Spots news

ဘာပေရဲ့နေရာမှာ ဟာလန်းကို အစားထိုးဖို့ ပြင်ဆင်နေတဲ့ ပီအက်စ်ဂျီ

Unicode Version

ပီအက်စ်ဂျီအသင်းဟာ ယခု နွေရာသီ အပြောင်းအရွေ့အတွင်း စပိန် အင်အားကြီးကလပ် ရီးရဲလ်မက်ဒရစ် အသင်းထံ ပြောင်းရွေ့ဖို့ အလို‌ရှိနေတဲ့ တိုက်စစ်မှူး အမ်ဘာပေရဲ့နေရာကို အစားထိုးဖို့ဒေါ့မွန်အသင်းရဲ့ နော်ဝေလူငယ် တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူဖို့ ဆက်သွယ်မှုများ ပြုလုပ်လျက် ရှိပါတယ်။

အသက် ၂၂နှစ် အရွယ် ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့သလို အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့လည်း ငြင်းဆိုထားတဲ့ ကစားသမား တဦး ဖြစ်ပြီး လာလီဂါ အင်အားကြီးကလပ် ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ချင်နေသူပါ။

တဖက်မှာလည်း ရီးရဲလ်မက်ဒရစ်အသင်းဟာ အမ်ဘာပေ အတွက် ပီအက်စ်ဂျီအသင်းထံ တရားဝင် ကမ်းလှမ်းမှု ၂ကြိမ် ပြုလုပ်ထားပြီး ဒုတိယအကြိမ် ကမ်းလှမ်းမှုဟာ ယူရို ၁၈၀သန်း အထိ တန်ကြေး ရှိတာကြောင့် ပီအက်စ်ဂျီအသင်းဟာ အမ်ဘာပေကို လက်လွှတ်ဖို့ စဉ်းစားနေပါတယ်။

ပြင်သစ် အခြေစိုက် သတင်းဌာနတွေ ကတော့ ပီအက်စ်ဂျီအသင်းဟာ အမ်ဘာပေကို လက်လွှတ်ရပါက ပူပူနွေးနွေး ၂၀၂၀-၂၀၂၁ ချန်ပီယံလိဂ် ဘောလုံးရာသီရဲ့ အကောင်းဆုံး တိုက်စစ်မှူးဆုရှင် ဟာလန်းကို ခေါ်ယူဖို့ ပြင်ဆင်နေပြီး ဟာလန်းအတွက် ပထမဦးဆုံး အကြိမ် တရားဝင် ကမ်းလှမ်းမှုကို ပြုလုပ်ဖို့ အဆင်သင့် ဖြစ်နေကြောင်း ဆိုပါတယ်။

ထွက်ပေါ်လာတဲ့ သတင်းတွေအရ ပီအက်စ်ဂျီအသင်းဟာ ဟာလန်းရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး ဟာလန်းရဲ့အေးဂျင့် ရိုင်းအိုလာထံ စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်နေကာ ဟာလန်းအတွက် ပြောင်းရွှေ့ကြေး ယူရို ၁၅၀သန်း ဝန်းကျင် အထိ ပေးချေနိုင်ဖွယ် ရှိကြောင်း သိရပါတယ်။

ဒေါ့မွန်အသင်းကတော့ ဟာလန်းကို ဒီနွေရာသီမှာ လက်လွှတ်လိုခြင်း မရှိပေမယ့် ပီအက်စ်ဂျီအသင်းကသာ ပြောင်းရွှေ့ကြေး ယူရို ၁၅၀သန်းနဲ့ ကမ်းလှမ်းလာပါက ဟာလန်းကို လက်လွှတ်ဖွယ် ရှိပြီး ဟာလန်းရဲ့နေရာ အတွက် အစားထိုး တိုက်စစ်မှူး တဦးကို စတင် ရှာဖွေနေကြောင်း ဂျာမန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။

Zawgyi Version

ပီအက္စ္ဂ်ီအသင္းဟာ ယခု ေႏြရာသီ အေျပာင္းအေ႐ြ႕အတြင္း စပိန္ အင္အားႀကီးကလပ္ ရီးရဲလ္မက္ဒရစ္ အသင္းထံ ေျပာင္းေ႐ြ႕ဖို႔ အလို‌ရွိေနတဲ့ တိုက္စစ္မႉး အမ္ဘာေပရဲ႕ေနရာကို အစားထိုးဖို႔ေဒါ့မြန္အသင္းရဲ႕ ေနာ္ေဝလူငယ္ တိုက္စစ္မႉး ဟာလန္းကို ေခၚယူဖို႔ ဆက္သြယ္မႈမ်ား ျပဳလုပ္လ်က္ ရွိပါတယ္။

