Spots news

ယူနိုက်တက် နောက်ခံလူ ဒါးလော့ကို ခေါ်ယူဖို့ ကမ်းလှမနေတဲ့ ဂျာမန်ထိပ်သီးနှစ်သင်း

Unicode Version

အသင်းမှာ ဒုတိယ ဦးစားပေး အဖြစ်သာ ပွဲထွက်ခွင့် ရရှိဖွယ် ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ညနောက်ခံလူ ဒါးလော့ကို ဘွန်ဒက်လီဂါ ကလပ် အသင်းကြီးတွေဖြစ်တဲ့ ဘိုင်ယန်မြူးနစ် နဲ့ ဒေါ့မွန်တို့က ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ စတင် ပြုလုပ်နေကြောင်း သိရပါတယ်။

ပေါ်တူဂီ လက်ရွေးစင် နောက်ခံလူ ဒါးလော့ဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် မရရှိခဲ့တာမို့ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အီတလီ စီးရီးအေကလပ် အေစီမီလန် အသင်းသို့ အငှားသွားရောက် ကစားခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့တာဖြစ်လို့ သူ့ကို ခေါ်ယူချင်တဲ့ အသင်းများစွာ ရှိနေပါတယ်။

ဒါးလော့ဟာ ယခုအချိန်မှာတော့ အေစီမီလန်နဲ့ စာချုပ်ကုန်ဆုံး၍ ယူနိုက်တက်ကို လာရောက်ပူးပေါင်း နေပြီ ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာ ယခင်ကထက် ပွဲကစားခွင့် ပိုမို ရရှိမယ်လို့ နည်းပြ ဆိုးလ်ရှားရဲ့ အာမခံချက်ကို ရရှိထားပေမယ့် ဝမ်ဘစ်ဆာကာရဲ့ နောက် ဒုတိယဦးစားပေး အဖြစ်သာ ပွဲထွက် ရဖွယ်ရှိနေတာပါ။

လက်ရှိမှာတော့ ဒေါ့မွန်နဲ့ ဘိုင်ယန်မြူးနစ် အသင်းတို့ဟာ အသက် ၂၂ အရွယ် နောက်ခံလူကို တရာသီအငှား + ရာသီကုန်မှာ အပြီးသတ် ခေါ်ယူခွင့်နဲ့ ခေါ်ယူဖို့ အတွက် ချိတ်ဆက်မှုတွေ ပြုလုပ်လာပြီး ဒေါ့မွန်အသင်းဟာ တရားဝင် ဆွေးနွေးမှု ပြုလုပ်နေကြောင်း သိရပါတယ်။

ယူနိုက်တက် အသင်းဟာ ဒါးလော့ အတွက် တရာသီ အငှားကြေး ယူရို ၅သန်း + ရာသီကုန်မှာ ယူရို ၂၀သန်းနဲ့ မဖြစ်မနေ ခေါ်ယူပါ့မယ် ဆိုတဲ့ အချက်တို့ ပါဝင်မှသာ လက်လွှတ်ဖွယ် ရှိနေပြီး ဒါးလော့ကို လက်လွှတ်ရပါက အက်သလက်တီကို ညာနောက်ခံလူ ထရစ်ပီယာကို ခေါ်ယူဖို့ စီစဉ်ထားပါတယ်။

Zawgyi Version

အသင္းမွာ ဒုတိယ ဦးစားေပး အျဖစ္သာ ပြဲထြက္ခြင့္ ရရွိဖြယ္ ရွိေနတဲ့ မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ ညေနာက္ခံလူ ဒါးေလာ့ကို ဘြန္ဒက္လီဂါ ကလပ္ အသင္းႀကီးေတြျဖစ္တဲ့ ဘိုင္ယန္ျမဴးနစ္ နဲ႕ ေဒါ့မြန္တို႔က ေခၚယူဖို႔ ခ်ိတ္ဆက္မႈေတြ စတင္ ျပဳလုပ္ေနေၾကာင္း သိရပါတယ္။

ေပၚတူဂီ လက္ေ႐ြးစင္ ေနာက္ခံလူ ဒါးေလာ့ဟာ ယူနိုက္တက္မွာ ပုံမွန္ပြဲထြက္ခြင့္ မရရွိခဲ့တာမို႔ ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာ အီတလီ စီးရီးေအကလပ္ ေအစီမီလန္ အသင္းသို႔ အငွားသြားေရာက္ ကစားခဲ့ၿပီး ေျခစြမ္းျပသနိုင္ခဲ့တာျဖစ္လို႔ သူ႕ကို ေခၚယူခ်င္တဲ့ အသင္းမ်ားစြာ ရွိေနပါတယ္။

ဒါးေလာ့ဟာ ယခုအခ်ိန္မွာေတာ့ ေအစီမီလန္နဲ႕ စာခ်ဳပ္ကုန္ဆုံး၍ ယူနိုက္တက္ကို လာေရာက္ပူးေပါင္း ေနၿပီ ျဖစ္ၿပီး ယခုႏွစ္ ေဘာလုံးရာသီမွာ ယခင္ကထက္ ပြဲကစားခြင့္ ပိုမို ရရွိမယ္လို႔ နည္းျပ ဆိုးလ္ရွားရဲ႕ အာမခံခ်က္ကို ရရွိထားေပမယ့္ ဝမ္ဘစ္ဆာကာရဲ႕ ေနာက္ ဒုတိယဦးစားေပး အျဖစ္သာ ပြဲထြက္ရဖြယ္ရွိေနတာပါ။

လက္ရွိမွာေတာ့ ေဒါ့မြန္နဲ႕ ဘိုင္ယန္ျမဴးနစ္အသင္းတို႔ဟာ အသက္ ၂၂ အ႐ြယ္ ေနာက္ခံလူကို တရာသီအငွား + ရာသီကုန္မွာ အၿပီးသတ္ ေခၚယူခြင့္နဲ႕ ေခၚယူဖို႔ အတြက္ ခ်ိတ္ဆက္မႈေတြ ျပဳလုပ္လာၿပီး ေဒါ့မြန္အသင္းဟာ တရားဝင္ ေဆြးေႏြးမႈ ျပဳလုပ္ေနေၾကာင္း သိရပါတယ္။

ယူနိုက္တက္အသင္းဟာ ဒါးေလာ့ အတြက္ တရာသီ အငွားေၾကး ယူရို ၅သန္း + ရာသီကုန္မွာ ယူရို ၂၀သန္းနဲ႕ မျဖစ္မေန ေခၚယူပါ့မယ္ ဆိုတဲ့ အခ်က္တို႔ ပါဝင္မွသာ လက္လႊတ္ဖြယ္ ရွိေနၿပီး ဒါးေလာ့ကို လက္လႊတ္ရပါက အက္သလက္တီကို ညာေနာက္ခံလူ ထရစ္ပီယာကို ေခၚယူဖို႔ စီစဥ္ထားပါတယ္။