Spots news

အာဆင်နယ်နဲ့ ပွဲစဉ်မှာ မန်စီးတီးကွင်းလယ်ကစားသမား ဒီဘရိုင်း ပါဝင်မှာမဟုတ်

Unicode Version

မန်စီးတီးအသင်းရဲ့ အဓိကကွင်းလယ်ကစားသမား ဒီဘရိုင်းဟာ ယခုအပတ် ကစားမယ့် အာဆင်နယ်နှင့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်စီးတီးအတွက် ပါဝင်ကစားနိုင်မှာ မဟုတ်ကြောင်း ဘယ်ဂျီယံအသင်း မန်နေဂျာ ရော်ဘတ်တို မာတီနက်ဇ်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဒီဘရိုင်းဟာ ယူရို ၂၀၂၁ မှာ ဘယ်ဂျီယံလက်‌ရွေးစင် အသင်းအတွက်ကစားရင်း ခြေကျင်းဝတ်အရွတ် ဒဏ်ရာရရှိခဲ့ပြီး မိခင်ကလပ် မန်စီးတီးအသင်းရဲ့ ရာသီကြိုခြေစမ်းပွဲများကို လွဲချော်ခဲ့ရပါတယ်။ သို့ပေမယ့် ဒီဘရိုင်းဟာ ပရီးမီးယားလိဂ် ဘောလုံးရာသီအဖွင့်ပွဲစဉ်အဖြစ် စပါးကို ၁-၀ ဖြင့် ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ပွဲချိန် ၁၆ မိနစ်ခန့် ဝင်ရောက်ကစားခဲ့ပါတယ်။

ဒီဘရိုင်းရဲ့ ပွဲကစားနိုင်ရန် အခွင့်အလမ်းနှင့်ပတ်သက်ပြီး မာတီနက်ဇ်က “ဒီဘရိုင်းဟာ မန်စီးတီးနဲ့ အာဆင်နယ်ပွဲမှာ ဝင်ကစားနိုင်မှာ မဟုတ်ဘူး။ သူဟာ စပါးနဲ့ပွဲမှာ ဝင်ကစားခဲ့ပေမယ့် ပွဲပြီးတော့ ခြေကျင်းဝတ်မှာ နာကျင်မှု ခံစားနေရပါတယ်။ ဒီတစ်ပတ်မှာတော့ သူ ပွဲပါဝင်ကစားနိုင်မှာ မဟုတ်ဘူး။

သူ့ရဲ့ ဒဏ်ရာအခြေအနေ တိုးတက်မှုကို စောင့်ကြည့်ရမှာပါ။ ကစားသမားရဲ့ ကြံ့ခိုင်ရေးအတွက် အားလုံးပူးပေါင်း ဆောင်ရွက်ဖို့ လိုပါတယ်။ ဒီဘရိုင်းက ကြံ့ခိုင်မှုပြည့်ဝရေး အလုပ်ကို ကြိုးစားလုပ်ဆောင်နေပါတယ်။ လက်ရှိအချိန်မှာတော့ သူဟာ ၁၀၀ ရာခိုင်နှုန်း ကြံ့ခိုင်မှု မပြည့်ဝသေးပါဘူး” ဟု မာတီနက်ဇ်က ပြောဆိုခဲ့ပါတယ်။

မာတီနက်ဇ်ဟာ ယူရို ၂၀၂၁ ပြိုင်ပွဲမှာ မန်စီးတီးကြယ်ပွင့်ကစားသမားကို ကိုင်တွယ်ပုံနှင့်ပတ်သက်၍ ဝေဖန်ခြင်း ခံခဲ့ရသူပါ။ ဒီဘရိုင်းဟာ ယူရို ၂၀၂၁၊ ၁၆ သင်း ရှုံးထွက်အဆင့်မှာပဲ ခြေကျင်းဝတ်အရွတ် စုတ်ပြဲသည့် ဒဏ်ရာရရှိခဲ့သော်လည်း မာတီနက်ဇ်က ကွာတားဖိုင်နယ်မှာ ပွဲထွက်ကစားစေသည့်အပြင် ပွဲချိန်ပြည့်လည်း ကစားခိုင်းခဲ့ပါတယ်။

