Spots news

ဟာလန်းကို ခေါ်ယူနိုင်ဖို့ မန်ယူက အနီးစပ်ဆုံးဖြစ်ကြောင်း ဥရောပသတင်းများ ဖော်ပြ

Unicode Version

လာမယ့် နွေရာသီဘအပြောင်းအရွေ့ကာလမှာ ဒေါ့မွန်လူငယ် ကြယ်ပွင့်တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူဖို့ အတွက် နည်းပြဆိုးလ်ရှားရဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းက

ရေပန်းအစားဆုံးဖြစ်နေကြောင်း ဥရောပ အားကစားသတင်း မီဒီယာများက ဖော်ပြသွားပါတယ်။ ဟာလန်းဟာ နောက်နှစ်နွေရာသီမှာ စာချုပ်လျော်ကြေး ပေါင် ၆၄ သန်းသာ ရှိတော့မှာ ဖြစ်ပါတယ်။

ဟာလန်းဟာ ပြီးခဲ့တဲ့‌ ဘောလုံးရာသီက ဒေါ့မွန်အတွက် ပြိုင်ပွဲစုံ ၄၁ ပွဲကစားပြီး ၄၁ ဂိုးအထိ သွင်းယူပေးခဲ့ကာ ချယ်လ်ဆီး၊ မန်စီးတီး၊ ရီးရဲလ် စတဲ့ ဥရောပ ထိပ်သီးကလပ်တွေက စိတ်ဝင်စား ခဲ့ကြပါတယ်။

ယခုနွေရာသီမှာ အနီးစပ်ဆုံးက ချယ်လ်ဆီး ဖြစ်ခဲ့ပြီး ချယ်လ်ဆီးဟာ ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် ဒေါ့မွန်တောင်းဆိုတဲ့ ပေါင်သန်း ၁၅၀ ဆိုတဲ့ တန်ဖိုးကိုတော့ ပေးချေဖို့ အဆင်မပြေခဲ့ဘူးလို့ ဆိုပါတယ်။

လက်ရှိအချိန်မှာ ချယ်လ်ဆီးက တိုက်စစ်မှူး‌ လူကာကူကို ပြန်လည်‌ခေါ်ယူပြီး ဖြစ်ပြီး ရီးရဲလ်ကလဲ အမ်ဘာပေ နဲ့ မန်စီးတီး အသင်းကလဲ ယခုနွေ ရာသီ အပြောင်းအရွေ့ မပိတ်ခင်မှာ တိုက်စစ်မှူးသစ်ခေါ်ယူမှာ ဖြစ်လို့

မန်ချက်စတာ ယူနိုက်တက် အသင်းသာ ကျန်ရှိတော့ပြီး ဂျာမနီသတင်းစာ Bild ရဲ့ ဖော်ပြချက်အရဆိုရင် ဆိုးလ်ရှားက ဟာလန်းရဲ့ စာချုပ်လျော်ကြေးတန်ဖိုး နည်းပါးသွားမယ့်အချိန်ကို စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။

ဟာလန်းရဲ့အေးဂျင့် ရွိုင်အိုလာဟာ ယူနိုက်တက်နဲ့ အပြောင်းအရွှေ့များစွာကို အလုပ်အတူ လုပ်ခဲ့ဘူးသူ ဖြစ်ပြီး လက်ရှိကွင်းလယ်ကစားသမား ပေါ့ဘာ၊ ဇလာတန်၊ မစ်ခီတာရန်တို့ကို ယူနိုက်တက်ဆီ ပို့ပေးခဲ့သူဖြစ်ပါတယ်။

ဒါ့အပြင် ယူနိုက်တက်ဟာ ဒေါ့မွန်အသင်းနဲ့ ဆက်ဆံရေးကောင်းများ ရှိပြီး မစ်ခီတာရန်၊ ရှင်ဂျီကာဂါ၀ါနဲ့ အခုအခါမှာ ဆန်ချိုတို့ကို ဒေါ့မွန်ကနေ ခေါ်ယူနိုင်ခဲ့တာကြောင့် ဟာလန်းကို ခေါ်ယူနိုင်ဖို့ အခွင့်အရေး ပိုများနေကြောင်း Bild ကဖော်ပြ ထားပါတယ်။

Zawgyi Version

လာမယ့္ ေႏြရာသီဘအေျပာင္းအေ႐ြ႕ကာလမွာ ေဒါ့မြန္လူငယ္ ၾကယ္ပြင့္တိုက္စစ္မႉး ဟာလန္းကို ေခၚယူဖို႔ အတြက္ နည္းျပဆိုးလ္ရွားရဲ႕ မန္ခ်က္စတာ ယူနိုက္တက္အသင္းက

