Spots news

မက်ဆီသုတ်ခဲ့တဲ့ တစ်ရှူးကို ပေါင် ၆ သိန်းနဲ့ဝယ်မယ့် ပလေးဘွိုင်းမော်ဒယ်

Unicode Version

ဘာစီလိုနာနှင့်လမ်းခွဲအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မက်ဆီ သုတ်ခဲ့တဲ့ တစ်ရှူးအား ဘရာဇီးလ် Playboy မော်ဒယ် လူယာနာဆန်ဒီယန်က ဒေါ်လာ(၆)သိန်းဖြင့် ဝယ်ယူရန်ကမ်းလှမ်းကြောင်း သိရပါတယ်။

ယင်းတစ်ရှူးကို အမျိုးသားတစ်ဦးက လေလံဝက်ဘ်ဆိုက်တစ်ခုတွင် ဒေါ်လာတစ်သန်းဖြင့် အရောင်းတင်ခဲ့ပြီး ယခုအခါ ယင်းကြော်ငြာမှာ မရှိတော့ကြောင်း သတင်းများက ဖော်ပြထားပါတယ်။

လူယာနာဟာ ဘာစီလိုနာမြို့တွင် အခြေချနေထိုင်ကာ ဘာစီလိုနာအသင်း ပရိသတ်တစ်ဦးလည်းဖြစ်ပြီး Playboy Africa မဂ္ဂဇင်းအတွက် ရိုက်ကူးခဲ့သည့် သူ၏ဘာစီလိုနာဂျာစီနှင့် မျက်နှာဖုံးမှာ အောင်မြင်မှုလည်းရရှိခဲ့ပါတယ်။

ယနေ့ထွက်ပေါ်တဲ့ သတင်းအချို့တွင်မူ လူယာနာဟာ ယင်းကမ်းလှမ်းထားမှုမှ ပြန်လည်ရုပ်သိမ်းခဲ့သည်ဟု ဖော်ပြမှုများလည်း ရှိနေပါတယ်။

Zawgyi Version



