Spots news
ဘာပေအတွက် ‌နောက်ဆုံးအကြိမ် နောက်ဆုံးဈေးဖြင့် ရီးရဲလ်ကမ်းလှမ်းတော့မည်
Unicode Version
ရီးရဲလ် မက်ဒရစ်အသင်းဟာ ပီအက်စ်ဂျီ တိုက်စစ်မှူး အမ်ဘာပေကို စျေးကွက်မပိတ်သိမ်းခင်မှာ နောက်ဆုံး ပေးနိုင်သော ကမ်းလှမ်းမှုတစ်ရပ်အဖြစ် ယူရိုသန်း ၁၇၀ +အပိုဆုကြေး ၁၀ သန်းနဲ့ နောက်ဆုံးအကြိမ် တရားဝင် ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒီနွေရာသီမှာ ‌‌ နောက်ခံကစားသမား ဒေးဗစ်အလာဘာ ကိုသာ ခေါ်ယူထားပြီး နောက်စျေးကွက် မသိမ်းခင်မှာ အသင်းရဲ့ အဓိကပစ်မှတ် ဘာပေကိုပါ ထပ်မံခေါ်ယူနိုင်ဖို့ ပိုမိုကြိုးစားလာတာပါ။ ဘာပေကလဲ ရီးရဲလ်မက်ဒရစ် အသင်းဆီကို ပြောင်းရွေ့ဖို့ ပီအက်စ်ဂျီအသင်းကို ဖိအားပေးနေပါတယ်။
ဘာပေဟာ ၂၀၁၇ခုနှစ်က မိုနာကိုအသင်းကနေ ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ ပြည်တွင်းဆုဖလားအားလုံး ရယူနိုင်ခဲ့သလို ပြင်သစ်လက်ရွေးစင်အသင်းနဲ့လည်း ၂၀၁၈ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ထားခဲ့ပါတယ်။
အသက် ၂၂ အရွယ်သာ ရှိသေးပေမယ့် ပြိုင်ပွဲစုံ ၁၇၄ ပွဲမှာ သွင်းဂိုး ၁၃၃ ဂိုးအထိကို သွင်းယူထားနိုင်ခဲ့ပြီး ပီအက်စ်ဂျီရဲ့ အဓိက ဂိုးသွင်းစက်ဖြစ်ပေမယ့် အသင်းနဲ့ စာချုပ်သက်တမ်း တိုးမြှင့်ဖို့ကို အကြိမ်ကြိမ် ငြင်းဆန်လို့ ထားတာကြောင့် ဒီစျေးကွက်အတွင်းမှာပဲ အသင်းနဲ့ လမ်းခွဲရဖို့က နီးစပ်လာခဲ့ရတာ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ် အသင်းကတော့ ဘာပေကို အရခေါ်ယူဖို့အတွက် ဒီကနေ့မှာပဲ ဆွေးနွေးမှုတွေကို လုပ်ဆောင် သွားဖွယ် ရှိနေပြီး ပြောင်းရွှေ့ကြေးအဖြစ် ယူရိုသန်း ၁၇၀ အပါအဝင် အပိုဆုကြေး ယူရို ၁၀ သန်းနဲ့ နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ကမ်းလှမ်းဖွယ် ရှိတယ်လို့ သိရှိရပါတယ်။
Zawgyi Version
ရီးရဲလ်မက်ဒရစ်အသင်းဟာ ပီအက်စ်ဂျီ တိုက်စစ်မှူး အမ်ဘာပေကို ဈေးကွက်မပိတ်သိမ်းခင်မှာ နောက်ဆုံး ပေးနိုင်သော ကမ်းလှမ်းမှုတစ်ရပ်အဖြစ် ယူရိုသန်း ၁၇၀ +အပိုဆုကြေး ၁၀ သန်းနဲ့ နောက်ဆုံးအကြိမ် တရားဝင် ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေပါတယ်။
ဘာပေဟာ ၂၀၁၇ခုနှစ်ကမ မိုနာကိုအသင်းကနေ ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ ပြည်တွင်းဆုဖလားအားလုံး ရယူနိုင်ခဲ့သလို ပြင်သစ်လက်ရွေးစင်အသင်းနဲ့လည်း ၂၀၁၈ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ထားခဲ့ပါတယ်။
အသက် ၂၂ အရွယ်သာ ရှိသေးပေမယ့် ပြိုင်ပွဲစုံ ၁၇၄ ပွဲမှာ သွင်းဂိုး ၁၃၃ ဂိုးအထိကို သွင်းယူထားနိုင်ခဲ့ပြီး ပီအက်စ်ဂျီရဲ့ အဓိက ဂိုးသွင်းစက်ဖြစ်ပေမယ့် အသင်းနဲ့ စာချုပ်သက်တမ်း တိုးမြှင့်ဖို့ကို အကြိမ်ကြိမ် ငြင်းဆန်လို့ထားတာကြောင့် ဒီဈေးကွက်အတွင်းမှာပဲ အသင်းနဲ့ လမ်းခွဲရဖို့က နီးစပ်လာခဲ့ရတာ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းကတော့ ဘာပေကို အရခေါ်ယူဖို့အတွက် ဒီကနေ့မှာပဲ ဆွေးနွေးမှုတွေကို လုပ်ဆောင်သွားဖွယ် ရှိနေပြီး ပြောင်းရွှေ့ကြေးအဖြစ် ယူရိုသန်း ၁၇၀ အပါအဝင် အပိုဆုကြေး ယူရို ၁၀ သန်းနဲ့ နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ကမ်းလှမ်းဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။