Zawgyi Version

မန္စီးတီးအသင္းရဲ႕ အဓိကကြင္းလယ္ကစားသမား ဒီဘရိုင္းဟာ ယခုအပတ္ ကစားမယ့္ အာဆင္နယ္ႏွင့္ ပရီးမီးယားလိဂ္ပြဲစဥ္မွာ မန္စီးတီးအတြက္ ပါဝင္ကစားနိုင္မွာ မဟုတ္ေၾကာင္း ဘယ္ဂ်ီယံအသင္း မန္ေနဂ်ာ ေရာ္ဘတ္တို မာတီနက္ဇ္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

ဒီဘရိုင္းဟာ ယူရို ၂၀၂၁ မွာ ဘယ္ဂ်ီယံလက္‌ေ႐ြးစင္ အသင္းအတြက္ကစားရင္း ေျခက်င္းဝတ္အ႐ြတ္ ဒဏ္ရာရရွိခဲ့ၿပီး မိခင္ကလပ္ မန္စီးတီးအသင္းရဲ႕ ရာသီႀကိဳေျခစမ္းပြဲမ်ားကို လြဲေခ်ာ္ခဲ့ရပါတယ္။ သို႔ေပမယ့္ ဒီဘရိုင္းဟာ ပရီးမီးယားလိဂ္ ေဘာလုံးရာသီအဖြင့္ပြဲစဥ္အျဖစ္ စပါးကို ၁-၀ ျဖင့္ ရႈံးနိမ့္ခဲ့တဲ့ပြဲမွာ ပြဲခ်ိန္ ၁၆ မိနစ္ခန႔္ ဝင္ေရာက္ကစားခဲ့ပါတယ္။

ဒီဘရိုင္းရဲ႕ ပြဲကစားနိုင္ရန္ အခြင့္အလမ္းႏွင့္ပတ္သက္ၿပီး မာတီနက္ဇ္က “ဒီဘရိုင္းဟာ မန္စီးတီးနဲ႕ အာဆင္နယ္ပြဲမွာ ဝင္ကစားနိုင္မွာ မဟုတ္ဘူး။ သူဟာ စပါးနဲ႕ပြဲမွာ ဝင္ကစားခဲ့ေပမယ့္ ပြဲၿပီးေတာ့ ေျခက်င္းဝတ္မွာ နာက်င္မႈ ခံစားေနရပါတယ္။ ဒီတစ္ပတ္မွာေတာ့ သူ ပြဲပါဝင္ကစားနိုင္မွာ မဟုတ္ဘူး။

သူ႕ရဲ႕ ဒဏ္ရာအေျခအေန တိုးတက္မႈကို ေစာင့္ၾကည့္ရမွာပါ။ ကစားသမားရဲ႕ ႀကံ့ခိုင္ေရးအတြက္ အားလုံးပူးေပါင္း ေဆာင္႐ြက္ဖို႔ လိုပါတယ္။ ဒီဘရိုင္းက ႀကံ့ခိုင္မႈျပည့္ဝေရး အလုပ္ကို ႀကိဳးစားလုပ္ေဆာင္ေနပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ သူဟာ ၁၀၀ ရာခိုင္ႏႈန္း ႀကံ့ခိုင္မႈ မျပည့္ဝေသးပါဘူး” ဟု မာတီနက္ဇ္က ေျပာဆိုခဲ့ပါတယ္။

မာတီနက္ဇ္ဟာ ယူရို ၂၀၂၁ ၿပိဳင္ပြဲမွာ မန္စီးတီးၾကယ္ပြင့္ကစားသမားကို ကိုင္တြယ္ပုံႏွင့္ပတ္သက္၍ ေဝဖန္ျခင္း ခံခဲ့ရသူပါ။ ဒီဘရိုင္းဟာ ယူရို ၂၀၂၁၊ ၁၆ သင္း ရႈံးထြက္အဆင့္မွာပဲ ေျခက်င္းဝတ္အ႐ြတ္ စုတ္ၿပဲသည့္ ဒဏ္ရာရရွိခဲ့ေသာ္လည္း မာတီနက္ဇ္က ကြာတားဖိုင္နယ္မွာ ပြဲထြက္ကစားေစသည့္အျပင္ ပြဲခ်ိန္ျပည့္လည္း ကစားခိုင္းခဲ့ပါတယ္။