Spots news

ရော်နယ်ဒိုကို ခေါ်ယူရန် စတင်စုံစမ်းနေပြီ ဖြစ်တဲ့ ပရီးမီးယားလိဂ် ကလပ်အသင်း

Unicode Version

ဂျူဗင်တပ်စ် အသင်းတိုက်စစ်မှူး ရော်နယ်ဒိုကို ခေါ်ယူဖို့အတွက် ပြီးခဲ့တဲ့ ရက်တွေအတွင်း ပရီးမီးယားလိဂ် အသင်းတစ်သင်းက ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ RMC က ဖော်ပြခဲ့ပါတယ်။

ပီအက်စ်ဂျီနဲ့ အသင်းဟောင်း ရီးရဲလ်တို့က ရော်နယ်ဒိုကို စိတ်ဝင်စားနေချိန်မှာ အမှန်တကယ်မေးမြန်းမှု ပြုလုပ်ခဲ့တဲ့ အသင်းကတော့ အင်္ဂလန်တစ်သင်းတည်း သာဖြစ်တယ်လို့လည်း ဆိုပါတယ်။

အဆိုပါအသင်းက ဘယ်အသင်းလဲ ဆိုတာကို ဖော်ပြထားခြင်း မရှိပေမယ့် တိုက်စစ်မှူးလိုအပ်ချက် မြင့်မားနေတဲ့ မန်စီးတီးဖြစ်မယ်လို့ ယူဆရပါတယ်။

အသက် ၃၆ နှစ်အရွယ် ရော်နယ်ဒိုဟာ ဂျူဗီနဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ကို ရောက်ရှိနေတာဖြစ်ပြီး သူ့ကိုခေါ်ယူလိုပါက ပေါင် ၂၅သန်းတည်းနဲ့ ရရှိနိုင်မယ် လို့လည်း သိရပါတယ်။

ဂျူဗီနဲ့ ရော်နယ်ဒိုတို့ စာချုပ်သစ်အတွက် အသင့်မဖြစ်သေးချိန်မှာပဲ ပြီးခဲ့တဲ့ အူဒီနီးနဲ့ပွဲမှာ ပေါ်တူဂီသားက အရန်ကစားသမား အဖြစ်နဲ့သာ ပါဝင်ခဲ့ရပါတယ်။ ဂျူဗီကတော့ ရော်နယ်ဒိုအသင်းမှာ ဆက်ရှိနေမယ်လို့

အခိုင်အမာ ပြောဆိုနေခဲ့ပေမယ့် ကစားသမားရဲ့ အသင်းမှာရှိနေတဲ့ အခန်းကဏ္ဍက သူ့ရဲ့အနာဂတ်ကို အဆုံးအဖြတ် ပေးနိုင်ဖွယ်ရှိနေကာ လက်ကျန်အပြောင်းအရွှေ့ စျေးကွက် နေ့ရက်တွေက စိတ်ဝင်စားဖွယ် ရှိနေပါတယ်။

နည်းပြအယ်လီဂရီက ဒီဘာလာ နဲ့ မိုရာတာတို့ကို ပိုမိုဦးစားပေးချင်တဲ့ သဘောမှာရှိနေကာ ရော်နယ်ဒိုက ကြံ့ခိုင်မှု ပြည့်ဝနေခဲ့ပေမယ့် အူဒီနီးနဲ့ပွဲမှာ အရန်ခုံမှာ ထားခဲ့တာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ကစားသမားနဲ့ စကားပြောဆိုပြီးမှ ဆုံးဖြတ်ခဲ့တယ်လို့ သူက ဖြေရှင်းခဲ့ပြီး

တဖက်မှာတော့ ဂျူဗီဒု-ဥက္ကဌနက်ဗက်က ရော်နယ်ဒိုဟာ ကြံ့ခိုင်မှုမပြည့်ဝသေးဘူးလို့ ပြောဆိုခဲ့လို့ အသင်းတွင်းမှာတင် ကွဲလွဲမှုတွေရှိနေပါတယ်။ ဒါကြောင့် ရော်နယ်ဒိုရဲ့ အနာဂတ်က ပြန်လှုပ်ခတ်လာပြီး စောင့်ကြည့်ရမယ့် အဖြစ်ကို ရောက် လာခဲ့ပါတယ်။

