Unicode Version
အသင်းဖော်ဟောင်း ရော်နယ်ဒိုရဲ့ ခါးသီးပြိုင်ဘက် မန်စီးတီးအသင်းသို့ အပြောင်းအရွေ့နှင့်ပက်သက်ပြီး ယူနိုက်တက် ဂန္တဝင်တိုက်စစ်မှူး ဝိန်းရွန်းနေမှ မှတ်ချက်ပေး ပြောကြားခဲ့ပါတယ်။ ရော်နယ်ဒိုနဲ့ ဝိန်းတို့ဟာ ယူနိုက်တက်မှာ ကြောက်မက်ဖွယ် တိုက်စစ်အတွဲအဖြစ် ပရိတ်သတ်များရဲ့ အချစ်တွေကို သိမ်းပိုက်ခဲ့ကြသူတွေပါ။
ဝိန်းရွန်းနေက “ခရစ်စီယာနိုရော်နယ်ဒိုဟာ ယူနိုက်တက်ရဲ့ အရမ်းကောင်းတဲ့ အမွေအနှစ်တစ်ခုပါ ပြီးတော့ ခရစ်စီယာနိုအနေနဲ့ ကစားသမားတစ်ယောက်အနေနဲ့ကော သာမန်လူတစ်ယောက်အနေနဲ့ ကော ဘယ်လောက်ဂုဏ်ယူနေမလဲ ဆိုသာ ကျွန်တော်သိပါတယ် ပြီးတော့သူ စီးတီး ကိုသွားမယ်လို့မထင်မိပါဘူး ဒါပေမယ့် ဘောလုံးအားကစားမှာ ဘာမဆိုဖြစ်နိုင်ပါတယ်”
“ယူနိုက်တက်မှာကော မန်စီးတီး မှာပါ ကစားခဲ့ဖူးသူတွေရှိပါတယ် ဒါပေမယ့် အဲ့ကစားသမားတွေဟာ ခရစ်စီယာနိုရဲ့ အဆင့်ကိုဘယ်သူမှလိုက်မမှီခဲ့တဲ့သူတွေပါ သိသာထင်ရှားတဲ့သူတွေပြောရမယ်ဆိုရင် ပီတာရှမိုက်ကယ် အန်ဒီကိုးလ်တို့ပေါ့ ဒါပေမယ့် ခရီစီယာနိုအတွက် မန်စီးတီးတစ်ခုထဲကပဲ ရွေးချယ်စရာရှိနေတယ်လို့ ကျွန်တော်မထင်ပါဘူး
“မင်းက မင်းအတွက်ရော မင်းမိသားစုအတွက်ကော သင့်တော်တဲ့အရာကို လုပ်ဖို့လိုအပ်မယ်လို့ငါထင်ပါတယ်။ငါကတော့ လီဗာပူး ဒါမှမဟုတ် မန်ချက်စတာစီးတီး အတွက် ဘယ်တော့မှမကစားနိုင်ဘူးဆိုတာ လူတိုင်းသိပါတယ် ဒီအရာတွေက သိသာထင်ရှားပေမယ့် လူတစ်ယောက်နဲ့တစ်ယောက်မတူညီနိုင်ပါဘူး” လို့ပြောကြားခဲ့ပါတယ်။
မန်ချက်စတာ စီးတီးအသင်းဟာ ရော်နယ်ဒိုကို ပြောင်းရွှေ့ကြေး ပေါင်၂၅သန်းထဲနဲ့ ခေါ်ယူနိုင်ကြောင်း အေးဂျင့် ဂျော့စ်မန်ဒက်ဆီမှ ချိတ်ဆက်မှု ရရှိထားတာကြောင့် နည်းပြ ဂွာဒီယိုလာရဲ့ ခွင့်ပြုချက် ရရှိပါက ရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့ အတွက် တရားဝင် စတင် ဆွေးနွေးဖို့ ရှိပါတယ်။
