Spots news

ထိပ်တန်းလိဂ်ထဲ ၅ခုထဲ လီဂူးမပါ‌သောကြောင့် မက်ဆီနဲ့ ရာမိုစ့်တို့ တဆင့်နိမ့်သွားရ

Unicode Version

ဥရောပဘောလုံးအဖွဲ့ချုပ်ဟာ ပြီးခဲ့တဲ့ရက်အတွင်းက ဥရောပလိဂ်တွေရဲ့ အဆင့်သတ်မှတ်ချက်ကို ထုတ်ပြန်ခဲ့ရာမှာတော့ ထိပ်တန်းလိဂ် ၅ ခုမှာ ပြင်သစ်လိဂ် မပါဝင်တော့ဘဲ ပေါ်တူဂီလိဂ်က

အစားထိုးဝင်ရောက်ခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။ ပေါ်တူဂီလိဂ်ဟာ အဆင့် ၅ နေရာကို ရောက်ရှိလာခဲ့ပြီး အကြောင်းရင်းတော့ မိုနာကိုတို့ ချန်ပီယံလိဂ် ခြေစစ်ပွဲပလေးအော့ အဆင့်မှာ အရေးနိမ့်ခဲ့တာကြောင့်လို့ သိရပါတယ်။

မိုနာကိုသာ အနိုင်ရခဲ့မယ်ဆိုရင် အဆင့် ၅ နေရာမှာ ဆက်လက် ရပ်တည်နိုင်မှာ ဖြစ်ပေမယ့် အရေးနိမ့်လို့ ပြင်သစ်လိဂ်ဟာ အဆင့် ၆ နေရာကို ရောက်ရှိသွားခဲ့ပါတယ်။ ဒီအတွက်ကြောင့် နာမည်ကျော် ကစားသမား အများအပြားကို

ပိုင်ဆိုင်ထားပြီး ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့ ရည်မှန်းနေတဲ့ ပီအက်စ်ဂျီလို အသင်းမျိုးရှိနေပေမယ့် အဆင့် ၅ ပြင်ပကို ရောက်ခဲ့ရတာက စိတ်ပျက်စရာလည်း ဖြစ်ခဲ့ရပါတယ်။

အဆင့်သတ်မှတ်ချက် အတိုင်း ပြောရမယ်ဆိုရင်တော့ မက်ဆီ၊ ရာမို့စ်၊ နေမာ၊ ဘတ်ပီ၊ ဗာရက်တီ၊ မာကွင်ဟို့စ်၊ ဒွန်နာရမ်မာ၊ ဒီမာရီယာတို့လို ထိပ်တန်း ကစားသမားတွေဟာ ထိပ်တန်းလိဂ် ၅ ခုအတွင်း ဝင်ရောက် ကစားနေရတာ

မဟုတ်တော့ဘူးဆိုတဲ့ အဓိပ္ပာယ်လည်းဖြစ်ခဲ့ရပါတယ်။ ဘောလုံးလောကရဲ့ စွမ်းဆောင်ရည်တွေကို ပြောဆိုနှိုင်းယှဉ်ရာမှာ များသောအားဖြင့် ထိပ်တန်းလိဂ် ၅ ခုကိုသာ ရည်ညွှန်းလေ့ရှိနေတာလည်းဖြစ်ပါတယ်။

မက်ဆီ၊ ရာမို့စ်တို့လိုကစားသမားတွေကတော့ အသင်းသစ်ကိုရောက်ပြီး ပွဲထွက်ကစားခြင်းမရှိသေးခင်မှာပဲ နေရင်းထိုင်ရင်း ထိပ်တန်းလိဂ် ၅ ခု ပြင်ပရောက် ကစားသမားတွေဖြစ်သွားခဲ့ပါတယ်။

ဘင်ဖီကာ၊ ပေါ်တို၊ စပို့တင်းလစ္စဘွန်းတို့လို အစဉ်အလာကြီးတဲ့ ပေါ်တူဂီကလပ်တွေရှိနေတဲ့ ပေါ်တူဂီလိဂ်ကတော့ အဆင့်သတ်မှတ်ချက်အရ ဥရောပထိပ်သီးလိဂ် ၅ ခု အတွင်း နှစ်ပေါင်းများစွာကြာမြင့်အပြီးမှာ ပြန်လည်ဝင်ရောက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

