Spots news

ခံစစ်မဝယ်ပါက လီဗာပူး အနေနဲ့ ချန်ပီယံဆု လွှဲပြောင်းပေးရနိုင်ဟု ကာရေဂါပြော

Unicode Version

လီဗာပူး နောက်ခံ ကစားသမားဟောင်း ဂျေမီကာရေဂါက လီဗာပူးအသင်း ၏ ဆောက်သမ်တန်နဲ့ ပွဲမှ ခြေစွမ်းမှာ အမှတ်ပေးဖလားအတွက် သတိပေးမှု တစ်ခုဖြစ်နေကြောင်း ပြောဆိုလိုက်ပါတယ် ။ အကယ်၍ ဗဟိုခံစစ်မှူးတစ်ဦး ဝယ်ယူအားဖြည့်မှု မရှိပါက ပရီးမီးယားလိဂ် ဖလားကို လွှဲပြောင်းပေးရမည် ဖြစ်ကြောင်း သတိပေး သွားခဲ့ပါတယ်။

အဓိက နောက်ခံလူတွေ ဖြစ်ကြတဲ့ ဗန်ဒိုက်နဲ့ ဂိုးမက်စ် တို့ဟာ ဒူးဒဏ်ရာတွေ ကြောင့် ကာလရှည် အနားယူ နေရတာ ဖြစ်ပြီး မာတစ်ကလဲ ဇန်နဝါရီ လကုန်မှ ပြန်ကစားနိုင်ဖွယ်ရာ ရှိနေပါတယ်။

ဆောက်သမ်တန် နဲ့ ပွဲစဉ်မှာအသင်းခေါင်းဆောင် ဟန်ဒါဆန်က နောက်ခံကသားသမား အဖြစ် ဝင်ရောက် ကစားခဲ့ပြီး လီဗာပူး ကစားသမားဟောင်း ဒန်နီအင့်ရဲ့ ပွဲချိန် နှစ်မိနစ် ကတည်းက ဦးဆောင်ခဲ့သော ဂိုးဖြင့် လီဗာပူး အသင်းရှုံးနိမ့်ခဲ့တာပါ။

ကာရေဂါက “ ဆောက်သမ်တန် အသင်းဟာ ဟန်ဒါဆန်က နောက်ခံလူ အဖြစ် ကစားနေတာကို ကြည့်ပြီး ပျော်ရွှင်သွားပါလိမ့်မယ်။ လီဗာပူးတို့ လက်ရှိ ဇန်နဝါရီ အပြောင်းအရွေ့ ကာလမှာ ဗဟို နောက်ခံလူ တစ်ဦး မဝယ်ယူခဲ့ဘူး ဆိုရင် သူတို့ ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူး နိုင်စရာ အကြောင်း မရှိဘူးလို့ ကျွန်တော် မြင်ပါတယ်။ လီဗာပူးတို့ ဒီလမှာ ဗဟို နောက်ခံလူ တစ်ဦး ဝယ်ယူနိုင်ဖို့ အလွန် အရေးကြီး ပါတယ် ”

“ မနေ့ညက ပွဲမှာ ခြေစွမ်းပြန် မှန်လာလိမ့်မယ် ထင်ပေမယ့် ညံ့ဆဲပါပဲ။ တိုက်စစ်ကလဲ အဆုံးအဖြတ် သွင်းဂိုးတွေ သွင်းမပြ နိုင်သေးပါဘူး။ ဇန်နဝါရီမှာ အင်အားဖြည့်တင်းမှု မလုပ်ရင် ချန်ပီယံဆုကို တခြားအသင်းကို လွှဲပေးရပါလိမ့်မယ် ” ဆိုပြီး ပြောကြား သွားခဲ့ပါတယ်။

မနေ့ညက ကစားခဲ့သောပွဲတွင် ဆောက်သမ်တန်ကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သောကြောင့် လီဗာပူး အသင်းဟာ မန်ချက်စတာ ယူနိုက်တက်ကို ဦးဆောင်ရန် အခွင့် အရေးပေးခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်ဟာ လက်ရှိအချိန်တွင် လီဗာပူးနှင့် ရမှတ်တူနေသော်လည်း ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ဘန်လေအသင်း ကို အနိုင်ရရှိခဲ့ပါက လီဗာပူးအား ကျော်တက် သွားမှာ ဖြစ်ပါတယ်။

