Spots news

အာဂျင်တီးနား လက်ရွေးစင်အသင်းအတွက် ပြန်လည်ရွေးချယ်ခံရတဲ့ ဒိုင်ဘာလာ

Unicode Version

စီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ်အသင်းရဲ့ တိုက်စစ်မှူး ဒိုင်ဘာလာဟာ ၂ နှစ်နီးပါး ပါဝင်ခွင့် မရခဲ့တဲ့ အာဂျင်တီးနား လက်ရွေးစင်အသင်းမှာ လက်ရွေးစင် အဖြစ် ပြန်လည် ရွေးချယ်ခံခဲ့ရကြောင်း သိရပါတယ်။

ဒိုင်ဘာလာဟာ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလက အာဂျင်တီးတာနား လက်ရွေးစင် အသင်းအတွက် နောက်ဆုံး ရွေးချယ်ခံခဲ့ရပြီးကတည်းက ဝေးကွာနေခဲ့ခြင်း ဖြစ်ပြီး ကိုပါအမေရိက ချန်ပီယံအသင်းတွင်လည်း ပါဝင်ခွင့် မရခဲ့ပါဘူး။

ယခုအခါ စက်တင်ဘာလမှာ ယှဉ်ပြိုင်ရမည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲများအတွက် ပြန်လည်ရွေးချယ်ခံရခြင်း ဖြစ်ပြီး PSG တိုက်စစ်မှူး မက်ဆီ၊ အင်တာမီလန် တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်တို့လည်း ပါဝင်ခဲ့ပါတယ်။

ဒိုင်ဘာလာဟာ အာဂျင်တီးနား လက်ရွေးစင်အဖြစ် ၂၀၁၅ ခုနှစ်ကတည်းက စတင် ရွေးချယ်ခံခဲ့ရသော်လည်း ၂၉ ပွဲ ကစားပြီး ၂ ဂိုးသာ သွင်းယူထားနိုင်ကြောင်း သိရပါတယ်။

Zawgyi Version

စီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ်အသင်း ရြဲ တိုက်စစ်မှူး ဒိုင်ဘာလာဟာ ၂ နှစ်နီးပါး ပါဝင်ခွင့် မရခဲ့တဲ့ အာဂျင်တီးနား လက်ရွေးစင်အသင်းမှာ လက်ရွေးစင် အဖြစ် ပြန်လည် ရွေးချယ်ခံခဲ့ရကြောင်း သိရပါတယ်။