Zawgyi Version

ဂ်ဴဗင္တပ္စ္ အသင္းတိုက္စစ္မႉး ေရာ္နယ္ဒိုကို ေခၚယူဖို႔အတြက္ ၿပီးခဲ့တဲ့ ရက္ေတြအတြင္း ပရီးမီးယားလိဂ္ အသင္းတစ္သင္းက ဆက္သြယ္မႈေတြ ျပဳလုပ္ခဲ့တယ္လို႔ RMC က ေဖာ္ျပခဲ့ပါတယ္။

ပီအက္စ္ဂ်ီနဲ႕ အသင္းေဟာင္း ရီးရဲလ္တို႔က ေရာ္နယ္ဒိုကို စိတ္ဝင္စားေနခ်ိန္မွာ အမွန္တကယ္ေမးျမန္းမႈ ျပဳလုပ္ခဲ့တဲ့ အသင္းကေတာ့ အဂၤလန္တစ္သင္းတည္း သာျဖစ္တယ္လို႔လည္း ဆိုပါတယ္။

အဆိုပါအသင္းက ဘယ္အသင္းလဲ ဆိုတာကို ေဖာ္ျပထားျခင္း မရွိေပမယ့္ တိုက္စစ္မႉးလိုအပ္ခ်က္ ျမင့္မားေနတဲ့ မန္စီးတီးျဖစ္မယ္လို႔ ယူဆရပါတယ္။

အသက္ ၃၆ ႏွစ္အ႐ြယ္ ေရာ္နယ္ဒိုဟာ ဂ်ဴဗီနဲ႕ စာခ်ဳပ္သက္တမ္း ေနာက္ဆုံးႏွစ္ကို ေရာက္ရွိေနတာျဖစ္ၿပီး သူ႕ကိုေခၚယူလိုပါက ေပါင္ ၂၅သန္းတည္းနဲ႕ ရရွိနိုင္မယ္ လို႔လည္း သိရပါတယ္။

ဂ်ဴဗီနဲ႕ ေရာ္နယ္ဒိုတို႔ စာခ်ဳပ္သစ္အတြက္ အသင့္မျဖစ္ေသးခ်ိန္မွာပဲ ၿပီးခဲ့တဲ့ အူဒီနီးနဲ႕ပြဲမွာ ေပၚတူဂီသားက အရန္ကစားသမား အျဖစ္နဲ႕သာ ပါဝင္ခဲ့ရပါတယ္။ ဂ်ဴဗီကေတာ့ ေရာ္နယ္ဒိုအသင္းမွာ ဆက္ရွိေနမယ္လို႔

အခိုင္အမာ ေျပာဆိုေနခဲ့ေပမယ့္ ကစားသမားရဲ႕ အသင္းမွာရွိေနတဲ့ အခန္းက႑က သူ႕ရဲ႕အနာဂတ္ကို အဆုံးအျဖတ္ ေပးနိုင္ဖြယ္ရွိေနကာ လက္က်န္အေျပာင္းအေ႐ႊ႕ ေစ်းကြက္ ေန႕ရက္ေတြက စိတ္ဝင္စားဖြယ္ ရွိေနပါတယ္။

နည္းျပအယ္လီဂရီက ဒီဘာလာ နဲ႕ မိုရာတာတို႔ကို ပိုမိုဦးစားေပးခ်င္တဲ့ သေဘာမွာရွိေနကာ ေရာ္နယ္ဒိုက ႀကံ့ခိုင္မႈ ျပည့္ဝေနခဲ့ေပမယ့္ အူဒီနီးနဲ႕ပြဲမွာ အရန္ခုံမွာ ထားခဲ့တာျဖစ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။ ကစားသမားနဲ႕ စကားေျပာဆိုၿပီးမွ ဆုံးျဖတ္ခဲ့တယ္လို႔ သူက ေျဖရွင္းခဲ့ၿပီး

တဖက္မွာေတာ့ ဂ်ဴဗီဒု-ဥကၠဌနက္ဗက္က ေရာ္နယ္ဒိုဟာ ႀကံ့ခိုင္မႈမျပည့္ဝေသးဘူးလို႔ ေျပာဆိုခဲ့လို႔ အသင္းတြင္းမွာတင္ ကြဲလြဲမႈေတြရွိေနပါတယ္။ ဒါေၾကာင့္ ေရာ္နယ္ဒိုရဲ႕ အနာဂတ္က ျပန္လႈပ္ခတ္လာၿပီး ေစာင့္ၾကည့္ရမယ့္ အျဖစ္ကို ေရာက္ လာခဲ့ပါတယ္။