Zawgyi Version

လီဗာပူး ေနာက္ခံကစားသမားေဟာင္း ေဂ်မီကာေရဂါက လီဗာပူးအသင္း၏ ေဆာက္သမ္တန္နဲ႕ ပြဲမွာေျခစြမ္းမွာ အမွတ္ေပးဖလားအတြက္ သတိေပးမႈ တစ္ခုျဖစ္ေနေၾကာင္း ေျပာဆိုလိုက္ပါတယ္ ။ အကယ္၍ ဗဟိုခံစစ္မႉးတစ္ဦး ဝယ္ယူအားျဖည့္မႈမရွိပါက ပရီးမီးယားလိဂ္ ဖလားကို လႊဲေျပာင္းေပးရမည္ျဖစ္ေၾကာင္း သတိေပးသြားခဲ့ပါတယ္။

အဓိက ေနာက္ခံလူေတြ ျဖစ္ၾကတဲ့ ဗန္ဒိုက္နဲ႕ ဂိုးမက္စ္ တို႔ဟာ ဒူးဒဏ္ရာေတြ ေၾကာင့္ ကာလရွည္ အနားယူ ေနရတာ ျဖစ္ၿပီး မာတစ္ကလဲ ဇန္နဝါရီ လကုန္မွ ျပန္ကစားနိုင္ဖြယ္ရာ ရွိေနပါတယ္။

ေဆာက္သမ္တန္ နဲ႕ ပြဲစဥ္မွာအသင္းေခါင္းေဆာင္ ဟန္ဒါဆန္က ေနာက္ခံကသားသမား အျဖစ္ ဝင္ေရာက္ ကစားခဲ့ၿပီး လီဗာပူး ကစားသမားေဟာင္း ဒန္နီအင့္ရဲ႕ ပြဲခ်ိန္ ႏွစ္မိနစ္ ကတည္းက ဦးေဆာင္ခဲ့ေသာ ဂိုးျဖင့္ လီဗာပူး အသင္းရႈံးနိမ့္ခဲ့တာပါ။

ကာေရဂါက “ ေဆာက္သမ္တန္ အသင္းဟာ ဟန္ဒါဆန္က ေနာက္ခံလူ အျဖစ္ ကစားေနတာကို ၾကည့္ၿပီး ေပ်ာ္႐ႊင္သြားပါလိမ့္မယ္။ လီဗာပူးတို႔ လက္ရွိ ဇန္နဝါရီ အေျပာင္းအေ႐ြ႕ ကာလမွာ ဗဟို ေနာက္ခံလူ တစ္ဦး မဝယ္ယူခဲ့ဘူး ဆိုရင္ သူတို႔ ပရီးမီးယားလိဂ္ ဖလားကို ဆြတ္ခူး နိုင္စရာ အေၾကာင္းမရွိဘူးလို႔ ကြၽန္ေတာ္ ျမင္ပါတယ္။ လီဗာပူးတို႔ ဒီလမွာ ဗဟို ေနာက္ခံလူ တစ္ဦး ဝယ္ယူနိုင္ဖို႔ အလြန္ အေရးႀကီး ပါတယ္ ”

“ မေန႕ညကပြဲမွာ ေျခစြမ္းျပန္မွန္လာလိမ့္မယ္ ထင္ေပမယ့္ ညံ့ဆဲပါပဲ။ တိုက္စစ္ကလဲ အဆုံးအျဖတ္ သြင္းဂိုးေတြ သြင္းမျပ နိုင္ေသးပါဘူး။ ဇန္နဝါရီမွာ အင္အားျဖည့္တင္းမႈ မလုပ္ရင္ ခ်န္ပီယံဆုကို တျခားအသင္းကို လႊဲေပးရပါလိမ့္မယ္ ” ဆိုၿပီး ေျပာၾကားသြားခဲ့ပါတယ္။

မေန႕ညက ကစားခဲ့ေသာပြဲတြင္ ေဆာက္သမ္တန္ကို ၁-၀ ဂိုးျဖင့္ ရႈံးနိမ့္ခဲ့ေသာေၾကာင့္ လီဗာပူး အသင္းဟာ မန္ခ်က္စတာ ယူနိုက္တက္ကို ဦးေဆာင္ရန္ အခြင့္ အေရးေပးခဲ့ၿပီး မန္ခ်က္စတာ ယူနိုက္တက္ဟာ လက္ရွိအခ်ိန္တြင္ လီဗာပူးႏွင့္ ရမွတ္တူေနေသာ္လည္း ဇန္နဝါရီလ ၁၂ ရက္ေန႕တြင္ ဘန္ေလအသင္းကို အနိုင္ရရွိခဲ့ပါက လီဗာပူးအား ေက်ာ္တက္သြားမွာ ျဖစ္ပါတယ္။