ေရပန္းအစားဆုံးျဖစ္ေနေၾကာင္း ဥေရာပ အားကစားသတင္း မီဒီယာမ်ားက ေဖာ္ျပသြားပါတယ္။ ဟာလန္းဟာ ေနာက္ႏွစ္ေႏြရာသီမွာ စာခ်ဳပ္ေလ်ာ္ေၾကး ေပါင္ ၆၄ သန္းသာ ရွိေတာ့မွာ ျဖစ္ပါတယ္။

ဟာလန္းဟာ ၿပီးခဲ့တဲ့‌ ေဘာလုံးရာသီက ေဒါ့မြန္အတြက္ ၿပိဳင္ပြဲစုံ ၄၁ ပြဲကစားၿပီး ၄၁ ဂိုးအထိ သြင္းယူေပးခဲ့ကာ ခ်ယ္လ္ဆီး၊ မန္စီးတီး၊ ရီးရဲလ္ စတဲ့ ဥေရာပ ထိပ္သီးကလပ္ေတြက စိတ္ဝင္စား ခဲ့ၾကပါတယ္။

ယခုေႏြရာသီမွာ အနီးစပ္ဆုံးက ခ်ယ္လ္ဆီး ျဖစ္ခဲ့ၿပီး ခ်ယ္လ္ဆီးဟာ ကမ္းလွမ္းမႈေတြ ျပဳလုပ္ခဲ့ေပမယ့္ ေဒါ့မြန္ေတာင္းဆိုတဲ့ ေပါင္သန္း ၁၅၀ ဆိုတဲ့ တန္ဖိုးကိုေတာ့ ေပးေခ်ဖိဳ႕ အဆင္မေျပခဲ့ဘူးလို႔ ဆိုပါတယ္။

လက္ရွိအခ်ိန္မွာ ခ်ယ္လ္ဆီးက တိုက္စစ္မႉး‌ လူကာကူကို ျပန္လည္‌ေခၚယူၿပီး ျဖစ္ၿပီး ရီးရဲလ္ကလဲ အမ္ဘာေပ နဲ႕ မန္စီးတီး အသင္းကလဲ ယခုေႏြ ရာသီ အေျပာင္းအေ႐ြ႕ မပိတ္ခင္မွာ တိုက္စစ္မႉးသစ္ေခၚယူမွာ ျဖစ္လို႔

မန္ခ်က္စတာ ယူနိုက္တက္ အသင္းသာ က်န္ရွိေတာ့ၿပီး ဂ်ာမနီသတင္းစာ Bild ရဲ႕ ေဖာ္ျပခ်က္အရဆိုရင္ ဆိုးလ္ရွားက ဟာလန္းရဲ႕ စာခ်ဳပ္ေလ်ာ္ေၾကးတန္ဖိုး နည္းပါးသြားမယ့္အခ်ိန္ကို ေစာင့္ဆိုင္းေနတယ္လို႔ သိရပါတယ္။

ဟာလန္းရဲ႕ေအးဂ်င့္ ႐ြိုင္အိုလာဟာ ယူနိုက္တက္နဲ႕ အေျပာင္းအေ႐ႊ႕မ်ားစြာကို အလုပ္အတူ လုပ္ခဲ့ဘူးသူ ျဖစ္ၿပီး လက္ရွိကြင္းလယ္ကစားသမား ေပါ့ဘာ၊ ဇလာတန္၊ မစ္ခီတာရန္တို႔ကို ယူနိုက္တက္ဆီ ပို႔ေပးခဲ့သူျဖစ္ပါတယ္။

ဒါ့အျပင္ ယူနိုက္တက္ဟာ ေဒါ့မြန္အသင္းနဲ႕ ဆက္ဆံေရးေကာင္းမ်ား ရွိၿပီး မစ္ခီတာရန္၊ ရွင္ဂ်ီကာဂါ၀ါနဲ႕ အခုအခါမွာ ဆန္ခ်ိဳတို႔ကို ေဒါ့မြန္ကေန ေခၚယူနိုင္ခဲ့တာေၾကာင့္ ဟာလန္းကို ေခၚယူနိုင္ဖို႔ အခြင့္အေရး ပိုမ်ားေနေၾကာင္း Bild ကေဖာ္ျပ ထားပါတယ္။