Spots news

ကွင်းလယ်လူတစ်ဦးကို ချိတ်ဆက်ထားပြီး ဖြစ်ပြီး အသင်းမှ ပိုလျှံကစားသမားများ အမြန် ရောင်းထွက်ဖို့ လိုနေတဲ့ မန်ယူနိုက်တက်

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဆန်ချို ၊ ဗာရိန်းတို့ ရရှိထားပြီးဖြစ်တဲ့ နောက်ထပ်လိုအပ်ချက်ဖြစ်တဲ့ ကွင်းလယ်အတွက် ကွင်းလယ်ကစားသမား တစ်ဦး ထပ်မံအင်အားဖြည့်တင်းမှုတွေ ပြုလုပ်မယ်လို့လည်း အသင်းက ထုတ်ပြန်ထားပါတယ်။

ယခု နောက်ဆုံးထွက်ပေါ်လာတဲ့ သေချာတဲ့ သတင်းအရင်းအမြစ်တွေအရ ယူနိုက်တက်တို့ဟာ အက်သလက်တီကိုက ဆာအူလ် ကို ခေါ်ယူဖို့ ချိတ်ဆက်နေတယ်လို့ သတင်းတွေ ကျယ်လောက်စွာ ထွက်ပေါ်လာခဲ့ပါတယ်။

ဆာအူလ်ဟာ ယခုနွေမှာ အက်သလက်တီကိုမှထွက်ခွာမှာဖြစ်​ပြီး ယူနိုက်တက်တို့အနေနဲ့ ဆာအူလ် ကို လွန်ခဲ့တဲ့ 24 နာရီအတွင်းတရားဝင်မေးမြန်းထားကြောင်း သတင်းထောက် Fabrizio Romano အရ သိရပါတယ်။အဝယ်စာရင်းမှာ ဆာအူလ်အပြင် ကာမာဗင်ဂါလည်း ပါဝင်နေကြောင်း အစောပိုင်း သတင်းတွေအရ သိရပါ​သေး တယ်။

ထပ်မံ ထွက်ပေါ်လာတဲ့ နောက်ဆုံး သတင်းအရ ယူနိုက်တက်နည်းပြ ဆိုးလ်ရှား အနေနဲ့ ဆာအူလ် ကို ယူနိုက်တက် ကစားသမားအဖြစ် မြင်တွေ့လိုနေပေမယ့် အသင်းမှ ပိုလျှံကစားသမားတွေ ရောင်းမထွက် သေးတာကြောင့်

ကစားသမားသစ်ဝယ်ယူဖို့မှာ ခက်ခဲသော အနေအထားတစ်ရပ်တွင်သာရှိနေပြီး အထွက်ကစားသမားမရှိလျှင် ကစားသမားသစ် ထပ်မံရောက်ရှိရန် မှာလည်း ရာခိုင်နှုန်းအ လွန်နည်းပါး နေခဲ့ပါတယ်။

Zawgyi Version




