Unicode Version
ရော်နယ်ဒို ဟာ ဂျူဗင်တပ် ကထွက်ခွာချင်နေသလို ဂျူဗင်ကလဲ စီးပွားရေးအခက်အခဲတွေရှိနေလို့ ရော်နယ်ဒိုကို ရောင်းချချင်ပါတယ်။ ဒါကြောင့် ဂျူဗငိတပ် အနေနဲ့ လစာကို လျော့ချတာအပြင် ပြောင်းရွှေ့ကြေး ယူရို ၂၅ သန်းခန့်အလိုရှိနေတာလဲဖြစ်ပါတယ်။
ဟာရီကိန်းကိုခေါ်မရတော့တဲ့အပြင် တိုက်စစ်မှုးလဲ ဈေးကွက်ထဲနည်းသွားလို့ မန်စီးတီးဟာ တိုက်စစ်မှုးတစ်ယောက်လိုနေချိန်မှာ
ဂျော့မန်ဒက်ရဲ့ကမ်းလှမ်းမှုနဲ့တိုးပါတယ်။ ဂျော့မန်ဒက်စ် ( ရော်နယ်ဒို အေးဂျင့် ) ဟာ မန်ယူနိက်တက် ၊ မန်စီးတီး ၊ ပီအက်စ်ဂျီ အစရှိတဲ့ ၃ သင်းကို ကမ်းလှမ်းခဲ့ပါတယ်။
ဒီထဲမှာ မန်စီးတီးတသင်းက သိသိသာသာ ဖိအားပေး ကြိုးစားခဲ့ပြီးတော့ ကျန် ၂ သင်းကတော့ ကမ်းလှမ်းမှုမလုပ်ခဲ့ပါဘူး။ ဒါပေမဲ့ မန်စီးတီးဟာလဲ အလွတ်သာလိုချင်နေပုံရပါတယ်။ သို့ပေမယ့် ဂျူဗင်တပ်က က အလွတ်ပေးမပြောင်းပဲ ပြောင်းရွှေ့ကြေး သို့မဟုတ် ဂျီးဆပ်ကို အလိုက်ပေးဆိုပြီး တောင်းဆိုပါတယ်။
ဂျူဗင်တပ် နဲ့ မန်စီးတီး ကြား ဆွေးနွေးနေချိန်နဲ့တပြိုင်တည်းမှာပဲ မန်စီးတီးကတာဝန်ရှိသူတွေနဲ့ ဂျော့မန်ဒက်တို့ ဆွေးနွေးပြီး နစ်ဖက်လုံးက မီးစိမ်းပြထားပါတယ်။ ဒါကြောင့် အလွန်နီးစပ်လာပြီး အဓိကအနေနဲ့ မန်စီးတီးနဲ့ ဂျူဗင်တပ်ကြား သဘောတူညီမှု တစ်ခုသာရဖို့လိုပါတော့တယ်။
Zawgyi Version