အသက္ ၂၂ႏွစ္ အ႐ြယ္ ျပင္သစ္ လက္ေ႐ြးစင္ တိုက္စစ္မႉး အမ္ဘာေပဟာ ပီအက္စ္ဂ်ီအသင္းနဲ႕ စာခ်ဳပ္သက္တမ္း ၁ႏွစ္သာ က်န္ေတာ့သလို အသင္းနဲ႕ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔လည္း ျငင္းဆိုထားတဲ့ ကစားသမား တဦး ျဖစ္ၿပီး လာလီဂါ အင္အားႀကီးကလပ္ ရီးရဲလ္မက္ဒရစ္အသင္းထံ ေျပာင္းေ႐ႊ႕ခ်င္ေနသူပါ။

တဖက္မွာလည္း ရီးရဲလ္မက္ဒရစ္အသင္းဟာ အမ္ဘာေပ အတြက္ ပီအက္စ္ဂ်ီအသင္းထံ တရားဝင္ ကမ္းလွမ္းမႈ ၂ႀကိမ္ ျပဳလုပ္ထားၿပီး ဒုတိယအႀကိမ္ ကမ္းလွမ္းမႈဟာ ယူရို ၁၈၀သန္း အထိ တန္ေၾကး ရွိတာေၾကာင့္ ပီအက္စ္ဂ်ီအသင္းဟာ အမ္ဘာေပကို လက္လႊတ္ဖို႔ စဥ္းစားေနပါတယ္။

ျပင္သစ္ အေျခစိုက္ သတင္းဌာနေတြ ကေတာ့ ပီအက္စ္ဂ်ီအသင္းဟာ အမ္ဘာေပကို လက္လႊတ္ရပါက ပူပူေႏြးေႏြး ၂၀၂၀-၂၀၂၁ ခ်န္ပီယံလိဂ္ ေဘာလုံးရာသီရဲ႕ အေကာင္းဆုံး တိုက္စစ္မႉးဆုရွင္ ဟာလန္းကို ေခၚယူဖို႔ ျပင္ဆင္ေနၿပီး ဟာလန္းအတြက္ ပထမဦးဆုံး အႀကိမ္ တရားဝင္ ကမ္းလွမ္းမႈကို ျပဳလုပ္ဖို႔ အဆင္သင့္ ျဖစ္ေနေၾကာင္း ဆိုပါတယ္။

ထြက္ေပၚလာတဲ့ သတင္းေတြအရ ပီအက္စ္ဂ်ီအသင္းဟာ ဟာလန္းရဲ႕ အေျပာင္းအေ႐ႊ႕နဲ႕ ပတ္သတ္ၿပီး ဟာလန္းရဲ႕ေအးဂ်င့္ ရိုင္းအိုလာထံ စုံစမ္းေမးျမန္းမႈေတြ ျပဳလုပ္ေနကာ ဟာလန္းအတြက္ ေျပာင္းေ႐ႊ႕ေၾကး ယူရို ၁၅၀သန္း ဝန္းက်င္ အထိ ေပးေခ်နိဳင္ဖြယ္ ရွိေၾကာင္း သိရပါတယ္။

ေဒါ့မြန္အသင္းကေတာ့ ဟာလန္းကို ဒီေႏြရာသီမွာ လက္လႊတ္လိုျခင္း မရွိေပမယ့္ ပီအက္စ္ဂ်ီအသင္းကသာ ေျပာင္းေ႐ႊ႕ေၾကး ယူရို ၁၅၀သန္းနဲ႕ ကမ္းလွမ္းလာပါက ဟာလန္းကို လက္လႊတ္ဖြယ္ ရွိၿပီး ဟာလန္းရဲ႕ေနရာ အတြက္ အစားထိုး တိုက္စစ္မႉး တဦးကို စတင္ ရွာေဖြေနေၾကာင္း ဂ်ာမန္ အေျခစိုက္ သတင္းဌာနေတြက ေဖာ္ျပထားပါတယ္။