Zawgyi Version

ဥေရာပေဘာလုံးအဖြဲ႕ခ်ဳပ္ဟာ ၿပီးခဲ့တဲ့ရက္အတြင္းက ဥေရာပလိဂ္ေတြရဲ႕ အဆင့္သတ္မွတ္ခ်က္ကို ထုတ္ျပန္ခဲ့ရာမွာေတာ့ ထိပ္တန္းလိဂ္ ၅ ခုမွာ ျပင္သစ္လိဂ္ မပါဝင္ေတာ့ဘဲ ေပၚတူဂီလိဂ္က

အစားထိုးဝင္ေရာက္ခဲ့တာကို ေတြ႕ရွိခဲ့ရပါတယ္။ ေပၚတူဂီလိဂ္ဟာ အဆင့္ ၅ ေနရာကို ေရာက္ရွိလာခဲ့ၿပီး အေၾကာင္းရင္းေတာ့ မိုနာကိုတို႔ ခ်န္ပီယံလိဂ္ ေျခစစ္ပြဲပေလးေအာ့ အဆင့္မွာ အေရးနိမ့္ခဲ့တာေၾကာင့္လို႔ သိရပါတယ္။

မိုနာကိုသာ အနိုင္ရခဲ့မယ္ဆိုရင္ အဆင့္ ၅ ေနရာမွာ ဆက္လက္ ရပ္တည္နိုင္မွာ ျဖစ္ေပမယ့္ အေရးနိမ့္လို႔ ျပင္သစ္လိဂ္ဟာ အဆင့္ ၆ ေနရာကို ေရာက္ရွိသြားခဲ့ပါတယ္။ ဒီအတြက္ေၾကာင့္ နာမည္ေက်ာ္ ကစားသမား အမ်ားအျပားကို

ပိုင္ဆိုင္ထားၿပီး ခ်န္ပီယံလိဂ္ဖလားကို ဆြတ္ခူးနိုင္ဖို႔ ရည္မွန္းေနတဲ့ ပီအက္စ္ဂ်ီလို အသင္းမ်ိဳးရွိေနေပမယ့္ အဆင့္ ၅ ျပင္ပကို ေရာက္ခဲ့ရတာက စိတ္ပ်က္စရာလည္း ျဖစ္ခဲ့ရပါတယ္။

အဆင့္သတ္မွတ္ခ်က္ အတိုင္း ေျပာရမယ္ဆိုရင္ေတာ့ မက္ဆီ၊ ရာမို႔စ္၊ ေနမာ၊ ဘတ္ပီ၊ ဗာရက္တီ၊ မာကြင္ဟို႔စ္၊ ဒြန္နာရမ္မာ၊ ဒီမာရီယာတို႔လို ထိပ္တန္း ကစားသမားေတြဟာ ထိပ္တန္းလိဂ္ ၅ ခုအတြင္း ဝင္ေရာက္ ကစားေနရတာ

မဟုတ္ေတာ့ဘူးဆိုတဲ့ အဓိပၸာယ္လည္းျဖစ္ခဲ့ရပါတယ္။ ေဘာလုံးေလာကရဲ႕ စြမ္းေဆာင္ရည္ေတြကို ေျပာဆိုႏွိုင္းယွဥ္ရာမွာ မ်ားေသာအားျဖင့္ ထိပ္တန္းလိဂ္ ၅ ခုကိုသာ ရည္ၫႊန္းေလ့ရွိေနတာလည္းျဖစ္ပါတယ္။

မက္ဆီ၊ ရာမို႔စ္တို႔လိုကစားသမားေတြကေတာ့ အသင္းသစ္ကိုေရာက္ၿပီး ပြဲထြက္ကစားျခင္းမရွိေသးခင္မွာပဲ ေနရင္းထိုင္ရင္း ထိပ္တန္းလိဂ္ ၅ ခု ျပင္ပေရာက္ ကစားသမားေတြျဖစ္သြားခဲ့ပါတယ္။

ဘင္ဖီကာ၊ ေပၚတို၊ စပို႔တင္းလစၥဘြန္းတို႔လို အစဥ္အလာႀကီးတဲ့ ေပၚတူဂီကလပ္ေတြရွိေနတဲ့ ေပၚတူဂီလိဂ္ကေတာ့ အဆင့္သတ္မွတ္ခ်က္အရ ဥေရာပထိပ္သီးလိဂ္ ၅ ခု အတြင္း ႏွစ္ေပါင္းမ်ားစြာၾကာျမင့္အၿပီးမွာ ျပန္လည္ဝင္ေရာက္နိုင္ခဲ့တာလည္းျဖစ္ပါတယ္။