Spots news

Breaking : ရော်နယ်ဒို နဲ့ စတင်ဆွေးနွေးဖို့ ပြင်ဆင်နေပြီဖြစ်တဲ့ မန်စီးတီး

Unicode Version

မန်ချက်စတာ စီးတီးအသင်းဟာ စပါးအသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့ မဖြစ်နိုင်တော့တာကြောင့် ဂျူဗင်တပ်အသင်းရဲ့ တိုက်စစ်မှူး ရော်နယ်ဒိုကို ပြောင်းလဲ ခေါ်ယူဖို့ ကြိုးစားတော့မှာပါ။

စပါးအသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းဟာ မန်ချက်စတာ စီးတီး အသင်းဆီက စိတ်ဝင်စားမှူ ခံနေရပေမယ့် ယခုနှစ် ဘောလုံးရာသီမှာ စပါးအသင်း၌သာ ဆက်ရှိသွားမယ်လို့ အတည်ပြု ပြောကြားသွားခဲ့ပြီပဲ ဖြစ်ပါတယ်။

မန်ချက်စတာ စီးတီးအသင်းဟာ ရော်နယ်ဒိုကို ပြောင်းရွှေ့ကြေး ပေါင်၂၅သန်းထဲနဲ့ ခေါ်ယူနိုင်ကြောင်း အေးဂျင့် ဂျော့စ်မန်ဒက်ဆီမှ ချိတ်ဆက်မှု ရရှိထားတာကြောင့် နည်းပြ ဂွာဒီယိုလာရဲ့ ခွင့်ပြုချက် ရရှိပါက ရိုနယ်ဒိုရဲ့ အပြောင်းအရွှေ့ အတွက် တရားဝင် စတင် ဆွေးနွေးဖို့ ရှိပါတယ်။

ရော်နယ်ဒိုကတော့ ကစားသမားဘဝ ကနေ အနားမယူခင် ချန်ပီိယံလိဂ်ဆုဖလားကို နောက်ထပ် တကြိမ် ထပ်မံ ရယူလိုတာကြောင့် ချန်ပီယံလိဂ် ဆုဖလားကို ရယူနိုင်ဖို့ ပစ်မှတ်ထား ကြိုးစားနေတဲ့ မန်ချက်စတာ စီးတီးအသင်းဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်။

ဂျူဗင်တပ်အသင်း ကတော့ ရော်နယ်ဒိုအတွက် ပြောင်းရွှေ့ကြေး ပေါင်၂၅သန်း အစား မန်ချက်စတာ စီးတီးအသင်းရဲ့ တိုက်စစ်မှူး ဂျီးဆပ်ကိုသာ အလဲအထပ် အနေနဲ့ ခေါ်ယူချင်နေကြောင်း သိရပါတယ်။

Zawgyi Version

မန္ခ်က္စတာ စီးတီးအသင္းဟာ စပါးအသင္းရဲ႕ တိုက္စစ္မႉး ဟယ္ရီကိန္းကို ေခၚယူဖို႔ မျဖစ္နိုင္ေတာ့တာေၾကာင့္ ဂ်ဴဗင္တပ္အသင္းရဲ႕ တိုက္စစ္မႉး ေရာ္နယ္ဒိုကို ေျပာင္းလဲ ေခၚယူဖို႔ ႀကိဳးစားေတာ့မွာပါ။

စပါးအသင္းရဲ႕ တိုက္စစ္မႉး ဟယ္ရီကိန္းဟာ မန္ခ်က္စတာ စီးတီး အသင္းဆီက စိတ္ဝင္စားမႉ ခံေနရေပမယ့္ ယခုႏွစ္ ေဘာလုံးရာသီမွာ စပါးအသင္း၌သာ ဆက္ရွိသြားမယ္လို႔ အတည္ျပဳ ေျပာၾကားသြားခဲ့ၿပီပဲ ျဖစ္ပါတယ္။

မန္ခ်က္စတာ စီးတီးအသင္းဟာ ေရာ္နယ္ဒိုကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္၂၅သန္းထဲနဲ႕ ေခၚယူနိုင္ေၾကာင္း ေအးဂ်င့္ ေဂ်ာ့စ္မန္ဒက္ဆီမွ ခ်ိတ္ဆက္မႈ ရရွိထားတာေၾကာင့္ နည္းျပ ဂြာဒီယိုလာရဲ႕ ခြင့္ျပဳခ်က္ ရရွိပါက ရိုနယ္ဒိုရဲ႕ အေျပာင္းအေ႐ႊ႕ အတြက္ တရားဝင္ စတင္ ေဆြးေႏြးဖို႔ ရွိပါတယ္။

ေရာ္နယ္ဒိုကေတာ့ ကစားသမားဘဝ ကေန အနားမယူခင္ ခ်န္ပီိယံလိဂ္ဆုဖလားကို ေနာက္ထပ္ တႀကိမ္ ထပ္မံ ရယူလိုတာေၾကာင့္ ခ်န္ပီယံလိဂ္ ဆုဖလားကို ရယူနိုင္ဖို႔ ပစ္မွတ္ထား ႀကိဳးစားေနတဲ့ မန္ခ်က္စတာ စီးတီးအသင္းဆီ ေျပာင္းေ႐ႊ႕ဖို႔ ဆုံးျဖတ္ခဲ့တာပဲ ျဖစ္ပါတယ္။

ဂ်ဴဗင္တပ္အသင္း ကေတာ့ ေရာ္နယ္ဒိုအတြက္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္၂၅သန္း အစား မန္ခ်က္စတာ စီးတီးအသင္းရဲ႕ တိုက္စစ္မႉး ဂ်ီးဆပ္ကိုသာ အလဲအထပ္ အေနနဲ႕ ေခၚယူခ်င္ေနေၾကာင္း သိရပါတယ္။