Spots news

ဘာပေကို ပြောင်းရွေ့ကြေး အမြောက်အမြားနဲ့ တရားဝင်ကမ်းလှမ်းလိုက်တဲ့ ရီးရဲလ်

Unicode Version

စပိန်လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်အသင်းဟာ လိုအပ်နေတဲ့ တိုက်စစ်အင်အား ဖြည့်တင်းဖို့အတွက် အပြောင်းအရွေ့မပိတ်ခင်မှာပဲ ကာလရှည် ပစ်မှတ် ကစားသမား ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းရဲ့ ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး အမ်ဘာပေကို တရားဝင် ကမ်းလှမ်းမှာ စတင်ပြုလုပ်လိုက်ပြီ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ် အသင်းဟာ တစ်ချိန်က ရော်နယ်ဒို ၊ ဟာဇက် ၊ ဘေးကဲ့သို့ ထိပ်သီး ကစားသမားတွေကို ပြောင်းရွေ့ကြေး အ‌မြောက်အများပေး၍ ခေါ်ယူလေ့ရှိတဲ့ အသင်းဖြစ်ပြီး ယခုအခါမှာလဲ ပီအက်စ်ဂျီလူငယ် ကြယ်ပွင့် အမ်ဘာပေကို ယူရို သန်း ၁၆၀ ဖြင့် တရားဝင် ကမ်းလှမ်း လိုက်ပါတယ်။

အမ်ဘာပေဟာ ပီအက်စ်ဂျီမှ ပြောင်းရွှေ့လို‌နေ ‌‌ပြီး ၂၀၂၂ ခုနှစ် နွေရာသီမှာ ပီအက်စ်ဂျီအသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီ အနေနဲ့ ဘာပေကို ယခုနှစ်အတွင်း ရောင်းမထုတ်ပါက လာမည့်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ဆုံးရှုံးရဖွယ် ရှိပါတယ်။

စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ကစားသမား တဦးကို ယူရို ၁၆၀သန်း အထိ ပေးချေဖို့ ကမ်းလှမ်းတာဟာ အနည်းငယ် ရူးမိုက်ရာကျပေမယ့် ပီအက်စ်ဂျီဘက်ကလဲ ဘာပေကို ခေါ်ယူစဉ်က ယူရို သန်း ၁၈၀ အထိ အသုံးပြုခဲ့တာဖြစ်လို့ ဈေးပေါပေါနဲ့ ရောင်းချဖွယ်မရှိပါဘူး။

ရီးရဲတိုက်စစ်မှူး ဘန်ဇီမာကလဲ ပြင်သစ် လက်ရွေးစင် အသင်းဖော် အမ်ဘာပေကို ရီးရဲမက်ဒရစ်သို့ ပြောင်းရွေ့ကစားဖို့ စည်းရုံးမှုများ ပြုလုပ်နေပါတယ်။အမ်ဘာပေကို ရောင်းချမလား ၊ အသင်းမှာပဲ ဆက်လက် ထိန်းသိမ်းမလား ဆိုတာကို အသင်းရဲ့ ဥက္ကဌ အယ်ခါလိုင်ဖီက ဆုံးဖြတ် သွားမယ်လို့ သိရပါတယ်။

Zawgyi Version

စပိန္လာလီဂါ ကလပ္ ရီးရဲလ္မက္ဒရစ္အသင္းဟာ လိုအပ္ေနတဲ့ တိုက္စစ္အင္အား ျဖည့္တင္းဖို႔အတြက္ အေျပာင္းအေ႐ြ႕မပိတ္ခင္မွာပဲ ကာလရွည္ ပစ္မွတ္ ကစားသမား ျဖစ္တဲ့ ပီအက္စ္ဂ်ီအသင္းရဲ႕ ျပင္သစ္လက္ေ႐ြးစင္ တိုက္စစ္မႉး အမ္ဘာေပကို တရားဝင္ ကမ္းလွမ္းမွာ စတင္ျပဳလုပ္လိုက္ၿပီ ျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ အသင္းဟာ တစ္ခ်ိန္က ေရာ္နယ္ဒို ၊ ဟာဇက္ ၊ ေဘးကဲ့သို႔ ထိပ္သီး ကစားသမားေတြကို ေျပာင္းေ႐ြ႕ေၾကး အ‌ေျမာက္အမ်ားေပး၍ ေခၚယူေလ့ရွိတဲ့ အသင္းျဖစ္ၿပီး ယခုအခါမွာလဲ ပီအက္စ္ဂ်ီလူငယ္ ၾကယ္ပြင့္ အမ္ဘာေပကို ယူရို သန္း ၁၆၀ ျဖင့္ တရားဝင္ ကမ္းလွမ္း လိုက္ပါတယ္။

အမ္ဘာေပဟာ ပီအက္စ္ဂ်ီမွ ေျပာင္းေ႐ႊ႕လို‌ေန ‌‌ၿပီး ၂၀၂၂ ခုႏွစ္ ေႏြရာသီမွာ ပီအက္စ္ဂ်ီအသင္းႏွင့္ စာခ်ဳပ္သက္တမ္း ကုန္ဆုံးမွာ ျဖစ္ပါတယ္။ ပီအက္စ္ဂ်ီ အေနနဲ႕ ဘာေပကို ယခုႏွစ္အတြင္း ေရာင္းမထုတ္ပါက လာမည့္ေႏြရာသီမွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ ဆုံးရႈံးရဖြယ္ ရွိပါတယ္။

စာခ်ဳပ္သက္တမ္း ၁ႏွစ္သာ က်န္ေတာ့တဲ့ ကစားသမား တဦးကို ယူရို ၁၆၀သန္း အထိ ေပးေခ်ဖိဳ႕ ကမ္းလွမ္းတာဟာ အနည္းငယ္ ႐ူးမိုက္ရာက်ေပမယ့္ ပီအက္စ္ဂ်ီဘက္ကလဲ ဘာေပကို ေခၚယူစဥ္က ယူရို သန္း ၁၈၀ အထိ အသုံးျပဳခဲ့တာျဖစ္လို႔ ေဈးေပါေပါနဲ႕ ေရာင္းခ်ဖြယ္မရွိပါဘူး။

ရီးရဲတိုက္စစ္မႉး ဘန္ဇီမာကလဲ ျပင္သစ္ လက္ေ႐ြးစင္ အသင္းေဖာ္ အမ္ဘာေပကို ရီးရဲမက္ဒရစ္သို႔ ေျပာင္းေ႐ြ႕ကစားဖို႔ စည္း႐ုံးမႈမ်ား ျပဳလုပ္ေနပါတယ္။အမ္ဘာေပကို ေရာင္းခ်မလား ၊ အသင္းမွာပဲ ဆက္လက္ ထိန္းသိမ္းမလား ဆိုတာကို အသင္းရဲ႕ ဥကၠဌ အယ္ခါလိုင္ဖီက ဆုံးသြားမယ္လို႔ သိရပါတယ္။