Spots news

အင်္ဂလန်အသင်းအတွက် လိဒ်တိုက်စစ်မှူး ဘမ်းဖို့ဒ် ပထမဆုံးအကြိမါ ရွေးချယ်ခံရ

Unicode Version

လိဒ်ယူနိုက်တက်ရဲ့ တိုက်စစ်မှုး ပက်ထရစ်ဘမ်းဖိုဒ့်ကတော့ လိဒ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲစဉ်တွေ ယှဉ်ပြိုင်သွားရမယ့် အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပထမဆုံးအကြိမ် ရွေးချယ်ခံလိုက်ရပါတယ်။

ဘမ်းဖိုဒ့်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ လိဒ်စ်ယူနိုက်တက်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ စတင်ကစားခွင့် ရရှိခဲ့တာဖြစ်ပြီး မနှစ်က ရာသီအတွင်း ပရီးမီးယားလိဂ် ပြိုင်ပွဲ အတွက် သွင်းဂိုးပေါင်း ၁၇ ဂိုးအထိကို သွင်းယူကာ ‌ခြေစွမ်းပြသခဲ့သူ ဖြစ်ပါတယ်။

ဘမ်းဖိုဒ့်ဟာ ချယ်လ်ဆီးအသင်းရဲ့ ကစားသမားဟောင်း တစ်ဦးဖြစ်ပြီး လက်ရှိအချိန်မှာတော့ သူါကိုခေါ်ယူဖို့ စပါးအသင်း အပါအဝင် ကလပ်အသင်းများစွာကနေ ပစ်မှတ်ထားခဲ့ကြသလို ကမ္ဘာ့ဖလားခြေစစ်ပွဲတွေ ယှဉ်ပြိုင်သွားဖို့ ရှိနေတဲ့ အင်္ဂလန်အသင်းရဲ့ လူစာရင်းအတွင်းမှာပါရွေးချယ်ခံလိုက်ရပါတယ်။

အင်္ဂလန်အသင်းဟာ ဥရောပဇုန်ခြေစစ်ပွဲအဖြစ် ဟန်ဂေရီ အန်ဒိုရာ ပိုလန်အသင်းတွေနဲ့ ကစားရမှာဖြစ်ပြီး ဒီပွဲစဉ်တွေအတွက် လူစာရင်းကို ထုတ်ပြန်လာခဲ့ရာမှာ ဘမ်းဖိုဒ့်က ပထမဆုံးအကြိမ် ပါဝင်လာခဲ့သလို ဒဏ်ရာပြသာနာကြောင့် ယူရိုပြိုင်ပွဲနဲ့ လွဲချော်ထားခဲ့ရတဲ့ လီဗာပူးညာနောက်ခံကစားသမား အာနိုးမှာလည်း ပါဝင်လာခဲ့ပါတယ်။

ဒါ့အပြင် ယူရို-၂၀၂ဝမှာ ချန်လှပ်ခံခဲ့ရတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား ဂျက်ဆီလင်ဂတ်မှာလည်း ပြန်လည်ရွေးချယ်ခံထားရပါတယ်။ အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ပွဲစဉ် ၃ ပွဲအထိကို ယှဉ်ပြိုင်ကစားထားခဲ့ပြီးဖြစ်ကာ ၃ ပွဲလုံးကို အနိုင်ရထားခဲ့ပါတယ်

Zawgyi Version

လိဒ္ယူနိုက္တက္ရဲ႕ တိုက္စစ္မႈး ပက္ထရစ္ဘမ္းဖိုဒ့္ကေတာ့ လိဒ္အသင္းနဲ႕အတူ ပရီးမီးယားလိဂ္မွာ ေျခစြမ္းေကာင္းေတြ ျပသနိုင္ခဲ့တာေၾကာင့္ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ ေျခစစ္ပြဲစဥ္ေတြ ယွဥ္ၿပိဳင္သြားရမယ့္ အဂၤလန္လက္ေ႐ြးစင္အသင္းအတြက္ ပထမဆုံးအႀကိမ္ ေ႐ြးခ်ယ္ခံလိုက္ရပါတယ္။

ဘမ္းဖိုဒ့္ဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီကမွ လိဒ္စ္ယူနိုက္တက္အသင္းနဲ႕အတူ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ စတင္ကစားခြင့္ ရရွိခဲ့တာျဖစ္ၿပီး မႏွစ္က ရာသီအတြင္း ပရီးမီးယားလိဂ္ ၿပိဳင္ပြဲ အတြက္ သြင္းဂိုးေပါင္း ၁၇ ဂိုးအထိကို သြင္းယူကာ ‌ေျခစြမ္းျပသခဲ့သူ ျဖစ္ပါတယ္။

ဘမ္းဖိုဒ့္ဟာ ခ်ယ္လ္ဆီးအသင္းရဲ႕ ကစားသမားေဟာင္း တစ္ဦးျဖစ္ၿပီး လက္ရွိအခ်ိန္မွာေတာ့ သူါကိုေခၚယူဖို႔ စပါးအသင္း အပါအဝင္ ကလပ္အသင္းမ်ားစြာကေန ပစ္မွတ္ထားခဲ့ၾကသလို ကမာၻ႔ဖလားေျခစစ္ပြဲေတြ ယွဥ္ၿပိဳင္သြားဖို႔ ရွိေနတဲ့ အဂၤလန္အသင္းရဲ႕ လူစာရင္းအတြင္းမွာပါေ႐ြးခ်ယ္ခံလိုက္ရပါတယ္။

အဂၤလန္အသင္းဟာ ဥေရာပဇုန္ေျခစစ္ပြဲအျဖစ္ ဟန္ေဂရီ အန္ဒိုရာ ပိုလန္အသင္းေတြနဲ႕ ကစားရမွာျဖစ္ၿပီး ဒီပြဲစဥ္ေတြအတြက္ လူစာရင္းကို ထုတ္ျပန္လာခဲ့ရာမွာ ဘမ္းဖိုဒ့္က ပထမဆုံးအႀကိမ္ ပါဝင္လာခဲ့သလို ဒဏ္ရာျပသာနာေၾကာင့္ ယူရိုၿပိဳင္ပြဲနဲ႕ လြဲေခ်ာ္ထားခဲ့ရတဲ့ လီဗာပူးညာေနာက္ခံကစားသမား အာနိုးမွာလည္း ပါဝင္လာခဲ့ပါတယ္။

ဒါ့အျပင္ ယူရို-၂၀၂ဝမွာ ခ်န္လွပ္ခံခဲ့ရတဲ့ မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ ကြင္းလယ္ကစားသမား ဂ်က္ဆီလင္ဂတ္မွာလည္း ျပန္လည္ေ႐ြးခ်ယ္ခံထားရပါတယ္။ အဂၤလန္အသင္းဟာ ကမာၻ႔ဖလားေျခစစ္ပြဲအျဖစ္ ပြဲစဥ္ ၃ ပြဲအထိကို ယွဥ္ၿပိဳင္ကစားထားခဲ့ၿပီးျဖစ္ကာ ၃ ပြဲလုံးကို အနိုင္ရထားခဲ့ပါတယ္