Spots news

စပါးမှာဆက်နေပြီး ပရီးမီးယားလိဂ်ရဲ့ အမြင့်ဆုံးလစာထိ တိုးတောင်းမယ့် ဟယ်ရီကိန်း

Unicode Version

လက်ရှိနွေရာသီမှာ အပြောင်းအရွေ့ သတင်းများစွာ ထွက်ပေါ်ခဲ့တဲ့ စပါး တိုက်စစ်မှူး ဟယ်ရီကိန်းဟာ အခုနှစ်မှာ အသင်းပြောင်းရွှေ့တော့မှာမဟုတ်ပဲ စပါးမှာသာ ဆက်လက်ရှိနေတော့မှာဖြစ်တဲ့အပြင် စပါးဘက်ကနေပါ တစ်ပတ်လုပ်ခ ပေါင် ၄၀၀၀၀၀ အထိ တိုးမြှင့်ပေးပြီး စာချုပ်သစ် ချုပ်ဆိုသွားဖို့ အလို‌ရှိနေပါတယ်။

ဟယ်ရီကိန်းဟာ ဆုထလား အောင်မြင်မှု ရယူလိုတဲ့ အတွက် မန်စီးတီးအသင်းကို ပြောင်းရွှေ့ချင်ခဲ့သလို မန်စီးတီးကလည်း ကိန်းကို ခေါ်ယူနိုင်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့်လည်း စပါးအသင်းဘက်က ဟယ်ရီကိန်း အပေါ်ကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ကိန်းက မန်စီးတီးကို မပြောင်းရွှေ့ဖြစ်တော့ပဲ စပါးမှာသာ ဆက်လက်ရှိနေဖို့ ဆုံးဖြတ်ချက် ချလိုက်ရတဲ့ အတွက် ဟယ်ရီကိန်းဟာ သူ့အတွက် စပါးအသင်းနဲ့ စာချုပ်သစ်ပါ ချုပ်ဆိုသပြီး သူရဲ့တစ်ပတ်လုပ်ခကိုလည်း ပေါင် ၄၀၀၀၀၀ အထိပါ အလိုရှိလာခဲ့ပါတယ်။

လက်ရှိ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မန်စီးတီး ကွင်းလယ်လူ ဒီဘရိုင်းက တစ်ပတ်လုပ်ခ ပေါင် ၃၈၅၀၀၀  ရရှိနေပြီး ပြိုင်ပွဲရဲ့ လစာအမြင့်ဆုံး ကစားသမားအဖြစ် ရှိနေပြီး ယူနိုက်တက်အသင်းရဲ့ ဂိုးသမား ဒီဂီယာက တစ်ပတ်လုပ်ခ ပေါင် ၃၇၅၀၀၀ နဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။

ဟယ်ရီကိန်းသာ စပါးအသင်းနဲ့ တစ်ပတ်လုပ်ခ ပေါင် ၄၀၀၀၀၀ အထိ တိုးမြှင့်ပြီး စာချုပ်သစ် ချုပ်ဆို လိုက်မယ်ဆိုရင် ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ လစာအမြင့်မားဆုံး ကစားသမားတစ်ယောက် ဖြစ်လာမှာ ဖြစ်ပြီး လက်ရှိ လုပ်ခလစာကနေလည်း ပေါင် ၁ သိန်းအထိ တိုးမြှင့်ရရှိမှာပါ။

Zawgyi Version

လက္ရွိေႏြရာသီမွာ အေျပာင္းအေ႐ြ႕ သတင္းမ်ားစြာ ထြက္ေပၚခဲ့တဲ့ စပါး တိုက္စစ္မႉး ဟယ္ရီကိန္းဟာ အခုႏွစ္မွာ အသင္းေျပာင္းေ႐ႊ႕ေတာ့မွာမဟုတ္ပဲ စပါးမွာသာ ဆက္လက္ရွိေနေတာ့မွာျဖစ္တဲ့အျပင္ စပါးဘက္ကေနပါ တစ္ပတ္လုပ္ခ ေပါင္ ၄၀၀၀၀၀ အထိ တိုးျမႇင့္ေပးၿပီး စာခ်ဳပ္သစ္ ခ်ဳပ္ဆိုသြားဖို႔ အလို‌ရွိေနပါတယ္။

ဟယ္ရီကိန္းဟာ ဆုထလား ေအာင္ျမင္မႈ ရယူလိုတဲ့ အတြက္ မန္စီးတီးအသင္းကို ေျပာင္းေ႐ႊ႕ခ်င္ခဲ့သလို မန္စီးတီးကလည္း ကိန္းကို ေခၚယူနိုင္ဖို႔ အႀကိမ္ႀကိမ္ ႀကိဳးစားခဲ့ေပမယ့္လည္း စပါးအသင္းဘက္က ဟယ္ရီကိန္း အေပၚကို ထိန္းခ်ဳပ္နိုင္ခဲ့ပါတယ္။

ေနာက္ဆုံးမွာေတာ့ ကိန္းက မန္စီးတီးကို မေျပာင္းေ႐ႊ႕ျဖစ္ေတာ့ပဲ စပါးမွာသာ ဆက္လက္ရွိေနဖို႔ ဆုံးျဖတ္ခ်က္ ခ်လိဳက္ရတဲ့ အတြက္ ဟယ္ရီကိန္းဟာ သူ႕အတြက္ စပါးအသင္းနဲ႕ စာခ်ဳပ္သစ္ပါ ခ်ဳပ္ဆိုသၿပီး သူရဲ႕တစ္ပတ္လုပ္ခကိုလည္း ေပါင္ ၄၀၀၀၀၀ အထိပါ အလိုရွိလာခဲ့ပါတယ္။

လက္ရွိ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ မန္စီးတီး ကြင္းလယ္လူ ဒီဘရိုင္းက တစ္ပတ္လုပ္ခ ေပါင္ ၃၈၅၀၀၀  ရရွိေနၿပီး ၿပိဳင္ပြဲရဲ႕ လစာအျမင့္ဆုံး ကစားသမားအျဖစ္ ရွိေနၿပီး ယူနိုက္တက္အသင္းရဲ႕ ဂိုးသမား ဒီဂီယာက တစ္ပတ္လုပ္ခ ေပါင္ ၃၇၅၀၀၀ နဲ႕ ဒုတိယေနရာမွာ ရွိေနပါတယ္။

ဟယ္ရီကိန္းသာ စပါးအသင္းနဲ႕ တစ္ပတ္လုပ္ခ ေပါင္ ၄၀၀၀၀၀ အထိ တိုးျမႇင့္ၿပီး စာခ်ဳပ္သစ္ ခ်ဳပ္ဆို လိုက္မယ္ဆိုရင္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲရဲ႕ လစာအျမင့္မားဆုံး ကစားသမားတစ္ေယာက္ ျဖစ္လာမွာ ျဖစ္ၿပီး လက္ရွိ လုပ္ခလစာကေနလည္း ေပါင္ ၁ သိန္းအထိ တိုးျမႇင့္ရရွိမွာပါ။