Spots news

ရော်နယ်ဒိုကို ခေါ်ယူဖို့ မန်စီးတီးကို ရော်နယ်ဒိုရဲ့ အေးဂျင့်ကမ်းလှမ်း

Unicode Version

ဂျုဗင်တပ် အသင်းရဲ့ တိုက်စစ်မှူး ရော်နယ်ဒိုရဲ့အေးဂျင့် မန်ဒက်စ်ဟာ မန်စီးတီးအသင်းကိုဆက်သွယ်ခဲ့ပြီး ဂျူဗင်တပ် ပြောင်းရွေ့ကြေး ယူရို ၂၅ သန်းဖြင့် ခေါ်ယူဖို့ ကမ်းလှမ်းမှု ပြုလုပ်ထားကြောင်း ဥရောပအခြေစိုက် အားကစားသတင်းဌာနကများက ဖော်ပြသွားပါတယ်။

ရော်နယ်ဒိုကိုယ်တိုင်ကလဲ ယခုနွေရာသီ အပြောင်းအရွေ့ မပိတ်ခင်မှာပဲ အသင်းပြောင်းရွေ့ ချင်နေတာ ဖြစ်ပြီး အတွေ့အကြုံအသစ်တွေလိုချင်တာမို့ မန်စီးတီးအသင်းကို ပြောင်းရွေ့ဖို့ကို စိတ်ဝင်စားနေကြောင်း သိရပါတယ်။

ဂျူဗင်တပ်စ်နဲ့ ရော်နယ်ဒိုရဲ့စာချုပ်ဖျက်သိမ်းကြေးက ယူရို သန်း ၃၀ နီးပါး ရှိနေပါသေးပြီး ပြင်သစ်ထိပ်သီးကလပ် ပီအက်စ်ဂျီ အသင်းက ရော်နယ်ဒိုကို ခေါ်ယူရန် စိတ်ဝင်စားနေပေမယ့် အလွတ်နဲ့သာ ခေါ်ယူလိုတာ ဖြစ်လို့ ယခုနွေရာသီမှာ မည်သည့်စုံစမ်းမှုမှ ပြုလုပ်ထားခြင်း မရှိသေးပါဘူး။

သတင်းတွေအရ ဂျူဗင်တပ်အသင်းကလဲ ရော်နယ်ဒိုအတွက် ပြောင်းရွေ့ကြေး ယူရို ၂၅ သန်းရရှိသွားပါက ရော်နယ်ဒိုကို လက်လွတ်သွားဖို့ အသင့် ရှိနေပြီး ဂျူဗင်တပ်ဘက်က ရော်နယ်ဒိုသာပြောင်းရွှေ့ဖြစ်ရင် မန်စီးတီးရဲ့ တိုက်စစ်မှူး ဂျီးဆက်ကို ခေါ်ယူမယ်လို့လည်းသိရပါတယ်။

လက်ရှိအချိန်ထိ မန်စီးတီးအသင်းရဲ့ နံပါတ်တစ် ပစ်မှတ်က စပါးတိုက်စစ်မှူး ဟယ်ရီကိန်းဖြစ်နေ ပေမယ့် စပါးတိုက်စစ်မှုးကို ခေါ်ယူရေးကလဲ အဆင်မပြေ ဖြစ်နေတဲ့ အတွက် ရော်နယ်ဒိုတစ်ယောက် အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ရဲ့ မြိုခံပြိုင်ဘက်ကို ရောက်ရှိလာမလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

Zawgyi Version




