Spots news

အဲရစ်ဆင်ကို အသက်ကယ်ခဲ့လို့ ဂုဏ်ပြုခံရမယ့် နောက်ခံလူ ကေဂျာတို့အဖွဲ့နဲ့ သတင်းတိုများ

Unicode Version

ပြီးခဲ့တဲ့ ယူရို၂၀၂၀ပြိုင်ပွဲမှာ ရုတ်တရတ် နှလုံးထဖောက်ကာ ကွင်းအတွင်း သတိလစ် လဲကျခဲ့တဲ့ ဒိန်းမတ် ကွင်းလယ်လူ အဲရစ်ဆင်ရဲ့ အသက်ကို အချိန်မီ ကယ်တင်ပေးခဲ့ကြတဲ့ ဒိန်းမတ်အသင်းခေါင်းဆောင် ကေဂျာနဲ့ ဆေးအဖွဲ့ဟာ

၂၀၂၁ခုနှစ် UEFA President Award ကို ရရှိမယ်လို့ သိရပါတယ်။ UEFA President Awardဟာ ဘောလုံးလောကရဲ့ အထင်ကရ ဆုတံဆိပ်တွေထဲက တခု ဖြစ်တာကြောင့် ကေဂျာအတွက်တော့ ဂုဏ်ယူစရာပါပဲ။

ရီးရဲလ်မက်ဒရစ်အသင်းဟာ အသင်းရဲ့ တက်သစ်စ ကွင်းလယ်ကြယ်ပွင့် ဗယ်ဗာဒီကို ၂၀၂၇ခုနှစ် ဇွန်လ အထိ သက်တမ်း ရှိတဲ့ စာချုပ်သစ် တရပ် ချုပ်ဆိုနိုင်ခဲ့ကြောင်း တရားဝင် ထုတ်ပြန် ကြေညာသွားပါတယ်။

အာဆင်ဝင်းဂါး ဟာ ဒီကနေ့မှာ လီဗာပူး အသင်းရဲ့ လေ့ကျင့်ရေးကွင်းကို သွားရောက် ခဲ့ပြီး ၂၀၂၀ ခုနှစ်အတွက် ဖီဖာ အကောင်းဆုံး အမျိုးသား အသင်း ဆုရှင်တွေ ဖြစ်ကြတဲ့

ကလောပ့် ၊ တီယာဂို ၊ အလီဆွန် ၊ ဗန်ဒိုက် ၊ အာနိုး တို့ကို ဆုတွေ ပေးအပ် ခဲ့ပါတယ်။ အာဆင် ဝင်းဂါးဟာ FIFA’s Global Football Development ရဲ့ အကြီးအကဲ ဖြစ်ပါတယ် ။

စီးရီးအေကလပ် အတ္တလန်တာအသင်းဟာ ချယ်လ်ဆီးအသင်းမှ အီတလီညာနောက်ခံလူ ဇာပါကော်စတာကို ပြောင်းရွှေ့ကြေးယူရို ၁၀ သန်းဝန်းကျင်ဖြင့်ခေါ်ယူကာ ၄ နှစ်စာချုပ် ချုပ်ဆိုခဲ့ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။

ဇာပါကော်စတာဟာ ၂၀၁၇ နွေရာသီအပြောင်းအရွှေ့ကာလက တိုရီနိုအသင်းမှ ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့လာသူဖြစ်ပြီး ချယ်လ်ဆီး အသင်းတွင် ပုံမှန်ပွဲ ကစားခွင့်မရခဲ့ဘဲ ရိုးမား၊ ဂျီနိုအာ အသင်းများသို့အငှားသွားရောက်ကစားခဲ့ရပါတယ်။

Zawgyi Version

ၿပီးခဲ့တဲ့ ယူရို၂၀၂၀ၿပိဳင္ပြဲမွာ ႐ုတ္တရတ္ ႏွလုံးထေဖာက္ကာ ကြင္းအတြင္း သတိလစ္ လဲက်ခဲ့တဲ့ ဒိန္းမတ္ ကြင္းလယ္လူ အဲရစ္ဆင္ရဲ႕ အသက္ကို အခ်ိန္မီ ကယ္တင္ေပးခဲ့ၾကတဲ့ ဒိန္းမတ္အသင္းေခါင္းေဆာင္ ေကဂ်ာနဲ႕ ေဆးအဖြဲ႕ဟာ

၂၀၂၁ခုႏွစ္ UEFA President Award ကို ရရွိမယ္လို႔ သိရပါတယ္။ UEFA President Awardဟာ ေဘာလုံးေလာကရဲ႕ အထင္ကရ ဆုတံဆိပ္ေတြထဲက တခု ျဖစ္တာေၾကာင့္ ေကဂ်ာအတြက္ေတာ့ ဂုဏ္ယူစရာပါပဲ။

ရီးရဲလ္မက္ဒရစ္အသင္းဟာ အသင္းရဲ႕ တက္သစ္စ ကြင္းလယ္ၾကယ္ပြင့္ ဗယ္ဗာဒီကို ၂၀၂၇ခုႏွစ္ ဇြန္လ အထိ သက္တမ္း ရွိတဲ့ စာခ်ဳပ္သစ္ တရပ္ ခ်ဳပ္ဆိုနိုင္ခဲ့ေၾကာင္း တရားဝင္ ထုတ္ျပန္ ေၾကညာသြားပါတယ္။

အာဆင္ဝင္းဂါး ဟာ ဒီကေန႕မွာ လီဗာပူး အသင္းရဲ႕ ေလ့က်င့္ေရးကြင္းကို သြားေရာက္ ခဲ့ၿပီး ၂၀၂၀ ခုႏွစ္အတြက္ ဖီဖာ အေကာင္းဆုံး အမ်ိဳးသား အသင္း ဆုရွင္ေတြ ျဖစ္ၾကတဲ့

ကေလာပ့္ ၊ တီယာဂို ၊ အလီဆြန္ ၊ ဗန္ဒိုက္ ၊ အာနိုး တို႔ကို ဆုေတြ ေပးအပ္ ခဲ့ပါတယ္။ အာဆင္ ဝင္းဂါးဟာ FIFA’s Global Football Development ရဲ႕ အႀကီးအကဲ ျဖစ္ပါတယ္ ။

စီးရီးေအကလပ္ အတၱလန္တာအသင္းဟာ ခ်ယ္လ္ဆီးအသင္းမွ အီတလီညာေနာက္ခံလူ ဇာပါေကာ္စတာကို ေျပာင္းေ႐ႊ႕ေၾကးယူရို ၁၀ သန္းဝန္းက်င္ျဖင့္ေခၚယူကာ ၄ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ေၾကာင္း အတည္ျပဳေၾကညာခဲ့ပါတယ္။

ဇာပါေကာ္စတာဟာ ၂၀၁၇ ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလက တိုရီနိုအသင္းမွ ခ်ယ္လ္ဆီးအသင္းသို႔ ေျပာင္းေ႐ႊ႕လာသူျဖစ္ၿပီး ခ်ယ္လ္ဆီး အသင္းတြင္ ပုံမွန္ပြဲ ကစားခြင့္မရခဲ့ဘဲ ရိုးမား၊ ဂ်ီနိုအာ အသင္းမ်ားသို႔အငွားသြားေရာက္ကစားခဲ့ရပါတယ္။