Unicode Version
မန်စီးတီး ကွင်းလယ် တိုက်စစ်ကစားသမား ဘာနာဒိုဆေးလ်ဗားဟာ အီတလီကလပ် အေစီမီလန်ကို ပြောင်းရွှေ့ဖို့အတွက် သဘောတူညီမှုရရှိခဲ့တယ်လို့ သတင်းထောက် Ekrem Konur က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
သူ့ရဲ့ ဖော်ပြမှုကို ကိုးကားပြီး Sport Bilble က ဖော်ပြခဲ့ရာမှာ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိထားပြီး ပြောင်းရွှေ့ကြေးအတွက် ညှိနှိုင်းဖို့သာ ကျန်ရှိတော့တယ်လို့ ဆိုပါတယ်။
နွေရာသီစျေးကွက် မပိတ်သိမ်းခင်မှာပဲ အားလုံးကိုအပြီးသတ် လုပ်ဆောင်နိုင်မယ် လို့လည်း နှစ်ဖက်စလုံးက ယုံကြည်နေကြောင်းလည်း သိရပါတယ်။ ၂၀၁၇ မှာ မိုနာကိုကနေ မန်စီးတီးကို
ပြောင်းရွှေ့ခဲ့တဲ့ ပေါ်တူဂီကစာသမားဟာ ပရီးမီးယားလိဂ်ဖလား ၃ လုံးနဲ့ အက်ဖ်အေဖလားတို့ကို မန်စီးတီးနဲ့အတူ ဆွတ်ခူးနိုင်ခဲ့ပြီး အောင်မြင်တဲ့ကစားသမားဘဝကို ပိုင်ဆိုင်ခဲ့ပါတယ်။
ဒါပေမယ့်လည်း လက်ရှိမှာတော့ ပုံမှန်ကစားခွင့်ဆုံးရှုံးနေပြီး အသင်းကနေထွက်ခွာဖို့အတွက် ကစားသမားကိုယ်တိုင်က ဆန္ဒရှိနေခဲ့တာဖြစ်ပါတယ်။ သူ့ကိုခေါ်ယူဖို့အတွက် ဘာစီလိုနာအပါအဝင်
ဥရောပကလပ်အများအပြားက စိတ်ဝင်စားခဲ့ကြပြီး အေစီမီလန်က လက်ဦးမှုရယူခဲ့ဖွယ်ရှိပါတယ်။ အေစီမီလန်ဟာ ချယ်လ်ဆီးတိုက်စစ်မှူးဂီရော့ဒ်ကိုလည်း ဒီရာသီသစ်မှာမှ ခေါ်ယူထားတဲ့ အသင်းဖြစ်ပါတယ်။
ဆေးလ်ဗားရဲ့ အပြောင်းအရွှေ့သတင်းတွေနဲ့ ပတ်သက်ပြီး ဂွာဒီယိုလာက “သူက ကျွန်တော်တို့ ကစားသမားပါ၊ ဘာနာဒိုမှမဟုတ်ပါဘူး၊ အသင်းကနေ ထွက်ခွာချင်တဲ့ ကစားသမား ၃၊ ၄ ဦးလောက်အထိ ရှိပါတယ်၊
ဒါပေမယ့်လည်း သူတို့က စာချုပ်သက်တမ်းကျန်ရှိနေပါသေးတယ်၊ ကမ်းလှမ်းမှုတစ်ချို့ကို ယူဆောင်ပြီး သူတို့ရဲ့အေးဂျင့်တွေ ဒီကိုလာခဲ့မယ်၊ သူတို့ကလည်း ထွက်ခွာချင်တယ်ဆိုရင် ဆွေးနွေးဖို့အတွက် တံခါးဖွင့်ထားမှာပါ” လို့ ပြောဆိုခဲ့ဖူးပါတယ်။
