Spots news
Breaking : ရော်နယ်ဒိုကို​ မန်စီးတီးနဲ့အပြိုင် ​ခေါ်ယူဖို့ ကြိုးစားလာပြီ ဖြစ်တဲ့ မန်ယူ
Unicode Version
ရော်နယ်ဒိုအတွက် မန်ချက်စတာ ဒါဘီ စတင်နေပါပြီ ။ နောက်ဆုံးရရှိလာတဲ့ သတင်းအရ ရေယ်နယ်ဒိုရဲ့ အသင်းဟောင်း မန်ချက်စတာယူနိုက်တက်ကလဲ သူတို့အသင်းရဲ့ ကစားသမားကို မန်စီးတီးနဲ့ အပြိုင်ရယူဖို့ ကြိူးပမ်းလာပြီး ခရစ္စတီယာနိုရော်နယ်ဒိုအတွက် အေးဂျင့် ‌ဂျော့မန်းဒက်စ် နဲ့လည်း ဆက်သွယ်နေပါတယ်။
ရော်နယ်ဒိုရဲ့ အေးဂျင့်ဖြစ်သူ ဂျော့မန်းဒက်စ်ဟာ ခရစ်စတီယာနိုရော်နယ်ဒို အတွက် မန်စီးတီး နှင့်စကားပြောခဲ့ပါတယ်။ နှုတ်ဖြင့်သာပြောဆိုခဲ့တယ်လို့သိရပါတယ်။ ဂျူဗင်တပ်သို့တရားဝင်ကမ်းလှမ်းမှုမရှိသေးပါ၊ ထို့ကြောင့်ဂွာဒီယိုလာက ဝေးကွာသောအရာများ ဟုပြောခဲ့ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒို အသင်ကို ပြန်လည်ရောက်ရှိဖို့ မနေ့ညကတည်းကမန်ယူဟာ ဂျော့မန်းဒက်စ် နှင့်တိုက်ရိုက် ဆက်သွယ်ခဲ့ပါတယ်။ ယခုမှာ‌တော့ ဘုတ်အဖွဲ့ရဲ့ သဘောတူညီမှု လစာ၊ ငွေကြေးကိစ္စ အလားအလာရှိသောစာချုပ်အကြောင်းပြောခဲ့ကြ ပါတယ်။
ယူနိုက်တက်နည်းပြဆိုးလ်ရှားကလဲ “ ခရစ်စတီယာနိုရော်နယ်ဒိုလား။ ငါတို့မှာကောင်းမွန်တဲ့ဆက်သွယ်ရေးရှိခဲ့တယ်။ ဘရူနိုကလဲ သူနှင့်လည်း အမြဲတမ်း အဆက်အသွယ် ရှိနေပါတယ်
သူတကယ်လို့ ဂျူဗင်တပ်က ထွက်ခွာမယ်ဆိုရင် ဘယ်ကိုလာရမလဲ သူသိပါတယ်။ ကျွန်တော်တို့ ရှိနေပါတယ် ” လို့ ပြောကြားခဲ့ပါတယ်။
Zawgyi Version