Spots news

ပေါ်တူဂီကနေ ဘောလုံးမကန်ရသေးပဲ မန်ယူအတွက် ပိုက်ဆံရှာပေးနေတဲ့ ရော်နယ်ဒို

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်း ရဲ့ ဂန္တဝင်ကစားသမား ခရစ်စတီယာနို ရော်နယ်ဒိုကို ဂျူဗင်တပ်အသင်းကနေ ပြန်လည်ခေါ်ယူပြီးနောက် ယူနိုက်တက်အသင်းရဲ့ ရှယ်ယာတန်ဖိုးဟာ ရှစ်ရာခိုင်နှုန်းခန့် ရုတ်တရက် တိုးတက်ခဲ့လာခဲ့ပါတယ်။

ဒေသစံတော်ချိန် သောကြာနေ့ညနေမှာ အသက် ၃၆ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ခရစ်စတီယာနို ရော်နယ်ဒိုဟာ ယူနိုက်တက်ရဲ့ အိုးထရက်ဖို့သို့ ပြန်လာ‌ တော့မည် ဖြစ်ကြောင်း ယူနိုက်တက်က တရားဝင် သတင်းထုတ်ပြန်ကြေငြာခဲ့ပြီး ထိုသတင်းကြောင့် မန်ချက်စတာ ယူနိုက်တက်ရဲ့ ရှယ်ယာတန်ကြေးများ မြင့်တက်ခဲ့ခြင်းဖြစ်ပါတယ်။

လက်ရှိအချိန်ထိ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားအဖြစ် အငြင်းပွားစရာမရှိ ရပ်တည်နေသတဲ့ ရော်နယ်ဒိုဟာ ဆိုရှယ်မီဒီယာမှာလဲ များစွာပေါ်ပြူလာဖြစ်နေပြီး ယူနိုက်တက်ကို ပြန်‌လည်ရောက်ရှိပြီး အင်စတာဂရမ် Followers ၃၃၄ သန်းထိ တက်လာခဲ့သလို တွစ်တာ Followers ၄၃.၁ သန်းမှ ၄၄.၃ သန်းသို့ မြင့်တက်ခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ယူနိုက်တက်မှာ ၂၀၀၃ မှ ၂၀၀၉ အထိကစားပြီး အောင်မြင်မှုများစွာ ရရှိခဲ့ပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံ သုံးကြိမ်၊ ချန်ပီယံလိဂ် တစ်ကြိမ်၊ လိဂ်ဖလားနှင့် အက်ဖ်အေဖလား တစ်ကြိမ်စီကို ရရှိခဲ့ပြီး ရော်နယ်ဒိုသည် အသင်းအတွက် ၂၉၂ ပွဲကစားပြီး ၁၁၈ ဂိုးသွင်းယူနိုင်ခဲ့သည်။

ယူနိုက်တက်ဟာ ရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့အတွက် ကနဦးပြောင်းရွှေ့ကြေး ပေါင် ၁၂.၈ သန်းနှင့် အခြားခြေစွမ်းအလိုက် ထပ်ဆောင်းငွေ ပေါင် ၇ သန်း၊ ဂျူဗင်တပ်စ်ကိုပေးရန် သဘောတူညီခဲ့ပါတယ်။

Zawgyi Version