Zawgyi Version
အသင္းေဖာ္ေဟာင္း ေရာ္နယ္ဒိုရဲ႕ ခါးသီးၿပိဳင္ဘက္ မန္စီးတီးအသင္းသို႔ အေျပာင္းအေ႐ြ႕ႏွင့္ပက္သက္ၿပီး ယူနိုက္တက္ ဂႏၲဝင္တိုက္စစ္မႉး ဝိန္း႐ြန္းေနမွ မွတ္ခ်က္ေပး ေျပာၾကားခဲ့ပါတယ္။ ေရာ္နယ္ဒိုနဲ႕ ဝိန္းတို႔ဟာ ယူနိုက္တက္မွာ ေၾကာက္မက္ဖြယ္ တိုက္စစ္အတြဲအျဖစ္ ပရိတ္သတ္မ်ားရဲ႕ အခ်စ္ေတြကို သိမ္းပိုက္ခဲ့ၾကသူေတြပါ။
ဝိန္း႐ြန္းေနက “ခရစ္စီယာနိုေရာ္နယ္ဒိုဟာ ယူနိုက္တက္ရဲ႕ အရမ္းေကာင္းတဲ့ အေမြအႏွစ္တစ္ခုပါ ၿပီးေတာ့ ခရစ္စီယာနိုအေနနဲ႕ ကစားသမားတစ္ေယာက္အေနနဲ႕ေကာ သာမန္လူတစ္ေယာက္အေနနဲ႕ ေကာ ဘယ္ေလာက္ဂုဏ္ယူေနမလဲ ဆိုသာ ကြၽန္ေတာ္သိပါတယ္ ၿပီးေတာ့သူ စီးတီး ကိုသြားမယ္လို႔မထင္မိပါဘူး ဒါေပမယ့္ ေဘာလုံးအားကစားမွာ ဘာမဆိုျဖစ္နိုင္ပါတယ္”
“ယူနိုက္တက္မွာေကာ မန္စီးတီး မွာပါ ကစားခဲ့ဖူးသူေတြရွိပါတယ္ ဒါေပမယ့္ အဲ့ကစားသမားေတြဟာ ခရစ္စီယာနိုရဲ႕ အဆင့္ကိုဘယ္သူမွလိုက္မမွီခဲ့တဲ့သူေတြပါ သိသာထင္ရွားတဲ့သူေတြေျပာရမယ္ဆိုရင္ ပီတာရွမိုက္ကယ္ အန္ဒီကိုးလ္တို႔ေပါ့ ဒါေပမယ့္ ခရီစီယာနိုအတြက္ မန္စီးတီးတစ္ခုထဲကပဲ ေ႐ြးခ်ယ္စရာရွိေနတယ္လို႔ ကြၽန္ေတာ္မထင္ပါဘူး
“မင္းက မင္းအတြက္ေရာ မင္းမိသားစုအတြက္ေကာ သင့္ေတာ္တဲ့အရာကို လုပ္ဖို႔လိုအပ္မယ္လို႔ငါထင္ပါတယ္။ငါကေတာ့ လီဗာပူး ဒါမွမဟုတ္ မန္ခ်က္စတာစီးတီး အတြက္ ဘယ္ေတာ့မွမကစားနိုင္ဘူးဆိုတာ လူတိုင္းသိပါတယ္ ဒီအရာေတြက သိသာထင္ရွားေပမယ့္ လူတစ္ေယာက္နဲ႕တစ္ေယာက္မတူညီနိုင္ပါဘူး” လို႔ေျပာၾကားခဲ့ပါတယ္။
မန္ခ်က္စတာ စီးတီးအသင္းဟာ ေရာ္နယ္ဒိုကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္၂၅သန္းထဲနဲ႕ ေခၚယူနိုင္ေၾကာင္း ေအးဂ်င့္ ေဂ်ာ့စ္မန္ဒက္ဆီမွ ခ်ိတ္ဆက္မႈ ရရွိထားတာေၾကာင့္ နည္းျပ ဂြာဒီယိုလာရဲ႕ ခြင့္ျပဳခ်က္ ရရွိပါက ေရာ္နယ္ဒိုရဲ႕ အေျပာင္းအေ႐ႊ႕ အတြက္ တရားဝင္ စတင္ ေဆြးေႏြးဖို႔ ရွိပါတယ္။