Spots news

ဇန်နဝါရီမှာ ဟာလန်းကို အပြိုင်လုကြမယ့် မန်ချက်စတာ ပြိုင်ဘက်နှစ်သင်း

Unicode Version

ဇန်နဝါရီမှာ အသင်းပြောင်းရွှေ့ဖွယ်ရှိနေတဲ့ ဟာလန်း ကို လက်ဦးမှုရယူနိုင်ဖို့ မန်ချက်စတာ ၂ သင်း ပစ်မှတ်ထားနေပြီး ဒီနှစ် နွေရာသီအပြောင်းအရွှေ့မှာတော့ ဂျာမန်မြေကနေ ဟာလန်း မထွက်ခွါတော့ဘူးဆိုတာသေချာနေပါပြီ။ ဒါပေမဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာတော့ ဟာလန်း တယောက် ဒေါ့မွန် ကနေ ထွက်ခွါဖို့ရှိနေပါတယ်။

Marca သတင်းစာရဲ့ အဆိုအရ ဒေါ့မွန်အသင်းနဲ့ ဟာလန်း တို့ ချုပ်ဆိုထားတဲ့ စာချုပ်ထဲက အချက်တချက်ဟာ လာမယ့် ဇန်နဝါရီကာလမှာ စတင် အသက်ဝင်တော့မယ်လို့ သိရပါတယ်။ အဲ့ဒီအချက်ကတော့ လျော်ကြေးပေးပြီး အသင်းကနေထွက်ခွါနိုင်တယ်ဆိုတဲ့ အချက်ပါ။

အသင်းဟောင်း ဆဲလ်ဘာ့ ကနေ ပြောင်းရွှေ့လာခဲ့တုန်းက ဒေါ့မွန်အသင်းမှာ ၂ နှစ်တိတိ သေချာပေါက်ကစားမယ်လို့ ဟာလန်း နဲ့ သူ့ရဲ့အေးဂျင့် ရွိုင်အိုလာ က ကတိပေးခဲ့ပြီး ၂ နှစ်ပြည့်တဲ့အခါ လျော်ကြေးပေးပြီး အသင်းပြောင်းရွှေ့နိုင်တဲ့အချက်ကို ထည့်သွင်းချုပ်ဆိုဖို့ တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

လာမယ့် ဇန်နဝါရီလ ရောက်ရင်တော့ ဒေါ့မွန်အသင်းကို ဟာလန်း ရောက်တာ ၂ နှစ်ပြည့်ပြီဖြစ်ပါတယ်။ ဥရောပအသင်းကြီးတိုင်းက ခေါ်ယူဖို့ စိတ်ဝင်စားခြင်းခံနေရတဲ့အချိန်မှာ ဒေါ့မွန်အသင်းကလည်း ဆုဖလားတွေကို စိန်ခေါ်နိုင်တဲ့ အနေအထားမျိုးမရှိတာကြောင့် ဟာလန်း အနေနဲ့ အသင်းပြောင်းရွှေ့ဖို့ စဉ်းစားနေပြီလို့ သတင်းတွေကဆိုပါတယ်။

မန်ချက်စတာမြို့ခံ ၂ သင်းဖြစ်တဲ့ မန်ယူ နဲ့ မန်စီးတီးအသင်းတို့ကတော့ ဟာလန်း ကို တခြားဥရောပအသင်းကြီးတွေထက် လက်ဦးမှုရယူကာ ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားပြင်ဆင်နေပြီလို့ သိရပါတယ်။ဟာလန်း က မန်ယူအသင်း ကာလရှည်ပစ်မှတ်ထားနေတဲ့ တိုက်စစ်မှူးဖြစ်သလို နည်းပြ ဆိုးလ်ရှား ရဲ့ တပည့်ဟောင်းလည်း ဖြစ်တာကြောင် အလားအလာ ပိုကောင်းတယ်လို့ ဆိုရမှာပါ။

ဒါပေမဲ့ မန်စီးတီးအသင်းကလည်း ကမ္ဘာ့အဆင့်ကစားသမားတိုင်း လာချင်တဲ့ အသင်းမျိုးဖြစ်နေပြီဖြစ်တဲ့အပြင် ဟာလန်း ရဲ့ ဖခင်ကစားခဲ့ဖူးတဲ့ အသင်းဟောင်းဖြစ်တာကြောင့် ခေါ်ယူနိုင်ဖို့ ဖြစ်နိုင်ပါသေးတယ်။ပေါက်ကြားထားတဲ့ စာချုပ်ပါအချက်အလက်တွေအရ ဒေါ့မွန် နဲ့ ဟာလန်း တို့

ချုပ်ဆိုထားတဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ပေါင်သန်း ၇၀ ဝန်းကျင်ပဲရှိတာကြောင့် သူ့ကိုခေါ်ယူချင်နေတဲ့ အသင်းတွေအနေနဲ့ အေးဂျင့် ရွိုင်အိုလာ ကို အေးဂျင့်ကြေးအဖြစ် ငွေတွေသာပုံပေးလိုက်ရင် ဟာလန်း ကို သေချာပေါက် ခေါ်ယူနိုင်အောင် ရွိုင်အိုလာ က စွမ်းဆောင်ပေးလိမ့်မယ်လို့ ထင်မြင်မိပါတယ်။