Zawgyi Version
မန္စီးတီးကြင္းလယ္ တိုက္စစ္ကစားသမား ဘာနာဒိုေဆးလ္ဗားဟာ အီတလီကလပ္ေအစီမီလန္ကို ေျပာင္းေ႐ႊ႕ဖို႔အတြက္ သေဘာတူညီမႈရရွိခဲ့တယ္လို႔ သတင္းေထာက္ Ekrem Konur က ေျပာဆိုခဲ့တယ္လို႔ သိရပါတယ္။
သူ႕ရဲ႕ ေဖာ္ျပမႈကို ကိုးကားၿပီး Sport Bilble က ေဖာ္ျပခဲ့ရာမွာ ပုဂၢိဳလ္ေရးသေဘာတူညီမႈရရွိထားၿပီး ေျပာင္းေ႐ႊ႕ေၾကးအတြက္ ညွိႏွိုင္းဖို႔သာ က်န္ရွိေတာ့တယ္လို႔ ဆိုပါတယ္။
ေႏြရာသီေစ်းကြက္မပိတ္သိမ္းခင္မွာပဲ အားလုံးကိုအၿပီးသတ္လုပ္ေဆာင္နိုင္မယ္လို႔လည္း ႏွစ္ဖက္စလုံးက ယုံၾကည္ေနေၾကာင္းလည္း သိရပါတယ္။ ၂၀၁၇ မွာ မိုနာကိုကေန မန္စီးတီးကို
ေျပာင္းေ႐ႊ႕ခဲ့တဲ့ ေပၚတူဂီကစာသမားဟာ ပရီးမီးယားလိဂ္ဖလား ၃ လုံးနဲ႕ အက္ဖ္ေအဖလားတို႔ကို မန္စီးတီးနဲ႕အတူ ဆြတ္ခူးနိုင္ခဲ့ၿပီး ေအာင္ျမင္တဲ့ကစားသမားဘဝကို ပိုင္ဆိုင္ခဲ့ပါတယ္။
ဒါေပမယ့္လည္း လက္ရွိမွာေတာ့ ပုံမွန္ကစားခြင့္ဆုံးရႈံးေနၿပီး အသင္းကေနထြက္ခြာဖို႔အတြက္ ကစားသမားကိုယ္တိုင္က ဆႏၵရွိေနခဲ့တာျဖစ္ပါတယ္။ သူ႕ကိုေခၚယူဖို႔အတြက္ ဘာစီလိုနာအပါအဝင္
ဥေရာပကလပ္အမ်ားအျပားက စိတ္ဝင္စားခဲ့ၾကၿပီး ေအစီမီလန္က လက္ဦးမႈရယူခဲ့ဖြယ္ရွိပါတယ္။ ေအစီမီလန္ဟာ ခ်ယ္လ္ဆီးတိုက္စစ္မႉးဂီေရာ့ဒ္ကိုလည္း ဒီရာသီသစ္မွာမွ ေခၚယူထားတဲ့ အသင္းျဖစ္ပါတယ္။
ေဆးလ္ဗားရဲ႕ အေျပာင္းအေ႐ႊ႕သတင္းေတြနဲ႕ ပတ္သက္ၿပီး ဂြာဒီယိုလာက “သူက ကြၽန္ေတာ္တို႔ ကစားသမားပါ၊ ဘာနာဒိုမွမဟုတ္ပါဘူး၊ အသင္းကေန ထြက္ခြာခ်င္တဲ့ ကစားသမား ၃၊ ၄ ဦးေလာက္အထိ ရွိပါတယ္၊
ဒါေပမယ့္လည္း သူတို႔က စာခ်ဳပ္သက္တမ္းက်န္ရွိေနပါေသးတယ္၊ ကမ္းလွမ္းမႈတစ္ခ်ိဳ႕ကို ယူေဆာင္ၿပီး သူတို႔ရဲ႕ေအးဂ်င့္ေတြ ဒီကိုလာခဲ့မယ္၊ သူတို႔ကလည္း ထြက္ခြာခ်င္တယ္ဆိုရင္ ေဆြးေႏြးဖို႔အတြက္ တံခါးဖြင့္ထားမွာပါ” လို႔ ေျပာဆိုခဲ့ဖူးပါတယ္။