး သွင်းယူခဲ့တဲ့ပရီးမီးယားလိဂ်ဂိုး ဖြစ်ပြီး အခုဆို စပါးအသင်း ပရီးမီးယားလိဂ် ၂ ပွဲကစားပြီးချိန်မှာ ၆မှတ်အပြည့် ရယူနိုင်ခဲ့ပါပြီ။
Zawgyi Version
စပါးအသင္းရဲ႕အဓိကတိုက္စစ္မႉး ဟယ္ရီကိန္းဟာ လတ္တေလာ အနာဂတ္နဲ႕ ပတ္သက္ၿပီး မေသမခ်ာ ျဖစ္ေနေပမယ့္ နည္းျပႏူနိုဆန္တိုကေတာ့ ပရိသတ္ေတြအေနနဲ႕ ဟယ္ရီကိန္းကို အရင္အတိုင္း ဆက္လက္အားေပးၾကဖို႔ ေတာင္းဆိုလိုက္ပါတယ္။
ဟယ္ရီကိန္းဟာ ႀကံ့ခိုင္မႈရွိေအာင္ အနားယူေနတာေၾကာင့္ မန္စီးတီးနဲ႕ ပရီးမီးယားလိဂ္ပြဲ၊ ပါကို႔စ္ဒီဖာရဲရားနဲ႕ ကစားခဲ့တဲ့ UEFA Europa Conference League
ပြဲေတြကို လြဲေခ်ာ္ခဲ့ၿပီး မေန႕က ဝုလ္ဗ္အသင္းကို ၁-၀ဂိုးနဲ႕ အနိုင္ရခဲ့တဲ့ ပြဲမွာေတာ့ ပြဲၿပီးခါနီး ၁၈ မိနစ္အလိုမွာ ပါဝင္ ကစားခဲ့ပါတယ္။
ဟယ္ရီကိန္း အေနနဲ႕ အခုေႏြရာသီမွာ မန္စီးတီးအသင္းဆီ ေျပာင္းေ႐ႊ႕ဖို႔ ဆႏၵျပင္းျပ ေနေပမယ့္ သူ လူစားဝင္လာခ်ိန္နဲ႕ ပြဲအၿပီးမွာ
စပါးအသင္းပရိသတ္ေတြက လက္ခုပ္တီးၿပီး အားေပးခဲ့ၾကသလို ဟယ္ရီကိန္းကလည္း ပရိသတ္ေတြကို ေက်းဇူးတင္တဲ့ အေနနဲ႕ ျပန္လည္ ႏႈတ္ဆက္ခဲ့ပါတယ္။
ဝုလ္ဗ္အသင္းနဲ႕ ပြဲအၿပီးမွာ ႏူနိုဆန္တိုက “ စပါးအသင္းမွာ ပရိသတ္ေတြ သာမက ကစားသမားတစ္ေယာက္ခ်င္းဟာ အေကာင္းဆုံး ျဖစ္ေစခ်င္တဲ့ ဆႏၵရွိၿပီးသားပါ ။
ဟယ္ရီကိန္းကို ပရိသတ္ေတြရဲ႕ အားေပးမႈအတြက္ ကြၽန္ေတာ္ ဝမ္းေျမာက္ေက်နပ္မိၿပီး အဲဒီအတြက္လည္း သူတို႔ကို ေက်းဇူးတင္ ပါတယ္”လို႔ ေျပာၾကား ခဲ့ပါတယ္။
စပါးအသင္းဟာ ဝုလ္ဗ္အသင္းကို အလီရဲ႕ပယ္နယ္တီဂိုးနဲ႕ အနိုင္ယူခဲ့သလို ဒါက အလီအတြက္ ၁၇ လအၾကာမွာ
ပထမဆုံး သြင္းယူခဲ့တဲ့ပရီးမီးယားလိဂ္ဂိုး ျဖစ္ၿပီး အခုဆို စပါးအသင္း ပရီးမီးယားလိဂ္ ၂ ပြဲကစားၿပီးခ်ိန္မွာ ၆မွတ္အျပည့္ ရယူနိုင္ခဲ့ပါၿပီ။