Spots news

ဘာပေကို မိုနာကိုက ခေါ်ခဲ့တဲ့ဈေးကိုပေးမှ ရောင်းမယ်လို့ ပီအက်စ်ဂျီတရားဝင်ကြေငြာ

Unicode Version

ပြင်သစ်ထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းရဲ့ အားကစား ဒါရိုက်တာ လီယိုနာဒိုက သူတို့လိုချင်တဲ့ ပြောင်းရွှေ့ကြေးသာ ရရှိပါက အသင်းရဲ့ ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူးအမ်ဘာပေကို ရောင်းချသွားမယ်လို့ အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

ရီးရဲလ်ဟာ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ အမ်ဘာပေကို ယူရို ၁၆၀သန်းနဲ့ ကမ်းလှမ်းထားပေမယ့် ပီအက်စ်ဂျီအသင်း ကတော့ အမ်ဘာပေကို မိုနာကိုအသင်း ကနေ ခေါ်ယူစဉ်မှာ သူတို့အသင်းက ပေးချေခဲ့ရတဲ့ ပြောင်းရွှေ့ကြေး ရမှသာ အမ်ဘာပေကို ရောင်းချဖို့ ဆုံးဖြတ်ထားပါတယ်။

ပီအက်စ်ဂျီအသင်းဟာ အမ်ဘာပေကို ခေါ်ယူစဉ်မှာ စုစုပေါင်း ယူရို ၁၈၀သန်း ဝန်းကျင် ကုန်ကျခဲ့ပါတယ်။ ဒါကြောင့် ရီးရဲလ်မက်ဒရစ်အသင်းကသာ အမ်ဘာပေအတွက် ပြောင်းရွှေ့ကြေးကို ယူရို ၁၈၀သန်း အထိ တိုးမြှင့် ကမ်းလှမ်းခဲ့ပါက အပြောင်းအရွှေ့ဟာ ချက်ချင်း ဖြစ်ပေါ်လာနိုင်ပါတယ်။

ပီအက်စ်ဂျီ အားကစားဒါရိုက်တာ လီယိုနာဒိုက “အမ်ဘာပေက အသင်းကနေ ထွက်ခွာပြီး ရီးရဲလ်မက်ဒရစ် အသင်းနဲ့ ပူးပေါင်းချင်နေပါတယ်။ ကျွန်တော်တို့ကလည်း ဆွဲမထားပါဘူး။ ဒါပေမယ့် ထိုက်တန်တဲ့ကြေးတော့ ပေးဖို့ လိုပါလိမ့်မယ်။

ရီးရဲလ်က ယူရို၁၆၀သန်း ဝန်းကျင် ကမ်းလှမ်းမှု တခု ပြုလုပ်ထားပါတယ်။ ဒါပေမယ့် ယူရို ၁၆၀သန်း ဆိုတာက သူ့အတွက် ပေးခဲ့ရတဲ့ ပြောင်းရွှေ့ကြေးထက် နည်းနေပါသေးတယ်” လို့ပြောကြားခဲ့ပါတယ်

Zawgyi Version

ျပင္သစ္ထိပ္သီးကလပ္ ပီအက္စ္ဂ်ီအသင္းရဲ႕ အားကစား ဒါရိုက္တာ လီယိုနာဒိုက သူတို႔လိုခ်င္တဲ့ ေျပာင္းေ႐ႊ႕ေၾကးသာ ရရွိပါက အသင္းရဲ႕ ျပင္သစ္လက္ေ႐ြးစင္ တိုက္စစ္မႉးအမ္ဘာေပကို ေရာင္းခ်သြားမယ္လို႔ အတည္ျပဳ ေျပာၾကားသြားခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းဟာ စာခ်ဳပ္သက္တမ္း ၁ႏွစ္သာ က်န္ေတာ့တဲ့ အမ္ဘာေပကို ယူရို ၁၆၀သန္းနဲ႕ ကမ္းလွမ္းထားေပမယ့္ ပီအက္စ္ဂ်ီအသင္း ကေတာ့ အမ္ဘာေပကို မိုနာကိုအသင္း ကေန ေခၚယူစဥ္မွာ သူတို႔အသင္းက ေပးေခ်ခဲ့ရတဲ့ ေျပာင္းေ႐ႊ႕ေၾကး ရမွသာ အမ္ဘာေပကို ေရာင္းခ်ဖိဳ႕ ဆုံးျဖတ္ထားပါတယ္။

ပီအက္စ္ဂ်ီအသင္းဟာ အမ္ဘာေပကို ေခၚယူစဥ္မွာ စုစုေပါင္း ယူရို ၁၈၀သန္း ဝန္းက်င္ ကုန္က်ခဲ့ပါတယ္။ ဒါေၾကာင့္ ရီးရဲလ္မက္ဒရစ္အသင္းကသာ အမ္ဘာေပအတြက္ ေျပာင္းေ႐ႊ႕ေၾကးကို ယူရို ၁၈၀သန္း အထိ တိုးျမႇင့္ ကမ္းလွမ္းခဲ့ပါက အေျပာင္းအေ႐ႊ႕ဟာ ခ်က္ခ်င္း ျဖစ္ေပၚလာနိုင္ပါတယ္။

ပီအက္စ္ဂ်ီ အားကစားဒါရိုက္တာ လီယိုနာဒိုက “အမ္ဘာေပက အသင္းကေန ထြက္ခြာၿပီး ရီးရဲလ္မက္ဒရစ္ အသင္းနဲ႕ ပူးေပါင္းခ်င္ေနပါတယ္။ ကြၽန္ေတာ္တို႔ကလည္း ဆြဲမထားပါဘူး။ ဒါေပမယ့္ ထိုက္တန္တဲ့ေၾကးေတာ့ ေပးဖို႔ လိုပါလိမ့္မယ္။

ရီးရဲလ္က ယူရို၁၆၀သန္း ဝန္းက်င္ ကမ္းလွမ္းမႈ တခု ျပဳလုပ္ထားပါတယ္။ ဒါေပမယ့္ ယူရို ၁၆၀သန္း ဆိုတာက သူ႕အတြက္ ေပးခဲ့ရတဲ့ ေျပာင္းေ႐ႊ႕ေၾကးထက္ နည္းေနပါေသးတယ္” လို႔ေျပာၾကားခဲ့ပါတယ္