Zawgyi Version

ဇန္နဝါရီမွာ အသင္းေျပာင္းေ႐ႊ႕ဖြယ္ရွိေနတဲ့ ဟာလန္း ကို လက္ဦးမႈရယူနိုင္ဖို႔ မန္ခ်က္စတာ ၂ သင္း ပစ္မွတ္ထားေနၿပီး ဒီႏွစ္ ေႏြရာသီအေျပာင္းအေ႐ႊ႕မွာေတာ့ ဂ်ာမန္ေျမကေန ဟာလန္း မထြက္ခြါေတာ့ဘူးဆိုတာေသခ်ာေနပါၿပီ။ ဒါေပမဲ့ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕မွာေတာ့ ဟာလန္း တေယာက္ ေဒါ့မြန္ ကေန ထြက္ခြါဖို႔ရွိေနပါတယ္။

Marca သတင္းစာရဲ႕ အဆိုအရ ေဒါ့မြန္အသင္းနဲ႕ ဟာလန္း တို႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ထဲက အခ်က္တခ်က္ဟာ လာမယ့္ ဇန္နဝါရီကာလမွာ စတင္ အသက္ဝင္ေတာ့မယ္လို႔ သိရပါတယ္။ အဲ့ဒီအခ်က္ကေတာ့ ေလ်ာ္ေၾကးေပးၿပီး အသင္းကေနထြက္ခြါနိုင္တယ္ဆိုတဲ့ အခ်က္ပါ။

အသင္းေဟာင္း ဆဲလ္ဘာ့ ကေန ေျပာင္းေ႐ႊ႕လာခဲ့တုန္းက ေဒါ့မြန္အသင္းမွာ ၂ ႏွစ္တိတိ ေသခ်ာေပါက္ကစားမယ္လို႔ ဟာလန္း နဲ႕ သူ႕ရဲ႕ေအးဂ်င့္ ႐ြိုင္အိုလာ က ကတိေပးခဲ့ၿပီး ၂ ႏွစ္ျပည့္တဲ့အခါ ေလ်ာ္ေၾကးေပးၿပီး အသင္းေျပာင္းေ႐ႊ႕နိုင္တဲ့အခ်က္ကို ထည့္သြင္းခ်ဳပ္ဆိုဖို႔ ေတာင္းဆိုခဲ့ၾကတယ္လို႔ သိရပါတယ္။

လာမယ့္ ဇန္နဝါရီလ ေရာက္ရင္ေတာ့ ေဒါ့မြန္အသင္းကို ဟာလန္း ေရာက္တာ ၂ ႏွစ္ျပည့္ၿပီျဖစ္ပါတယ္။ ဥေရာပအသင္းႀကီးတိုင္းက ေခၚယူဖို႔ စိတ္ဝင္စားျခင္းခံေနရတဲ့အခ်ိန္မွာ ေဒါ့မြန္အသင္းကလည္း ဆုဖလားေတြကို စိန္ေခၚနိုင္တဲ့ အေနအထားမ်ိဳးမရွိတာေၾကာင့္ ဟာလန္း အေနနဲ႕ အသင္းေျပာင္းေ႐ႊ႕ဖို႔ စဥ္းစားေနၿပီလို႔ သတင္းေတြကဆိုပါတယ္။

မန္ခ်က္စတာၿမိဳ႕ခံ ၂ သင္းျဖစ္တဲ့ မန္ယူ နဲ႕ မန္စီးတီးအသင္းတို႔ကေတာ့ ဟာလန္း ကို တျခားဥေရာပအသင္းႀကီးေတြထက္ လက္ဦးမႈရယူကာ ေခၚယူနိုင္ဖို႔ ပစ္မွတ္ထားျပင္ဆင္ေနၿပီလို႔ သိရပါတယ္။ဟာလန္း က မန္ယူအသင္း ကာလရွည္ပစ္မွတ္ထားေနတဲ့ တိုက္စစ္မႉးျဖစ္သလို နည္းျပ ဆိုးလ္ရွား ရဲ႕ တပည့္ေဟာင္းလည္း ျဖစ္တာေၾကာင္ အလားအလာ ပိုေကာင္းတယ္လို႔ ဆိုရမွာပါ။

ဒါေပမဲ့ မန္စီးတီးအသင္းကလည္း ကမာၻ႔အဆင့္ကစားသမားတိုင္း လာခ်င္တဲ့ အသင္းမ်ိဳးျဖစ္ေနၿပီျဖစ္တဲ့အျပင္ ဟာလန္း ရဲ႕ ဖခင္ကစားခဲ့ဖူးတဲ့ အသင္းေဟာင္းျဖစ္တာေၾကာင့္ ေခၚယူနိုင္ဖို႔ ျဖစ္နိုင္ပါေသးတယ္။ေပါက္ၾကားထားတဲ့ စာခ်ဳပ္ပါအခ်က္အလက္ေတြအရ ေဒါ့မြန္ နဲ႕ ဟာလန္း တို႔

ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ဖ်က္သိမ္းေၾကးဟာ ေပါင္သန္း ၇၀ ဝန္းက်င္ပဲရွိတာေၾကာင့္ သူ႕ကိုေခၚယူခ်င္ေနတဲ့ အသင္းေတြအေနနဲ႕ ေအးဂ်င့္ ႐ြိုင္အိုလာ ကို ေအးဂ်င့္ေၾကးအျဖစ္ ေငြေတြသာပုံေပးလိုက္ရင္ ဟာလန္း ကို ေသခ်ာေပါက္ ေခၚယူနိုင္ေအာင္ ႐ြိုင္အိုလာ က စြမ္းေဆာင္ေပးလိမ့္မယ္လို႔ ထင္ျမင္မိပါတယ္။