Unicode Version
မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ဂွာဒီယိုလာ ကတော့ သူဟာ မန်ချက်စတာ စီးတီးအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတာနဲ့ အသင်းကနေ ထွက်ခွာတော့မယ် လို့ အတည်ပြု ပြောကြားသွားခဲ့ပါတယ်။
ကမ္ဘာ့အကောင်းဆုံး ထိပ်တန်းနည်းပြတွေထဲက တဦး အဖြစ် သတ်မှတ်ခံထားရတဲ့ ဂွာဒီယိုလာဟာ မန်ချက်စတာ စီးတီးအသင်းအား ၂၀၁၆ခုနှစ်မှ စတင်ကာ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး အသင်းနဲ့ ၂၀၂၃ခုနှစ် ဇွန်လ အထိ စာချုပ်သက်တမ်း ကျန်ရှိနေသူပါ။
ဘာစီလိုနာအသင်း ၊ ဘိုင်ယန်မြူးနစ်အသင်းတို့နဲ့ ဆုဖလားပေါင်း များစွာ ရယူနိုင်ခဲ့တဲ့ ဂွာဒီယိုလာဟာ မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြဘဝမှာလည်း ပရီးမီးယားလိဂ် ၃ကြိမ် ၊ အက်ဖ်အေဖလား ၁ကြိမ် ၊ ကာရာဘောင်းဖလား ၄ကြိမ်နဲ့ ကွန်မြူနတီဒိုင်း ၂ကြိမ်တို့ကို ရရှိထားပါတယ်။
ဒါပေမယ့် ဂွာဒီယိုလာဟာ မန်ချက်စတာ စီးတီးအသင်းက အရမ်းကို လိုချင်နေတဲ့ ချန်ပီယံလိဂ် ဆုဖလားကို ရရှိအောင် ယူဆောင်ပေးနိုင်ခြင်း မရှိသေးပဲ ယခုနှစ် ဘောလုံးရာသီမှာတော့ အခြားပြိုင်ပွဲတွေထက် ချန်ပီယံလိဂ် ပြိုင်ပွဲကို ပိုမို အာရုံစိုက် ကြိုးစားဖို့ ရှိနေပါတယ်။
Zawgyi Version
မန္ခ်က္စတာ စီးတီးအသင္းရဲ႕ နည္းျပျဖစ္သူ ဂြာဒီယိုလာ ကေတာ့ သူဟာ မန္ခ်က္စတာ စီးတီးအသင္းနဲ႕ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္သက္တမ္း ကုန္ဆုံးတာနဲ႕ အသင္းကေန ထြက္ခြာေတာ့မယ္ လို႔ အတည္ျပဳ ေျပာၾကားသြားခဲ့ပါတယ္။
ကမာၻ႔အေကာင္းဆုံး ထိပ္တန္းနည္းျပေတြထဲက တဦး အျဖစ္ သတ္မွတ္ခံထားရတဲ့ ဂြာဒီယိုလာဟာ မန္ခ်က္စတာ စီးတီးအသင္းအား ၂၀၁၆ခုႏွစ္မွ စတင္ကာ ကိုင္တြယ္ခဲ့သူ ျဖစ္ၿပီး အသင္းနဲ႕ ၂၀၂၃ခုႏွစ္ ဇြန္လ အထိ စာခ်ဳပ္သက္တမ္း က်န္ရွိေနသူပါ။
ဘာစီလိုနာအသင္း ၊ ဘိုင္ယန္ျမဴးနစ္အသင္းတို႔နဲ႕ ဆုဖလားေပါင္း မ်ားစြာ ရယူနိုင္ခဲ့တဲ့ ဂြာဒီယိုလာဟာ မန္ခ်က္စတာ စီးတီးအသင္းရဲ႕ နည္းျပဘဝမွာလည္း ပရီးမီးယားလိဂ္ ၃ႀကိမ္ ၊ အက္ဖ္ေအဖလား ၁ႀကိမ္ ၊ ကာရာေဘာင္းဖလား ၄ႀကိမ္နဲ႕ ကြန္ျမဴနတီဒိုင္း ၂ႀကိမ္တို႔ကို ရရွိထားပါတယ္။
ဒါေပမယ့္ ဂြာဒီယိုလာဟာ မန္ခ်က္စတာ စီးတီးအသင္းက အရမ္းကို လိုခ်င္ေနတဲ့ ခ်န္ပီယံလိဂ္ ဆုဖလားကို ရရွိေအာင္ ယူေဆာင္ေပးနိုင္ျခင္း မရွိေသးပဲ ယခုႏွစ္ ေဘာလုံးရာသီမွာေတာ့ အျခားၿပိဳင္ပြဲေတြထက္ ခ်န္ပီယံလိဂ္ ၿပိဳင္ပြဲကို ပိုမို အာ႐ုံစိုက္ ႀကိဳးစားဖို႔ ရွိေနပါတယ္။